Fact Check: Voice of Mandalay ဖေ့စ်ဘွတ်စာမျက်နှာစီမံခန့်ခွဲသူ အဖြစ်ဖော်ပြ နေတဲ့ဓာတ်ပုံအမှား

Voice of Mandalay page ရဲ့ admin တစ်ဦးဖြစ်တဲ့ မယုဝေမြင့် မန္တလေးမြို့မှာ ဖမ်းဆီးခံလိုက်ရပြီး လူမဆန်စွာ နှိပ်စက်စစ်ဆေးခံထားရပုံဆိုပြီးတော့ ဓာတ်ပုံပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ အဝါရောင် ရင်စေ့အင်္ကျီနဲ့ လှလှပပအမျိုးသမီးတစ်ဦးရဲ့ဓာတ်ပုံနဲ့ အခြားရိုက်နှက်ထုထောင်းခံ ထားရလို့ မျက်နှာမှာဖူးယောင်နေပြီး မျက်လုံးလုံးဝဖွင့်လို့မရဘဲ ဒူးထောက်လက်မြှောက်ပုံစံနဲ့ ဓာတ်ပုံရိုက်ခံထား ရသူတစ်ဦးရဲ့ဓာတ်ပုံတစ်ပုံပါဝင်ပါတယ်။  တစ်ပုံဟာ မယုဝေမြင့်အဖြစ်မှန်ကန်ပေမဲ့ ကျန်တဲ့တစ်ပုံဟာ ကလေးမှာ စစ်တပ်ရဲ့ဖမ်းဆီးနှိပ်စက်ခံထားရတဲ့ ကိုနေသူထွန်း(ခ) ပုပုဖြစ်ပါတယ်။ “Voice of Mandalay page ရဲ့ admin လို့ စွပ်စွဲခံရတဲ့ Yuh Wai Myint ကို မနေ့က မန္တလေးမြို့မှာ ဖမ်းဆီးခံလိုက်ရပြီး လူမဆန်စွာ နှိပ်စက်စစ်ဆေး ခံထားရ❗ စက်တင်ဘာ ၁၄ #bahaninformation #DMZ”လို့ ရေးသားပြီး “Zaw […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့ သတင်းတု 

ဒေါ်‌အောင်ဆန်းစုကြည်ကို စစ်တပ်က ပြန်လွှတ်ပေးလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရတယ်။ သတင်းတု ဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုတခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ “လွတ်ငြိမ်းဟေ့ အမှုတွေ ရုတ်သိမ်းပြီ လူထုခေါင်းဆောင် ဆိုတာဒါပဲ့ ပြည်သူတွေ ပြည့်နေပြီ နိုင်ငံရေး အကျဉ်းသားအားလုံး အိမ်ပြန်နေကြပြီ အထူးသတင်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ပါလာပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay KhitThit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတာတွေ ပြုလုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက် […]

Continue Reading

Fact Check: အမေရိကန်လေယာဉ်တင်သင်္ဘော ၄ စီး မြန်မာကိုဝင်‌လာတဲ့ သတင်းတု 

အကောင်းဆုံးလက်နက်ကြီးတွေ တပ်ဆင်ထားတဲ့ အမေရိကန် လေယာဉ်တင် သင်္ဘော ၄ စီး မြန်မာနိုင်ငံကို ဝင်ရောက်လာတယ်ဆိုတဲ့ ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိ နေခြင်းဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။  “တရုတ်တောင် ကြောက်နေရပြီ ကန်လေယာဉ်တင်သင်္ဘော ၄ ခု မြန်မာကို ဝင်ပြီ အမေရိကန်ရဲ့ အကောင်းဆုံးလက်နက်ကြီးတွေ မြန်မာရေပိုင်နက်ကို ဝင် တရုတ်ဝန်ကြီး နေပြည်တော် ရောက်လာပြီး အာဏာအပ်ဖို့ ဖိအားပေးနေ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khitthit” ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ တချို့က သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ချိလေ့ရှိ ပါတယ်။ ဒီချန်နယ်နဲ့ပတ်သက်ပြီး […]

Continue Reading

Fact Check: လားရှိုးမြို့ကို MNDAA ပြန်သိမ်းဆိုတဲ့ သတင်းတု

လားရှိုးမြို့ကို MNDAA က ပြန်လည်သိမ်းပိုက်လိုက်ပြီးလို့ဆိုလိုထားတဲ့ ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း နေတာ တွေ့ရပါတယ်။ သတင်းတုသာဖြစ်တယ်။ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ နိုဝင်ဘာ ၁၉ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှု‌ပေါင်း ၁ ဒဿမ ၂ သိန်းဝန်းကျင်ရရှိထားတယ်။  “လားရှိုး MNDAA ပြန်သိမ်းပြီ လူပါးဝနေတဲ့ စစ်တပ်ကို MNDAA က ၁၈၀၀ ခန့် အရှင်ဖမ်း MNDAA ကို စိန်ခေါ်တဲ့ ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး ဖမ်းဆီးခံရ PDF နဲ့ NUG ကို လွှဲပြောင်းပေးမည်ဟု MNDAA ကြေညာ” Original link | Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်လမ်းရိုက်တဲ့ အကယ်ဒမီ မင်းသား ၈ ဦးကို စစ်တပ်ဖမ်းဆီးတဲ့ သတင်းတု

ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်လမ်းရိုက်ကူးခဲ့တဲ့ အကယ်ဒမီ မင်းသား ၈ ဦးကို စစ်တပ်ဖမ်းဆီးလိုက်တယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမျှဝေမှုတွေသာ ဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိတာ ဒါမှမဟုတ် လုံးဝလုပ်ကြံပြောဆိုတာတွေ ပြုလုပ်တဲ့နေရာတခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း  အချက်အလက်စိစစ်ဖော်ပြချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ အခုလည်း ဗွီဒီယိုထဲမှာ ဖော်ပြထားတဲ့အကြောင်းအရာဟာ လူထုနွေဦးသတင်းဌာနကဖော်ပြခဲ့တဲ့ “စစ်ကောင်စီကရွေးကောက်ပွဲအတွက် မင်းသားလေးဦးနဲ့ […]

Continue Reading

Fact Check: ငွေကြေးလိမ်လည်မှုနဲ့ နေပြည်တော်ကို အမေရိကန် စစ်တပ် ဝိုင်းထားပြီး ဗုံးကြဲလေယာဉ်တွေလည်း ဝင်လာပြီဆိုတဲ့ သတင်းတု 

ငွေကြေးလိမ်လည်မှုနဲ့ နေပြည်တော်ကို အမေရိကန်စစ်တပ် ဝိုင်းထားပြီး ဗုံကြဲလေယာဉ်တွေလည်း ဝင်လာပြီ ဆိုတဲ့  ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ သတင်းတု သတင်းမှားသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အောက်တိုဘာ ၂၄ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၈၀၀၀၀ ဝန်းကျင်ရရှိထားတယ်။ အလားတူတဲ့ ဖြန့်ဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။   “နေပြည်တော်ကို အမေရိကန် စစ်တပ် ဝိုင်းထားပြီ ဗုံးကြဲလေယာဉ်တွေ အစီးလိုက် ဝင်လာ အမေရိကန်က ကြားဖြန့်အမှုဆိုပြီး နေပြည်တော်ကို တင်းကြပ် နိုင်ငံတကာ အကြမ်းဖက်နှိမ်နှင်းရေး စစ်ဆင်ရေး ကြေညာ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay KhitThit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က […]

Continue Reading

Fact Check: ရခိုင်ပြည်ကို အမေရိကန် စစ်သင်္ဘောတွေဝင်လာပြီဆိုတဲ့ သတင်းမှား

ရခိုင်ပြည်နယ်ကို အမေရိကန်စစ်သင်္ဘောတွေ ဝင်လာပြီဆိုပြီး ဗွီဒီယိုတွေ ယူကျူ့မှာ  ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတခုဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့  စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။   “ရခိုင်ပြည် ကို US စစ်တပ်ဝင်လာပြီ ရခိုင်ပြည်ကို အမေရိကန် စစ်သင်္ဘော ဝင်လာပြီး မကြာဘူး တရုတ်သဘာဝဓာတ်ငွေ့လုပ်ငန်း ပေါက်ကွဲလို့ လန့်ကုန်ပြီ”  Original link | Archive link အလားတူတဲ့ ရေးသားမျှဝေမှုတွေကို “Mandalay KhitThit”အမည်နဲ့ ယူကျူ့ချန်နယ်ကလည်း ဖြန့်ဝေထားတာ ဒီနေရာမှာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့အကြောင်းအရာတွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ လုံးဝလုပ်ကြံရေးသားဖြန့်ဝေတာတွေ ပြုလုပ်တဲ့ နေရာဖြစ်တယ်။  ဒီချန်နယ်နဲ့ ပတ်သက်တဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  […]

Continue Reading

Fact Check: နေပြည်တော်ကို အကြမ်းဖက်အဖြစ် ကြေညာပြီး အမေရိကန်က လေယာဉ်တွေနဲ့ ဆက်တိုက်ကင်းလှည့်တဲ့ သတင်းတု 

နေပြည်တော်ကို အကြမ်းဖက်အဖြစ် ကြေညာပြီး အမေရိကန်က လေယာဉ်တွေနဲ့ ဆက်တိုက်ကင်းလှည့်နေတယ် ဆိုတဲ့  ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ စက်တင်ဘာ ၂၆ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ၂၄ နာရီအတွင်း ကြည့်ရှု့မှုပေါင်း ၁ ဒသမ ၅ သိန်းဝန်းကျင်ရရှိထားတယ်။ “နေပြည်တော် ကိုအမေရိကန် ကင်းလှည့်နေ အကုန်ပြေးခိုင်းနေပြီ အဆင့်မြင့် အမေရိကန်လေယာဉ်တွေ နေပြည်တော်ကို ကင်း‌ထောက် အကြမ်းဖက်မှုနဲ့ ကြေညာအပြီး  ဆက်တိုက် ကင်းထောက်” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay KhitThit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေ ကို ကူးယူပြီး […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ တရုတ်သမ္မတ  နေပြည်တော် ရောက်လာတဲ့ သတင်းတု 

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ တရုတ်သမ္မတ  နေပြည်တော် ရောက်လာတယ်ဆိုတဲ့ သတင်းတု ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ဒေါ်စုနဲ့ဆွေးနွေးပြီး ပြန်မည် လုပ်နေပြီ တရုတ်သမ္မတ နေပြည်တော်ရောက်ပြီ အာဆီယံခေါင်းဆောင် ကြီးတွေနဲ့ အတူလာပြီး ဒေါ်အောင်ဆန်းစုကြည် မဖြစ်မနေတွေ့မည်ဟု ပြင်းထန်အကြပ်ကိုင်နေ” Original link | Archive link အချက်အလက်စိစစ်ချက် တရုတ်သမ္မတ မြန်မာနိုင်ငံလာတဲ့အကြောင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေအပါအဝင် သတင်းမီဒီယာတွေမှာဖော်ပြချက်မတွေ့ရပါဘူး။ ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေ ကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိတာတွေ့ရတယ်။  ဒီယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar က မကြာခဏအချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။ […]

Continue Reading

Fact Check: အိုးဘိုထောင်ကို တိုက်ခိုက်ပြီး သမ္မတဦးဝင်းမြင့်အပါအဝင် ၄၀၀ ကျော်ကို ကယ်ထုတ်ဆိုတဲ့ သတင်းတု

အိုးဘိုထောင်ကို တိုက်ခိုက်ပြီး သမ္မတဦးဝင်းမြင့်အပါအဝင် ၄၀၀ ကျော်ကို ကယ်ထုတ်တယ်ဆိုတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ဝေမှုသာ ဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်စာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။  “အိုးဘိုထောင် တိုက်ခိုက်ခံရ အကျဉ်းသား ၄၀၀ ခန့် ကယ်ထုတ်ပြီး သမ္မတကြီး ပါဝင် မန္တလေး နာမည်ကြီး အိုးဘိုထောင် ဖောက်ထွင်းခံရ သမ္မတကြီး ဦးဝင်းမြင့်နဲ့ နိုင်ကျဉ်း အများအပြား ကယ်ထုတ်” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khithit”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာ တချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာ တွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ […]

Continue Reading