Fact Check: သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့နဲ့ မလွှတ်ရင် UN စစ်ကြေညာမယ်ဆိုတဲ့ သတင်းမှားပျံ့နှံ့
သမ္မတနဲ့ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အမိန့်ချလိုက်ပြီး လွှတ်မပေးရင် ကုလသမဂ္ဂက စစ်ကြေညာမယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခုက ဖေ့စ်ဘွတ်နဲ့ ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်လွဲတပ်ဗွီဒီယိုတွေသာ ဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ “အမေစုနဲ့သမ္မတကြီးကို ၄၈ နာရီအတွင်းချက်ချင်းလွှတ်ရမည် လုံခြုံရေးကောင်စီ(R2P) တစ်ပြိုင်နက်ဆုံဖြတ်လိုက်ပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Fb link | Archive link အလားတူပို့စ်ကို ယူကျူ့ဗွီဒီယိုရဲ့ ဒီနေရာမှာလည်းတွေ့နိုင်ပါတယ်။ အချက်အလက်စိစစ်ချက် အခုလိုဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ်တွေဟာ သတင်းမီဒီယာတွေကဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ် ဒါမှမဟုတ် သတင်းခေါင်းစဉ်တု တပ်ဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။ ဖေဖော်ဝါရီ ၅ ရက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာအရေးနဲ့ပတ်သက်လို့ တခါးပိတ်ဆွေးနွေး […]
Continue Reading