Fact Check: မိုးကုတ်နဲ့ မိုးမိတ်မှာ PDF က TNLA ကို ပြန်တိုက်တဲ့ သတင်းတု 

မိုးကုတ်၊ မိုးမိတ်ကနေ မောင်းထုတ်လို့ တအာင်းတပ် TNLA ကို PDF က ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပြီး ဗွီဒီယိုပို့စ်တခု ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ ပြောဆိုမှုဖြစ်ပြီး သတင်းတု တခုသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူပဲ မိုးကုတ်ကို အရပ်ဝတ်နဲ့ ဝင်လာတဲ့ စစ်တပ်ကို PDF တွေက တိုက်ခိုက်လို့ သေဆုံးခဲ့တယ်လို့ ရေးသားမျှဝေမှုကို ဒီနေရာမှာကြည့်ပါ။ “နိုဝင်ဘာ( ၂၆ )ရက် သစ္စာဖောက် TNLA(၇၀)သေဆုံး မိုးကုတ်နဲ့မိုးမြိတ်က PDF အဖွဲ့များကို ခွေးလိုမောင်းထုတ်နေတဲ့ TNLA PDF တပ်များပြန်ချပြီ၊ စစ်ကား(၁၅)စီး မိုင်းထိမှန်ပေါက်ကွဲ” Original link | Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: တော်လှန်ရေးတပ်‌‌ပေါင်းစု NRA ဖွဲ့စည်းလိုက်ပြီး စစ်သည် ၉ သိန်းနဲ့  နေပြည်တော်၊ မန္တလေးနဲ့ ရန်ကုန်ကို ထိုးစစ်စတင်တဲ့ သတင်းတု

တော်လှန်ရေးတပ်‌‌ပေါင်းစု(Nationwide Revolutionary Army-NRA)ဖွဲ့စည်းလိုက်ပြီး KIO ဦးဆောင်ကာ နေပြည်တော်ကို ထိုးစစ်ဆင်မည်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခု က ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။  သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်းကျော်ရှိထားတယ်။  “နေပြည်တော် တုန်လှုပ်နေပြီ မဟာမိတ် တပ်ပေါင်းစု ဖွဲ့စည်းလိုက်ပြီ ၊ KIO ဦးဆောင်ပြီး တိုက်စစ်ဆင်မည်” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Television”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာ တခုဖြစ်တယ်။  အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်က ကယ်ထုတ် ဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အကျဉ်းထောင်ကနေ အထူးတပ်ဖွဲ့တွေ ကယ်ထုတ်ပြီး ထောင်တခု လုံးကိုဖောက်ခွဲဖျက်ဆီးပစ်လိုက်ပြီလို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားတာဟာ သတင်းတု တခုသာဖြစ်တယ်။  အောက်ပါစခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။  “အမေစုကို ကယ်ထုတ်လာကြပြီ  နေပြည်တော်အကျဉ်းထောင်ဗုံးခွဲဖျက်ဆီး အမေစုတို့ကု အထူးတပ်များကကယ်ထုတ်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Television”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြရာမှာ လုပ်ကြံသတင်း‌‌ခေါင်းစဉ် ဒါမှမဟုတ် ချဲ့ကားရေးသားထားတဲ့ သတင်းခေါင်း စဉ်တပ်ပြီးဖော်ပြပါတယ်။ ဒီယူကျူ့ချန်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar က အချက်အလက်စိစစ် ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။  […]

Continue Reading

Fact Check: ရန်ကုန်တိုင်းစစ်ဌာနချုပ်ဖောက်ခွဲမှု ဗိုလ်ချုပ် ၃၀ ဦးသေဆုံးတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တု

ရန်ကုန်တိုင်းရုံးပေါက်ကွဲမှုမှာ ဗိုလ်ချုပ် ၃၀ ဦးသေဆုံးခဲ့တယ်လို့ဆိုထားတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။  အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။   “ရန်ကုန်တိုင်းစစ်ဌာနချုပ်ဆဖါက်ခွဲမှုဗိုလ်ချုပ်(၃၀)သေ  မအလနဲ့စိုးဝင်း ထိပ်တိုက်တွေ့ပြီးချကုန်ပြီဟေ့”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Television”အမည်နဲ့ ကျူ့ချန်နယ်ဟာ သတင်းမီဒီယာ အချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ချဲကားရေးသား ထားတဲ့ သတင်းခေါင်းစဉ် သို့မဟုတ် သတင်းခေါင်းစဉ်တု တပ်ပြီး ဖြန့်ဝေလေ့ ရှိတဲ့ ချန်နယ် တခုဖြစ်တာ တွေ့ရပါတယ်။ ဒီယူကျူ့ချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက် စိစစ်ဖော်ပြခဲ့တာရှိပါတယ်။ […]

Continue Reading

Fact Check: လိုင်ဇာအနီးက ဆုတ်ခွာလာတဲ့ စစ်သား ၅၀၀ လေယာဉ်နဲ့ ‌ဗုံးကြဲခံရဆိုတဲ့ သတင်းတု

လိုင်ဇာအနီးက ဆုတ်ခွာလာတဲ့ စစ်ကောင်စီ စစ်သား ၅၀၀ လေယာဉ်နဲ့ ဗုံးမှားကြဲမိလို့ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။   “လေယာဉ်နဲ့ဗုံးမှားကျဲပြီဟေ့  လိုင်ဇာအနီးစစ်စခန်းများမှဆုတ်ခွာလာတဲ့စစ်ခွေး(၅၀၀) လေယာဉ်နဲ့ဗုံးမှားကျဲမိပြီးအစုပြုံလိုက်သေကုန်ပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Television”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ အချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ချဲကားရေးသား ထားတဲ့ သတင်းခေါင်းစဉ် သို့မဟုတ် သတင်းခေါင်းစဉ်တု တပ်ပြီး ဖြန့်ဝေလေ့ရှိတဲ့ ချန်နယ်တခုဖြစ်တာ တွေ့ရပါတယ်။ Fact Crescendo […]

Continue Reading

Fact Check: AA က စစ်ကောင်စီရဲ့ MI-17 ရဟတ်ယာဉ်ပစ်ချမှုမှာ ဗိုလ်မှူးကြီး ၁၈ ဦးသေဆုံးဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား

ရခိုင့်တပ်(AA)က စစ်ကောင်စီရဲ့ MI-17 ရဟတ်ယာဉ်ပစ်ချမှုမှာ ဗိုလ်မှူးကြီး ၁၈ ဦးသေဆုံးခဲ့ပြီး ရဟတ်ယာဉ်မှုး တဦးပျောက်ဆုံးနေတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေ ထားရာမှာ ပျံ့နှံ့မှုအားကောင်း လျက်ရှိတယ်။ သတင်းခေါင်းစဉ်တုတပ်ဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့  ဗွီဒီယိုပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုအစမှာပြတဲ့ ဓာတ်ပုံစာသားထဲမှာ အောက်ပါအတိုင်းရေးသားထားပါတယ်။ ဖေဖော်ဝါရီ ၄ ရက်စွဲနဲ့ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ၁ ရက်အတွင်း ကြည့်ရှူ့မှုပေါင်း ၂သိန်း‌ကျော်ရရှိထားပါတယ်။ “FN-6 ရခိုင့်တပ်(AA)ထုတ်သုံးပြီ MI-17 ရုရှားထုတ် ရခိုင့်တပ် AA ပစ်ချလိုက်ပြီ ဗိုလ်မှူးကြီး(၁၈)ဦးသေဆုံး၊ ရဟတ်ယာဉ်မှူး အစဖျောက်” (မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အခုလို ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ […]

Continue Reading

Fact Check: ရန်ကုန်ကြည့်မြင်တိုင်ကို PDF တွေဝင်စီးတဲ့ သတင်းတုသတင်းမှား

ရန်ကုန်ကြည့်မြင်တိုင်ကို PDF တွေဝင်စီးတဲ့ သတင်းတုသတင်းမှားဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေ ထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းခေါင်းစဉ်တုတပ်ဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့  ဗွီဒီယိုပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုအစမှာပြတဲ့ thumbnail ဓာတ်ပုံထဲမှာ အောက်ပါအတိုင်းရေးသားထားပါတယ်။ ဖေဖော်ဝါရီ ၁ ရက်စွဲနဲ့ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ၂ ရက်အတွင်း ကြည့်ရှူ့မှုပေါင်း ၇၀၀၀၀ ‌ကျော်ရရှိထားပါတယ်။ “ရန်ကုန်၊ ကြည့်မြင်တိုင်ကို PDF များစီးနင်းကုန်ပြီဗျို့ အာဏာရူးအုပ်စုအသေဆိုးနဲ့သေကုန်ပြီ” (မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ သတင်းမီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။  အခုလို ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Television”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနအမည်ကို တုပထားတဲ့ ချန်နယ်တခုဖြစ်တယ်။ […]

Continue Reading

Fact Check: ပြင်ဦးလွင်မှာ စစ်အင်အားတသိန်းကျော်စုပြီး ရှမ်းမြောက်ကို ၄၈ နာရီ အတွင်း စစ်တပ်က ပြန်သိမ်းမယ်ဆိုတဲ့ သတင်းခေါင်းစဉ်တု

တရုတ်ရဲ့ကြားဝင်မှုနဲ့ အပစ်ရပ်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းကို ၄၈ နာရီအတွင်းပြန်လည်သိမ်းပိုက်နိုင်ဖို့ ပြင်ဦးလွင်မှာ စစ်သည်အင်အားတသိန်းကျော်စုထားတယ်လို့ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း လျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုသာဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ဇန်နဝါရီ ၁၇ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း တသိန်းသုံးသောင်းကျော်ရရှိထားပါတယ်။ “ရှမ်းမြောက်အထူးသတိဟေ့ ပြင်ဦးလွင်မှာ စစ်တပ်(၁)သိန်းကျော်လူစုကုန်ပြီဗျို့ ရှမ်းမြောက်ကို ၄၈ နာရီအတွင်းပြန်သိမ်းပိုက်မည်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒီလိုရေးသားဖြန့်ဝေထားတဲ့ Khit Thit Television အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်း လုပ်ငန်းမှာ နာမည်ကြီးတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနကို အမည်နာမကို တုပထားတဲ့ ချန်နယ်တခုဖြစ်ပါ တယ်။ ဒီယူကျူ့ချန်နယ်ဟာ […]

Continue Reading

Fact Check: ဦးဝါသဝရဲ့ ပျူစောထီးတွေ လက်နက်ချအလင်းဝင်တဲ့ သတင်းမှား

ဘုန်းကြီး စစ်ခေါင်းဆောင် ဦးဝါသဝရဲ့ ပျူစောထီးကွန်မန်ဒိုတပ်တွေ လက်နက်ချ၊ အညံ့ခံအလံဖြူထောင် အလင်းဝင်ပြီလို့ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်မှာ စာသားနဲ့ စခရင်ရှော့ကတော့ ဒီလိုမျှဝေထားတဲ့ ယူကျူ့ချန်နယ်တခုက ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုကို ရယူထားခြင်းဖြစ်တယ်။ ဒီဇင်ဘာ ၂၄ ရက်ကဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ တရက်အတွင်း ကြည့်ရှု့မှု အကြိမ်အရေအတွက် သိန်းခွဲဝန်းကျင်ရှိပါတယ်။ “ပျူကတုံးဝါသဝရဲ့အထူးကွန်မန်ဒိုတပ်ကြီး လက်နက်ချ၊အညံ့ခံအလံဖြူထောင်အလင်းဝင်ပြီဗျို” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကိုဖြန့်ဝေထားတဲ့ “Khit Thit Television”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ အချို့မှာ ဖော်ပြခဲ့ ပြီးဖြစ်တဲ့ သတင်းတွေကို ခေါင်းစဉ်တု သို့မဟုတ် ထင်ယောင်ထင်မှားဖြစ်စေတဲ့ သတင်းခေါင်းတွေတပ်ပြီး  ပြန် လည် ဖြန့်ချိပါတယ်။ ပြည်တွင်းသတင်းလုပ်ငန်းမှာ […]

Continue Reading

Fact Check: အင်ဒိုနီးရှားမှာ NUG နဲ့ အပစ်ရပ်ဆွေးနွေးမှုအပြီး စစ်ခေါင်းဆောင်က အာဏာပြန်လွှဲဖို့သဘောတူဆိုတဲ့ သတင်းမှား

အင်ဒိုနီးရှားမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ အပစ်ရပ်ဆွေးနွေးမှုအပြီး စစ်ခေါင်းဆောင်က အာဏာပြန် လွှဲဖို့သဘောတူဆိုတဲ့ သတင်းမှားပို့စ် ဖေ့စ်ဘွတ်နဲ့ ယူကျူ့အသုံးပြုသူတွေအကြား ဖြန့်ဝေနေတာတွေ့ရပါတယ်။ အောက်ပါစာသားတွေကတော့ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “မအလရှုံးပြီဟေ့ ဝန်ခံလိုက်ပြီ NUG နဲ့အပစ်ရပ်ဖို့ အင်ဒိုနီးရှားမှာဆွေးနွေး မအလ အာဏာပြန်လွှဲဖို့သဘောတူပြီ” (မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်ရှိပါဘူး။  အခုဖြန့်ဝေထားတဲ့ “Khit Thit Television”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ခေါင်းစဉ် တုတပ်ပြီး ပြန်လည်ဖြန့်ချိပါတယ်။ ထို့အပြင် ပြည်တွင်း သတင်းလုပ်ငန်းမှာ နာမည်ကြီးတဲ့ ရန်ကုန်ခေတ် သစ်မီဒီယာ အမည်နာမကို တုပထားတဲ့ ချန်နယ်တခုဖြစ်တာလည်းတွေ့ရပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်ကို […]

Continue Reading