Fact Check: ဒီဗွီဒီယိုက ၂၀၁၁ ခုနှစ် ဂျပန်ငလျင်က မှတ်တမ်းဗွီဒီယိုဖြစ်တယ်

တူရကီနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကို ကားပေါ်က မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုအဖြစ် ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ ၂၀၁၁ ခုနှစ် မတ်လအတွင်းက ဂျပန်နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ငလျင်က မှတ်တမ်းဖြစ်ပါတယ်။ တူရကီနဲ့ ဆီးရီးယားမှာ ဖေဖော်ဝါရီ ၆ ရက်က ငလျင်ကြီးတစ်ခုလှုပ်ခတ်ခဲ့အပြီးမှာ ဖေဖော်ဝါရီ ဒုတိယပတ်အထိ အပျက်အစီးများကြားကနေ သေဆုံးသူပေါင်း ၂၅၀၀၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့ပြီး လူ တစ်သန်းလောက် အတိဒုက္ခရောက်ခဲ့ရပါတယ်။ ဒီလိုအခြေအနေနဲ့အတူ “တူရကီနိုင်ငံမှာ/လှုပ်ခဲ့သော အားပြင်းမြေငလျင်”လို့ ရေးသားပြီး “THaw Ham” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြု သူက ဗွီဒီယိုကို အောက်ပါအတိုင်းမျှဝေထားရာ ပြန်လည်မျှဝေမှုပေါင်း ၃၃၀၀ ကျော်ရှိတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ […]

Continue Reading