Fact Check: အာဆီယံအစည်းအဝေး NUG ကိုယ်စားလှယ်တက်ရောက်တဲ့ သတင်းမှား
NUG ကိုယ်စားလှယ် အာဆီယံအစည်းအဝေးတက်ရောက်ခဲ့တယ်ဆိုပြီး ဗွီဒီယိုတစ်ခု ပျံ့နှံ့မှုအားကောင်းနေပါ တယ်။ သတင်းမှားသာဖြစ်ပါတယ်။ ကျင်းပပြီးစီးခဲ့တဲ့ အာဆီယံအစည်းအဝေးမှာ မြန်မာထိုင်ခုံနေရာ လစ်လပ်နေခဲ့ပါတယ်။ “အာဆီယံဆွေးနွေးပွဲ NUG ကိုယ်စားလှယ်တက်ရောက်#အဖွဲ့ဝင် ၁၀နိုင်ငံ ဝမ်းပန်းသာ ကြိုဆို”လို့ ဗွီဒီယိုခေါင်းစီး စာသားမှာရေးသားထားသလို ဗွီဒီယိုထဲမှာလည်း အလားတူ ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အလားတူ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တနှစ် ၂ ကြိမ် အာဆီယံနိုင်ငံ တွေအကြား အလှည့်ကျစနစ်နဲ့ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံမှာ မေ ၉ ရက်က ၁၁ ရက်အထိ ကျင်းပခဲ့ပြီး ဒီအစည်းအဝေးတွေမှာ မြန်မာနိုင်ငံကိုယ်စား ပြုနေရာနဲ့ ပတ်သက်ပြီး ချန်လှပ်ခဲ့တာ တွေ့ပါတယ်။ […]
Continue Reading