Fact Check: ကျောက်ဖြူဆိပ်ကမ်းကို အမေရိကန်ဝင်တိုက်နေပြီး မြန်မာ စစ်ခေါင်းဆောင် တရုတ်ကို စစ်ကူတောင်းတဲ့ သတင်းတု

ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းကို အေအေ(Arakan Army)နဲ့အတူ အမေရိကန် ဝင်တိုက်နေပြီး မြန်မာ စစ်ခေါင်းဆောင် တရုတ်ကို စစ်ကူတောင်းနေရတယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ် တခုက မျှဝေထားတာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ဒီလိုပြောဆိုမျှဝေထားတဲ့ ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။  “ကျောက်ဖြူဆိပ်ကမ်း အမေရိကန် တိုက်ပြီ  မင်းအောင်လှိုင် တရုတ်ကို စစ်ကူတောင်းနေ  ကျောက်ဖြူဆိပ်ကမ်းကို အမေရိကန်တပ်နဲ့ အေအေ တို့မှ ဝင်တိုက်နေပြီ၊ စစ်ခေါင်းဆောင် တရုတ်ကို စစ်ကူ တောင်းနေရပြီ” Original link | Archive link အချက်အလက်စိစစ်ချက်  ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin”ယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး  Fact Crescendo Myanmar က မကြာခဏ […]

Continue Reading

Fact Check: နေပြည်တော်မှာငလျင်ထပ်လှုပ်ပြီး စစ်ရှုံးချုပ် ပြိုကျကာ စစ်ခေါင်းဆောင် မိသားစုလိုက်သေဆုံးတဲ့ သတင်းတု

နေပြည်တော်မှာငလျင်ထပ်လှုပ်ပြီး စစ်ရှုံးချုပ် ပြိုကျကာ စစ်ခေါင်းဆောင် မိသားစုလိုက်သေဆုံးသွားတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတယ်။ သတင်းတု တခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ “နေပြည်တော် အပြင်းထန်ဆုံး ငလျင်ထပ်လှုပ် စစ်ရှုံးချုပ် ပြိုကျပြီး စစ်ခေါင်းဆောင်ပါ သေဆုံး နေပြည်တော် အပြင်းထန်ဆုံး ငလျင်ထပ်လှုပ်၊ စစ်ရုံးချုပ် ပြိုကျပြီး စစ်ခေါင်းဆောင် မိသားစုလိုက် အလောင်းပျောက်စီး” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin”ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားပြောဆိုမှုတွေနဲ့  သတင်းမီဒီယာတွေက သတင်းတွေကို ရောနှော ဖြန့်ချိတာ၊ မီဒီယာတွေမှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ် […]

Continue Reading

Fact Check: စစ်တပ်ခန့် ဝန်ကြီးချုပ် မော်လမြိုင်ခရီးစဉ်မှ လေယာဉ်ပစ်ချခံရပြီး လေယာဉ်မှူးနဲ့တူ အလောင်းပါ ပျောက်ဆုံးနေတဲ့သတင်းတု

စစ်တပ်ခန့် ဝန်ကြီးချုပ် ညိုစော မော်လမြိုင်ခရီးစဉ် လေယာဉ်ပစ်ချခံရ၊ လေယာဉ်မှူးနဲ့တူ အလောင်းပါ ပျောက်ဆုံးနေတယ် လို့ ဆိုထားတဲ့    ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု သာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံ၊ စာသားကောက်နုတ်ချက်တွေကို အောက်မှာကြည့်ပါ။ မတ် ၆ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ သိန်း ဝန်းကျင်ရရှိထားတယ်။ အလားတူတဲ့ ဖြန့်ဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။  “ဝန်ကြီးချုပ် ညိုစော မော်လမြိုင်ခရီးစဉ် လေယာဉ်ပစ်ချခံရ၊ လေယာဉ်မှူးနဲ့တူ အလောင်းပါ ပျောက်ဆုံးပျောက်”(မူရင်းအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်နဲ့ ဗွီဒီယိုထဲ အသံဖိုင်နဲ့ ပြောကြားချက်မှာ စစ်ကောင်စီအဖွဲ့ဝင် […]

Continue Reading

Fact Check: မြစ်ကြီးနားလေဆိပ် KIA တိုက်ခိုက်မှု ထိပ်ပိုင်း စစ်ဗိုလ်ချုပ် ၃ ဦးအပါအဝင် ၁၂ ဦးသေဆုံးတဲ့ သတင်းတု

မြစ်ကြီးနားလေဆိပ်ကို တိုက်ခိုက်မှုအတွင်း ထိပ်တန်းစစ်ဗိုလ်ချုပ် ၃ ဦး အပါအဝင် ၁၂ ဦး သေဆုံးတယ် လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့နဲ့ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာ တွေ့ရပါတယ်။ သတင်းတုသာ ဖြစ်တယ်။ ဒီတိုက်ခိုက်မှုကို ကချင်လွတ်လပ်ရေးတပ်မ‌တော်(KIA)က လုပ်ခဲ့တာလို့လည်း ဆိုထားတယ်။  အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ ဖြန့်ဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။  “မြစ်ကြီးနားလေဆိပ် KIA ဆော်ပြီ  ထိပ်ပိုင်း စစ်ဗိုလ်ချုပ်(၃)ဦးပါဝင်(၁၂) သေဆုံး   မြစ်ကြီးနား လူကြီးခရီးစဉ် လေဆိပ်ရောက်ရောက်ချင်း KIA  တိုက်ခိုက်၊ ထိပ်ပိုင်း စစ်ဗိုလ်ချုပ်(၃)ဦးပါဝင်(၁၂)ဦး သေဆုံး” (မူရင်းအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် မြစ်ကြီးနားလေဆိပ်မှာ MNA လေကြောင်းလိုင်းလေယာဉ်တစီး ဒရုန်းထိမှန်ခဲ့တယ်ဆိုတဲ့ သတင်းကို […]

Continue Reading

Fact Check: ‌နေပြည်တော် လေဆိပ် AA တိုက်ခိုက်မှု စစ်သားအများအပြား သေဆုံးတဲ့  သတင်းတု

နေပြည်တော် လေဆိပ် အာရက္ခတပ်တော်(AA)တိုက်ခိုက်မှု စစ်သားအများအပြားသေဆုံးသွားတယ်လို့ ဆိုထားတဲ့  ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေနေတာတွေ့ရတယ်။ သတင်းတုဖြန့်ချိ နေခြင်းဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ယူကျူ့ချန်နယ်တခုက မျှဝေထားတဲ့ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၄၀၀၀၀ ကျော် ရရှိထားတယ်။ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။  “နေပြည်တော်လေဆိပ် အေအေ ပွဲကြမ်းနေပြီ  လေဆိပ်မီးလောင်ပြီး စခ(၅၂) ဦး သေဆုံး နေပြည်တော် လေဆိပ် အေအေ ဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက်၊ လေဆိပ်ဝန်းရှိ စစ်ခွေး အများပြား သေဆုံး” Original link | Archive link အချက်အလက်စိစစ်ချက်  AA က နေပြည်တော်လေဆိပ်ကို ဒရုန်းတွေ အသုံးပြုပြီး […]

Continue Reading

Fact Check: ရန်ကုန်မှာ တရုတ်သံရုံး PDF တွေ ဝင်စီးမှု တရုတ်သံအမတ်ကြီး ပါဝင် လုံခြုံရဲတပ်ဖွဲ့ ၁၂ ဦး သေဆုံးတဲ့  သတင်းတု 

ရန်ကုန်မှာ တရုတ်သံရုံးကို PDF တွေ ဝင်စီးကား မီးရှို့လိုက်ပြီး ဒီဖြစ်စဉ်အတွင်းမှာ တရုတ်သံအမတ်ကြီး ပါဝင် လုံခြုံရဲတပ်ဖွဲ့ ၁၂ ဦး သေဆုံးခဲ့တယ်လို့ ရေးသားပြီး ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမျှဝေမှုတွေသာဖြစ် တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “တရုတ်သံရုံး PDF တွေ မီးရှို့ပြီ လုံခြုံရဲတပ်ဖွဲ့ (၁၂)ဦး ပွဲချင်းသေဆုံး ရန်ကုန်ရှိ တရုတ်သံရုံး PDF တွေ မီးရှို့၊ တရုတ်သံအမတ်ကြီး ပါဝင် လုံခြုံရဲတပ်ဖွဲ့ (၁၂) ဦး ပွဲချင်း သေဆုံး” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit […]

Continue Reading

Fact Check: ‌နေပြည်တော် စစ်ဆေးရုံကို AA တိုက်ခိုက်မှု လူပေါင်း ၃၀၀ ကျော် သေဆုံးတဲ့  သတင်းတု 

နေပြည်တော် စစ်ဆေးရုံကို အာရက္ခတပ်တော်( AA)တိုက်ခိုက်မှု လူပေါင်း ၃၀၀ ကျော် သေဆုံးသွားတယ်လို့ ဆိုထားတဲ့  ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိ နေခြင်းဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ယူကျူ့ချန်နယ်တခုက မျှဝေထားတဲ့ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ၁ သိန်းကျော် ရရှိထားတယ်။  “နေပြည်တော် စစ်ဆေးရုံ အေအေ ဒရုန်းဗုံးကြဲ ဆေးရုံထဲမှာ လူပေါင်း(၃၀၀)ကျော် ပိတ်မိသေဆုံး နေပြည်တော်ရှိ စစ်ဆေးရုံကြီးကို အေအေ ဒရုန်းဗုံးကြဲချ၊ ဆေးရုံက လူပေါင်း(၃၀၀)ကျော် ပိတ်မိ သေဆုံး” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin” ယူကျူ့ချန်နယ်ဟာ […]

Continue Reading

Fact Check: နယ်နိမိတ်ကျော်ပျံသန်းမှုနဲ့ မြန်မာစစ်တပ်လေယာဉ်ကို ထိုင်းစစ်တပ် ပစ်ချဆိုတဲ့ သတင်းတု 

နယ်နိမိတ်ကျော်ပျံသန်းမှုနဲ့ မြန်မာစစ်တပ်လေယာဉ်ကို ထိုင်းစစ်တပ် ပစ်ချလိုက်တယ်ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိမှုသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့  ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  “နယ်ကျော်မှုနဲ့ ထိုင်းစစ်တပ်မှ ပစ်ချ ထိုင်းလေပိုင်နက်ထဲ ကျူးကျော်ပျံသန်းနေတဲ့ မြန်မာ ကြမ်းဖက်စစ်တပ် တိုက်လေယာဉ် ထိုင်းစစ်တပ်မှ ပစ်ချ” Original link | Archive link အချက်အလက်စိစစ်ချက် မြန်မာစစ်တပ်တိုက်လေယာဉ်ကို နယ်ကျော် ပျံသန်းလာလို့ ထိုင်းစစ်တပ်က ပစ်ချလိုက်တယ်လို့ဆိုထားပေမဲ့ ထိုင်းနိုင်ငံအခြေစိုက် သတင်းဌာနတွေအပါအဝင် ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဒီသတင်းဖော်ပြချက် အထောက်အထား မတွေ့ရပါဘူး။  ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin” ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ တချို့က သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ […]

Continue Reading

Fact Check: ‌တောင်ငူလေတပ် AA,KIAနဲ့ PDF တပ်တွေ သိမ်းပိုက်ဆိုတဲ့ သတင်းတု 

ာင်ငူလေတပ် AA,KIAနဲ့ PDF တပ်တွေ သိမ်းပိုက်လိုက်ပြီလို့ ဆိုထားတဲ့  ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိ နေခြင်းဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ဖေ့စ်ဘွတ်မှာ  ပြန်လည်မျှဝေထားတဲ့ ယူကျူ့ဗွီဒီယို ဖြန့်ဝေတဲ့နေရာကို ရယူထားခြင်းဖြစ်တယ်။ ယူကျူ့မှာ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၉ သောင်းနီးပါး ရရှိထားတယ်။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။  “တောင်ငူ လေတပ် ကျသွားပြီ လေတပ်တခုလုံး အလံဖြူထောင် လက်နက်ချ တောင်ငူလေတပ် ဝင်စီးခံရ၊ လေတပ်တခုလုံး ပြာကျ၊ အကျဆုံးများလို့ လေတပ်တခုလုံး လက်နက်ချ၊ အညံခံ”လို့ ဗွီဒီယို အစမှာပြသတဲ့ ရုပ်ကတ်မှာ ဖော်ပြထားသလို “(၂၃.၁.၂၀၂၆) ‌တောင်ငူလေတပ် AA,KIAနဲ့ PDF တပ်တွေက […]

Continue Reading

Fact Check:တရုတ်ကို ပညာပြတဲ့အနေနဲ့ AA က ဓာတ်ငွေ့ပိုက်လိုင်းကို ‌ဖောက်ခွဲတဲ့ သတင်းတု

တရုတ်ကို ပညာပြတဲ့အနေနဲ့ အာရက္ခတပ်တော်(AA)က  ဓာတ်ငွေ့ပိုက်လိုင်းကို ဖောက်ခွဲလိုက်ပြီဆိုတဲ့  ဗွီဒီယိုတွေ ယူကျူ့နဲ့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်း နေတာ တွေ့ရပါတယ်။ သတင်းတုသာ ဖြစ်တယ်။  အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ ဖြန့်ဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ “တရုတ်ကို အေအေ ပညာပေးပြီ ဓာတ်ငွေ့ ပိုက်လိုင်း AA ဖျက်ဆီးလိုက်ပြီ တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းကို အေအေ ဗုံးခွဲ ပျက်စီး၊ တရုတ် စစ်တပ်(၅ဝ) နီးပါး သေဆုံး၊အများပြား အရှင်းဖမ်းမိ” Original link | Archive link အချက်အလက်စိစစ်ချက် ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေမှာ ဓာတ်ငွေ့ပိုက်လိုင်းကို AA က ဖျက်ဆီးလိုက်ပြီဆိုတဲ့ အထောက်အထား မတွေ့ရပါဘူး။ […]

Continue Reading