Fact Check: ပြည်ခိုင်ဖြိုးအပါအဝင် ၁၆ ပါတီထုတ်ပြန်ချက်ဘာမှားနေသလဲ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုရေးပါတီ(USDP)ပါတီအပါအဝင် ၁၆ ပါတီက ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ပူးတွဲ ထုတ်ပြန်ချက်တစ်စောင် နိုဝင်ဘာ ၁၁ ထုတ်ပြန်ခဲ့ရာမှာ အမျိုးသား ဒီမိုက ရေစီအဖွဲ့ချုပ်(NLD)ပါတီကို အမေရိကန်က ဒေါ်လာသန်း ၉၅၀ ထောက်ပံ့ခဲ့ တယ်လို့ရေးသားခဲ့တာ တွေ့ရပါ တယ်။  နိုဝင်ဘာလ(၁၁)ရက်က USDP အပါအဝင် ပါတီ ၁၆ ခု ထုတ်ပြန်ချက်မှာပါတဲ့ အပိုဒ် ၁၂ အနက် အပိုဒ် ၇ မှာ အမေရိကန်က ကြားဖြတ်ရွေးကောက်ပွဲကနေစပြီး  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဒေါ်လာ သန်း ၉၅၀ ထောက်ပံ့ခဲ့တယ်လို့ ၂၀၁၉ ခုနှစ် ဧပြီ ၁၀ ရက်နေ့က အမေရိကန်သံအမတ်ကြီး စကော့မာစီရာက ပြောခဲ့တယ်လို့ ရေးသားထားပါတယ်။  ဒီထုတ်ပြန်ချက်ထုတ်ပြန်အပြီးမှာ လူမှုကွန်ယက် ပို့စ်အများစုမှာ “အမေရိကန်သံအမတ်ကိုယ်တိုင် […]

Continue Reading

Fact Check: – USDP ဉက္ကဌ ဦးသန်းဌေးနုတ်ထွက်တော့မယ်လို့ သတင်းမှား ဖြန့်ဝေနေ

ရွေးကောက်ပွဲရှုံးပြီးနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဉက္ကဌ ဦးသန်းဌေး နုတ်ထွက်တော့ မယ်လို့ ပြောကြားထားတဲ့ ဗွီဒီယိုတစ်ခု လူမှုကွန်ယက်မှာပျံ့နှံ့လျက်ရှိပြီး  ဒီဗွီဒီယိုကို လူမှုကွန်ယက်အသုံးပြုသူ သောင်းဂဏန်းက ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ဗွီဒီယိုထဲမှာ အရှုံးရလာဒ်ကို လက်ခံဖို့ပြောခဲ့တဲ့ ဦးရဲထွဋ်ပြောဆိုချက်ဟာ မပြောသင့်တာပြောတဲ့ ပါတီက ထုတ်ပယ်တယ်၊ ၂၀၂၀ ရွေးကောက်ပွဲအရှုံးကြောင့် သူကိုယ်တိုင်းလည်း ဦးသန်းဌေးက နုတ်ထွက်မှာ ဖြစ်တယ်ဆိုပြီးတော့ ပြောဆိုထားတာဖြစ်ပါတယ်။ ဒီဗွီဒီယိုပို့စ်အကြောင်းအရာဟာ မှန်ကန်မှုမရှိတာကို  Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ ပါတီပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဒေါ်နန်းမြမြမီမီဇော်ကလည်း သတင်းမှားဖြစ်ကြောင်း Fact Crescendo Myanmar ကို အတည်ပြုပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။ တူညီစွာရေးသားမျှထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb […]

Continue Reading

Fact Check: အင်းစိန်ထောင်ထဲမှာ ဦးဌေးအောင်အစာအဆိပ်သင့်တယ်ဆိုတဲ့ သတင်းအမှား

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-(က)နဲ့ တရားစွဲဆိုခံရပြီး အင်းစိန်အကျဉ်းထောင်တွင်းကနေ အမှုရင်ဆိုင်နေရတဲ့ ဦးဌေးအောင်ဟာ လက်ရှိအချိန်မှာတော့ အင်းစိန်ထောင်ထဲမှာ ကျန်းမာရေးမကောင်းပဲ အစာအဆိပ်သင့်တဲ့အခြေအနေမျိုးဖြစ်ခဲ့ရတယ်ဆိုတဲ့ သတင်းကို နိုဝင်ဘာလ ၁၆ရက်နေ့ကနေစတင်ပြီး ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေနေကြတာတွေ့ရပါတယ်။ ဒီလိုရေးသားဖော်ပြနေတဲ့ပို့စ်တွေမှာ “NLDအစိုးရအားဖြုတ်ချနိုင်သည်ဟုပြောသော ဦးဌေးအောင်သည် ထောင်ထဲတွင် အစာအဆိပ်သင့်မှုဖြစ်နေကြောင်း FBလူမှုကွန်ယက်တွင်တွေ့ရှိရ”ဆိုတဲ့ ခေါင်းစဉ်နဲ့ “ဦးဌေးအောင်သည် ၂၀၂၀ခုနှစ် ၈လပိုင်း ရွေးကောက်ပွဲမတိုင်မှီ လပိုင်းအလိုတွင် နိုင်ငံတော်ကို အကြည်အညိုပျက်စေမှုပုဒ်မ ၁၂၄(က)ဖြင့် အကျဉ်းချထားခြင်းခံရပြီး ယနေ့အထိအမှုစစ်ဆေးခြင်းအား ပွင့်လင်းမြင်သာစွာ ဆက်လက်ဆောင်ရွက်ခြင်းအား တွေ့ရှိရခြင်းမရှိသေး။”လို့ စသဖြင့်ရေးသားမျှဝေနေတာ တွေ့ရပါတယ်။ ဒီလိုရေးသားနေတာကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။ဒီအကြောင်းကို ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာတွေမှာ ပြန်လည်ကူးယူရေးသားနေတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB Link  |  Archive Link အချက်အလက်စစ်ဆေးချက် ဒီလိုရေးသားနေတွေနဲ့ပတ်သက်ပြီး တရားဝင်မီဒီအလုပ်ကို လုပ်ကိုနေတဲ့မီဒီယာတွေမှာ ဦးဌေးအောင်ရဲ့ […]

Continue Reading