Fact Check: မကွေးလေတပ် NUG သိမ်းပိုက်လိုက်ပြီး တပ်မိသားစုဝင် အားလုံးဖမ်းဆီး ဆိုတဲ့သတင်းတု

မကွေးလေတပ်ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က NUG လက်အောက်ခံတပ်တွေက သိမ်းပိုက်လိုက်ပြီး ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားဖြန့်ချိနေခြင်းဖြစ်ပါတယ်။ သတင်းမီဒီယာ အချို့မှာဖော်ပြခဲ့တဲ့ ပျံ့နှံ့မှုကောင်းခဲ့တဲ့ သတင်းတွေကို နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုနဲ့ ပြန်လည်ဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ဗွီဒီယိုပုံစံနဲ့ ဖြန့်ဝေနေတဲ့ ဒီဖေ့စ်ဘွတ်ပို့စ်မှာ “မကွေးလေတပ် NUG လက်ထဲ့ ရောက်ပြီ”လို့ ရေးသားထားသလို ဗွီဒီယိုရုပ်ကတ်ထဲမှာလည်း “၁၁ ရက်နေ့ အထိနာပြီ မကွေးလေတပ် သိမ်းပိုက်နိုင်ပြီ တပ်မိသားစုတွေ အကုန်အဖမ်းခံရ”စသည်ဖြင့်လည်း ရေးသားထားပါတယ်။  “KAKA Drama”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဒီဗွီဒီယိုကို အောက်ပါအတိုင်းမျှဝေခဲ့ရာမှာ ပြန်လည် မျှဝေမှုပေါင်း ၅၀၀ ကျော်၊ မှတ်ချက်ရေးသားမှုပေါင်း ၁၄၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ […]

Continue Reading

Fact Check: ပုသိမ်အကျဉ်းထောင် ထောင်ဖောက်ခံရ အကျဉ်းသားအားလုံးပျောက်ဆုံး သတင်းတု

ပုသိမ်အကျဉ်းထောင် ဖောက်ခံရပြီး အကျဉ်းသားအားလုံလွတ်မြောက်သွားတယ်ဆိုတဲ့ ဗွီဒီယိုပုံစံနဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေရဲ့အကြား ပျံ့နှံ့မှု့ အားကောင်းခဲ့ပါတယ်။ သတင်းမှားသာဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ“၁၄ ရက်နေ့ ပုသိမ်အကျဉ်းထောင် အရေးပေါ် ထောင်ဖောက်ခံရ အကျဉ်းသား အားလုံး ပျောက်ဆုံး“လို့ စသည် ဖြင့် ရေးသားထားပါတယ်။ “KAKA Drama”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link|  Archive link  အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာ၊ဒီနေရာ၊ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၇ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ထဲမှာ ပုသိမ်အကျဉ်းထောင် အရေးပေါ် ထောင်ဖောက်ခံရ အကျဉ်းသား အားလုံးပျောက်ဆုံး တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။  အမှန်တကယ် အသံဖိုင်ထဲမှာ ပါဝင်တဲ့ သတင်းအကြောင်းအရာတွေကတော့“ပုသိမ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား […]

Continue Reading