Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့ သတင်းတု

နေပြည်တော်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် စစ်အစိုးရက ပြန်လွတ်ပေးလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ နိုင်ငံတကာကြက်ခြေနီအဖွဲ့ ကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ စစ်အစိုးရတွေ့ဆုံပေးခဲ့မှုဟာ ပြန်လည်လွတ်မြောက်လာခြင်းမဟုတ်ပါဘူး။  ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ နာလည်းမှုလွဲစေနိုင်တဲ့ ဗွီဒီယိုတခုက ဖော်ပြထားတဲ့ စာသားကောက် နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရတယ်။ “အမေစုကို လွတ်ပေးလိုက်ရပြီ အာဆီယံ အစည်းဝေးတက်ချင်နေတဲ့ မင်းအောင်လှိုင် အမေစုကို လွတ်ပေးဖို့ သဘောတူလိုက်ပြီ ၊ ပြည်သူတွေနဲ့ တွေ့ဆုံခွင့်ပြုနေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဒေါ်အောင်ဆန်းစုကြည်ကို ICRC မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်နဲ့ တွေ့ခွင့်ပေးခဲ့ ကြောင်း နေပြည်တော် စစ်အစိုးရ […]

Continue Reading

Fact Check: KNDF နဲ့ KNLA ပူးပေါင်းပြီး မြဝတီကို ထိန်းချုပ်လိုက်တဲ့ သတင်းတု

KNDF နဲ့ KNLA ပူးပေါင်းပြီး မြဝတီကို ထိန်းချုပ်လိုက်ပြီဆိုတဲ့  ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားတာ ပျံ့နှံ့မှုအားကောင်းနေပါတယ်။ သတင်းတုသာ ဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ဒီလိုပြောဆိုမျှဝေထားတဲ့ ပျံ့နှံ့မှု အားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ ဇူလိုင် ၂၃ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှုမှုပေါင်း ၁ ဒဿမ ၆ သိန်း ကျော်ရရှိထားတယ်။  “မြဝတီမြို့ ကျသွားပြီဟေ့ ၊ KNDF နဲ့ KNLA ပူးပေါင်းပြီး မြဝတီကို ထိန်းချုပ် ၊ အကြမ်းဖက် အာင်ဇေယျ စစ်ကြောင်း လပ်နက်ချ ၊ ရဲ့ဝင်းဦး ခွက်ခေါက်နေပြီ” Original link | Archive link အချက်အလက်စိစစ်ချက်  […]

Continue Reading

Fact Check: အာဇာနည်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့ သတင်းတု

ဇူလိုင် ၁၉ ရက်မှာကျရောက်တဲ့ အာဇာနည်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီလို့ဆိုထားတဲ့ ဗွီဒီယို တွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ အမေရိကန်အပါဝင် နိုင်ငံတကာရဲ့ ဖိအားတွေကြောင့် လူထုခေါင်းဆောင်ကို စစ်တပ်က ပြန်လွှတ်လိုက်တာလို့လည်း ဆိုထားတယ်။ သတင်းတု သာဖြစ်တယ်။။  ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ ၂ ရက်အတွင်း ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၅ သိန်းကျော်ရရှိထားတယ်။ “အာဇာနည်နေ့ ဒေါ်စု ပြန်လွတ်လာပြီ အမေရိကန်အပါဝင် နိုင်ငံတကာရဲ့ ဖိအားကြောင့် လူထုခေါင်းဆောင်ကို ပြည်သူရှေ့ ချပြလိုက်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတဲ့ သတင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ […]

Continue Reading

Fact Check: အာဆီယံက ဖိအားပေးလို့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တဲ့ သတင်းတု

အာဆီယံက ဖိအားပေးလို့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ပြီဆိုတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက  ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိမှုသာဖြစ်တယ်။  ပျံ့နှံ့မှုအား‌ကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  “ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီ ပြင်းထန်တဲ့ အာဆီယံရဲ့ ဖိအားကြောင့် ဒေါ်စုကို နေအိမ်ပြန်ပို့ဖို့ ကောင်စီ ဆုံးဖြတ် ၊ ပြည်သူတွေ ကခုန်နေကြပြီ” Original link | Archive link အချက်အလက်စိစစ်ချက် အာဆီယံက ဖိအားပေးလို့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တယ်ဆိုတဲ့ ဒီသတင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။  ဒီဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ  သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့အမည်ကို […]

Continue Reading

Fact Check: လွှတ်တော်ကို စစ်တပ်က ဝင်စီးပြီး ဦးခင်ရီ အပါဝင် အမတ် ၁၈ ဦး ဖမ်းဆီးထားတဲ့သတင်းတု

လွှတ်တော်ကို စစ်တပ်က ဝင်စီးပြီး ဦးခင်ရီ အပါဝင် အမတ် ၁၈ ဦး ဖမ်းဆီးဆိုထားတဲ့ ဗွီဒီယိုယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုသာဖြစ်တယ်။  ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ  “လွတ်တော်ကို စစ်တပ်က ဝင်စီး ဦးခင်ရီ အပါဝင် လွတ်အမတ် (၁၈) ဦး ဖမ်းဆီးထား ၊ စစ်တပ် အင်အားအပြည့်နဲ့ ဝင်စီးခိုင်းပြီး ပြသာနာတက်နေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဒီသတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖြစ်စေ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာဖြစ်စေ ဖော်ပြချက် မတွေ့ရပါဘူး။ ဗွီဒီယိုထဲ အသံဖိုင်မှာတော့ လွှတ်တော်ကိုလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချုပ်ကိုင်ဖို့ […]

Continue Reading

Fact Check: ဘုံသဘောတူညီချက်  ၅ ချက် မလိုက်နာလို့ စစ်ကောင်စီကို အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားကြောင်း ဖိလစ်ပိုင်ကြေညာတဲ့ သတင်းတု

အာဆီယံမှာ သဘောတူခဲ့တဲ့ ဘုံသဘောတူညီချက်  ၅ ချက် မလိုက်နာလို့ စစ်ကောင်စီကို အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားကြောင်း ဖိလစ်ပိုင်ကြေညာလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက  ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိမှုသာဖြစ်တယ်။  ပျံ့နှံ့မှုအား‌ကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရတယ်။  “မင်းအောင်လှိုင် ထိုင်ခုံ ပြုတ်ပြီး အာဆီယံ ဘုံ (၅) ချက် မလိုက်နာလို့ စစ်ကောင်စီကို အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားကြောင်း ဖိလစ်ပိုင် ကြေညာ” Original link | Archive link အချက်အလက်စိစစ်ချက် အာဆီယံမှာ သဘောတူခဲ့တဲ့ ဘုံသဘောတူညီချက်  ၅ ချက် မလိုက်နာလို့ စစ်ကောင်စီကို အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားကြောင်း […]

Continue Reading

Fact Check: ပဲခူးမြို့အထိ AA တိုက်ခိုက်သိမ်းပိုက်တဲ့ သတင်းတု

ပဲခူးမြို့အထိ အာရက္ခတပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ  ပျံ့နှံ့မှု ပြန်လည်အားကောင်းနေတယ်။ သတင်းတုသာဖြစ်တယ်။   ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။   “ပဲခူးမြို့အထိ AA တက်သိမ်းနေပြီ ကျောက်ဖြူမြို့ သိမ်းပိုက်အပြီး ပြည်မဘက်ကို AA စတိုက်ပြီ ၊ အရာရှိတွေအပါဝင် (၅၀၀) ကျော် လက်နက်ချ”  Original link | Archive link အချက်အလက်စိစစ်ချက် ဒီသတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖြစ်စေ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေမှာဖြစ်စေ ဖော်ပြချက်မရှိပါဘူး။  ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားပြောဆိုထားတဲ့ သတင်းတွေနဲ့ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းကို ရောနှောဖြန့်ချိလေ့ရှိပါတယ်။ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ ပြန်လည် လွတ်မြောက်လာတဲ့ သတင်းတု 

သူ့ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ဇွန် ၁၉ ရက်မှာ ပျံ့နှံ့မှု ပြန်လည်အားကောင်းခဲ့တာ တွေ့ရတယ်။ သတင်းတုဖြန့်ချိနေ ခြင်းဖြစ်တယ်။  ဒီလိုပြောဆိုချက်တွေပါဝင်ပြီး တစ်တော့မှာ ဖြန့်ဝေထားတဲ့ ဗွီဒီယိုတခုရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း မျှဝေထားတယ်။  “ဒေါ်အာင်ဆန်းစုကြည်ကို ပြန်လွတ်ပေးကြောင်း သတင်း တွေ ထွက်ပေါ် ခြံအမှတ် (၅၄)ကို ပို့ဆောင်ပေးကြောင်း MRTV ကနေ ကြေညာ ၊ ပြည်သူသိန်းချီ ကြိုဆိုနေကြပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ပထမဆုံး “Khit Thit Media”အမည်နဲ့ ဒီတစ်တော့အကောင့်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ အမည်နာမနဲ့ အမှတ်တံဆိပ်တို့ကို […]

Continue Reading

Fact Check: စစ်တွေမြို့ကို AA သိမ်းပိုက်လိုက်ပြီး စစ်တပ်ခန့် ရခိုင်ဝန်ကြီးချုပ်နဲ့ စစ်သား ၅၀၀ အရှင်ဖမ်းမိတဲ့ သတင်းတု

စစ်တွေမြို့ကို AA သိမ်းပိုက်လိုက်ပြီး စစ်တပ်ခန့် ရခိုင်ဝန်ကြီးချုပ်နဲ့ စစ်သား ၅၀၀ အရှင်ဖမ်းမိတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားတာတွေ့ရတယ်။ သတင်းတုသာဖြစ်တယ်။ ယူကျူ့မှာ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “စစ်တွေမြို့ ကျသွားပြီ ရခိုင်ဝန်ကြီးချုပ် အရှင်ဖမ်းမိ ၊ AAကတော့ ကြမ်းနေပြီ ၊ စစ်ခွေး (၅ဝဝ) ဖမ်းဆီး ၊ မအလ မျက်ခုံးလှုပ်နေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ရခိုင်ပြည်နယ် နေရာအများအပြားကို တိုက်ခိုက်သိမ်းပိုက်ထားတဲ့ AA ဟာ စစ်တွေမြို့ကို ဝိုင်းဝန်းပိတ်ဆို့ထားတာ တနှစ်ဝန်းကျင်ရှိပြီဖြစ်တယ်။ ဒါပေမဲ့ စစ်တွေမြို့စောင့်တပ်လို့ ခေါ်နိုင်တဲ့ စစ်တွေမြို့နဲ့ တမိုင်အကွာအထိ  AA ဒီလအစပိုင်းမှာ စစ်ရေးအရှိန်မြှင့်လာခဲ့ပြီး […]

Continue Reading

Fact Check: မင်းအောင်လှိုင်နဲ့အပေါင်းပါ ဗိုလ်ချုပ် ၁၅ ဦးကို စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရဲဝင်းဦး ဖမ်းဆီးတဲ့ သတင်းတု

သမ္မတဖြစ်လဲ စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်ရဲ့ လက်ရုံးတပည့် လက်ရှိစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရဲဝင်းဦး က မင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ် ၁၅ ဦးကို ဖမ်းဆီးလိုက်တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက မျှဝေထားတာမှာ ပျံ့နှံ့မှု အားကောင်း နေတယ်။ သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။   “တပ်ချုပ် ရဲဝင်းဦး သစ္စာဖောက်ပြီ မင်းအောင်လှိုင်နဲ့ အပေါင်းပါ ဗိုလ်ချုပ် (၁၅) ဦး ဖမ်းဆီးခံရ ၊ စစ်ရုံးချုပ်အတွင်း အာဏာ လုနေကြပြီ” (မူရင်းအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတခုဖြစ်တဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့ချန်နယ်ကို တုပထားပြီး […]

Continue Reading