Fact Check: ကောလင်းကို စစ်တပ်က ပြန်သိမ်းနိုင်ခဲ့တဲ့ ဓာတ်ပုံလား-မဟုတ်ပါ 

နိုင်ငံ‌ရေး

ကောလင်းမြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်နိုင်ပုံအဖြစ် ကောလင်းမြို့အဝင်ဆိုင်းဘုတ်နောက်ခံနဲ့ စစ်ကောင်စီ တပ်သားတဦးကို ရိုက်ကူးထားဟန်နဲ့ ဓာတ်ပုံဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ အမျိုးသား ညီညွှတ်ရေးအစိုးရ(NUG)သိမ်းပိုက်ထားတဲ့ မြို့ကို စစ်တပ်က ပြန်လည်ထိုးစစ်ဆင်နေစဉ်မှာပဲ အခုလို ဖြန့်ချိလာ တာပါ။ ပြုပြင်ပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံတပုံဖြစ်တာတွေ့ရပါတယ်။

အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဓာတ်ပုံနဲ့ ဖြန့်ဝေနေထားတဲ့ စာသား ကောက်နုတ် ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

“စစ်သတင်းတော့ မိမိစိတ်မဝင်စား သို့သော် ကောလင်း Patriot စစ်ကြောင်းဝင်ထားပြီ ဖြစ် ဧည့်စာရင်းစစ်ခြင်းများလုပ်ဆောင် Pdf စပ်ဆက်လူ ၁၀၀ ကျော်ဖမ်းဆီးမိထားသည်။”

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ဒီဓာတ်ပုံဟာ Photoshop နဲ့ပြုပြင်လုပ်ကြံထားတဲ့ ဓာတ်ပုံတပုံဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်မီဒီယာက ဖေဖော်ဝါရီ ၉ ရက်မှာ သတင်းဖော်ပြခဲ့ပါတယ်။ ဒီသတင်းထဲမှာပဲ ကောလင်းမြို့ထဲကို ချဉ်းကပ်လာတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာမှာ အကျအရှုံးများပြီး တပ်ပြန်ဆုတ်သွားတယ်လို့ ဖော်ပြခဲ့သလို ဓာတ်ပုံနဲ့ ပတ်သက်လို့ စိတ်ဓာတ်စစ်ဆင်ရေးတခုသာဖြစ်တယ်လို့ NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်ပြောကြောင်းလည်း ဖော်ပြပါတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။ 

Fact Crescendo Myanmar အနေနဲ့ ဓာတ်ပုံရဲ့ မူလကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ အိက်စ်(X) မှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်စွဲနဲ့ NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရပုဂ္ဂိုလ်ဆိုတဲ့ စာမျက်နှာကနေ ဖော်ပြခဲ့တဲ့ ဓာတ်ပုံတပုံကို တွေ့ရပါတယ်။ 

“မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း ကော့လင်းမြို့သည် တော်လှန်ရေးတပ်များ လွတ်မြောက်ပြီးနောက် ကြားဖြတ်အရပ်သား အုပ်ချုပ်မှုအောက်တွင် တစ်ဖန် ပြန်လည်ရှင်သန်လာခဲ့သည်။ #မြန်မာပြည်မှာ ဘာတွေဖြစ်နေလဲ။”(အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုထား)လို့ရေးသားလျှက် ဓာတ်ပုံတွေနဲ့အတူ အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – Twitter | Archive link

ကောလင်းမြို့အဝင်ဆိုင်းဘုတ်နောက်ခံနဲ့ စစ်ကောင် စစ်သားတဦး ရပ်နေတဲ့ ဓာတ်ပုံ(ဘယ်)နဲ့ မူလ NUG ပြောခွင့်ရရုံးက ၂၀၂၃ ခုနှစ်ကုန်ပိုင်းမှာ မျှဝေထားတဲ့ ဓာတ်ပုံ(ညာ)ကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

NUG ပြောခွင့်ရရုံးက ၂၀၂၃ ခုနှစ်ကုန်ပိုင်းမှာ မျှဝေထားတဲ့ မူလဓာတ်ပုံကို စစ်သားတယောက်ပုံကို ဒီဂျစ်တယ်နည်းလမ်းနဲ့ ဖြတ်ညှပ်ကပ်ပြီး ပြုပြင်ထားတဲ့ ဓာတ်ပုံဖြစ်တယ်။ ကောလင်းမြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့ လုံလောက်တဲ့အထောက်အထားလည်းမရှိပါ။

Avatar

Title:Fact Check: ကောလင်းကို စစ်တပ်က ပြန်သိမ်းနိုင်ခဲ့တဲ့ ဓာတ်ပုံလား-မဟုတ်ပါ 

Written By: နေရာမောင် 

Result: Altered


Leave a Reply

Your email address will not be published. Required fields are marked *