Fact Check: ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်နေအိမ်ပြန်ရောက်ပြီဆိုတဲ့ သတင်းမှား

အကျဉ်းကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ထောင်ကနေပြန်လွတ်လာပြီး နေပြည်တော်နေ အိမ်ပြန် လည်ရောက်ရှိလာပြီလို့ဆိုထားတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားထပ်မံဖြန့်ဝေ လာတာတွေ့ရပြီး ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ သတင်းတုသတင်းမှားဖြန့်ချိမှုဖြစ်ပါတယ်။ “အမေစု နေပြည်တော် နေအိမ်ပြန်လည်ရောက်ရှိ”လို့ ရေးသားပြီး “Prus new” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာက ဖေဖော်ဝါရီ ၁၉ ရက်မှာ ဖြန့်ဝေလာတာတွေ့ရပြီး ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၃၀၀ ကျော်ရှိပါတယ်။  ဗွီဒီယိုထဲမှာလည်း သတင်းတင်ဆက်သူက “မင်္ဂလာပါရှင် ဒေါ်အောင်ဆန်းစုကြည်နေ အိမ်ပြန်ရောက်ခဲ့ ပါပြီ။တရားရုံးတော်ကယနေ့ မှာပဲအကျဉ်းချုပ်ကနေအိမ်အကျယ်ချုပ်သို့ပြောင်းလဲ သတ်မှတ်လိုက်ပြီဟု အမိန့်ချမှတ်လိုက်ပါတယ်။ အားလုံးပဲဝမ်းသာစရာသတင်းဖြစ်မယ်လို့မျှော်လင့်မိကြပါတယ်။”စသည်ဖြင့် ကြေညာခဲ့လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်နေအိမ်ပြန်ရောက်ပြီဆိုတဲ့ ယခုသတင်းတု ဗွီဒီယိုကို ၂၀၂၂ […]

Continue Reading