Fact Check: လူတယောက် ဖိနပ်တရံထက်ပိုပါက ဧည့်စာရင်းစစ်ဆေးခံရမယ်လို့ စစ်ကောင်စီ အမိန့်ထုတ်ခဲ့သလား- မဟုတ်ပါ

အာဏာသိမ်းအပြီး ရက်အနည်းငယ်ကတည်းက ထုတ်ပြန်ခဲ့တယ်လို့ဆိုထားတဲ့ လူတယောက် ဖိနပ်တရံထက် ပိုရင် ဧည့်စာရင်းစစ်ဆေးခံရမယ်လို့ အမိန့်ထုတ်ခဲ့ တယ်ဆိုတဲ့ အမိန့်စာတခု ယခုရက်ပိုင်း ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု ပြန်လည် အားကောင်းနေတယ်။ သတင်းမှား တခုသာဖြစ်တယ်။  ၂၀၂၁ ခုနှစ် မတ် ၁၀ ရက်စွဲနဲ့ ဒီအမိန့်ကြေညာမှာ ဧည့်စာရင်းရှောင်တခင် စစ်ဆေးမိန့်အရ အိမ် တစ်အိမ်မှာ လူတဦး ဖိနပ်တရံသာရှိရမည်ဖြစ်ပြီး လူဦးရေထက် ဖိနပ်အရံရေပို နေသည်ကို စစ်ဆေးတွေ့ရှိပါက အိမ်ထဲသို့ ဝင်ရောက်ရှာဖွေခံရမည်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ရေးထိုး ပြန်ထားတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။  “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၁၉၊ […]

Continue Reading

Fact Check: အစ္စရေးနဲ့ အီရန် ငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်ပေးမယ်လို့ စစ်ခေါင်း‌ဆောင်ပြောတဲ့သတင်းတု

အစ္စရေးနဲ့ အီရန် ငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်ပေးမယ်လို့ စစ်ခေါင်း‌ဆောင်ပြောကြောင်း စစ်တပ်ပိုင် မြဝတီသတင်းဌာနက ‌ဖော်ပြချက်အဖြစ် စခရင်ရှော့ဓာတ်ပုံပို့စ် ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်း ဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “အစ္စရေးနှင့် အီရန်တို့ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ကြရန် နစကဥက္ကဌကြီး တိုက်တွန်း ၊ နှစ်နိုင်ငံငြိမ်းချမ်းရေးအတွက် ကိုယ်တိုင်ကြားဝင်စေ့စပ်ပေးမည်ဟုပြောကြား” Original link | Archive link တူညီတဲ့ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ အချက်အလက်စိစစ်ချက် ဒီလိုရေးသားဖြန့်ဝေထားတာတွေကို ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့ တုန့်ပြန်မှုကို လေ့လာကြည့်ရာမှာ အများစုက သရော်စာအဖြစ်နားလည်ပေမဲ့ တချို့က နားလည်းမှုလွဲစေတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ကြည့်ရ အောင်ပါ။ မြန်မာစစ်တပ်နဲ့ စပ်ဆက်နေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ စစ်တပ်ပိုင် သတင်းဌာနတွေကို စစ်အာဏာသိမ်း အပြီး ရက်ပိုင်းအတွင်းမှာပဲ […]

Continue Reading

Fact Check: ၂၄ နာရီ လျှပ်စစ်မီးပေးမယ်လို့ စစ်တပ်ထိန်းချုပ်ထားတဲ့ ရုပ်သံက ကြေညာခဲ့သလား- မဟုတ်ပါ

၂၄ နာရီ လျှပ်စစ်မီးပေးမယ်လို့ စစ်တပ်က သူတို့ထိန်းချုပ်ထားတဲ့ MRTV ရုပ်သံသတင်းက တဆင့် ကြေညာခဲ့တယ်လို့ ဆိုထား ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ဒီပို့စ်တွေမှာ လူမှုကွန်ယက်အသုံးပြုသူတွေရဲ့ တုန့်ပြန်မှုကို လေ့လာရာမှာ အများစုက သရော်စာ တခုအဖြစ်သာ နားလည်ပေမဲ့ တချို့ကတော့ လျှပ်စစ်မီး ၂၄ နာရီ ပေးမယ်လို့ အမှန်တကယ်ကြေညာခဲ့သလားဆိုတာကို ဝေခွဲမရဖြစ်နေတာတွေ့ရပါတယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “(၂၄)နာရီ လျှပ်စစ်မီး အပြည့်အဝ ပေး​တော့မည်ဖြစ်၍ မီတာခကိုပါ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ကြေညာသွားသည်။😳😳” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီလိုမျှဝေထားတဲ့ အကြောင်းအရာဟာ သရော်ထားခြင်းသာဖြစ်ပါတယ်။ ဒီလို ရေးသားမျှဝေထားတဲ့ ဖေ့စ်ဘွတ်အကောင့်ကိုလေ့လာကြည့်မယ်ဆိုရင်လည်း […]

Continue Reading

Fact Check: လေယာဉ်တွေပစ်မချဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်းတောင်းပန်တဲ့ သတင်းတု

တန်ကြေးကြီးလို့ လေယာဉ်တွေကို ပစ်မချဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တောင်းပန်လိုက် တယ်လို့ ဆိုထားတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သရော်စာပို့စ်တခုသာဖြစ်တယ်။ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီလိုပြောကြားခဲ့တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “တပ်မတော်ရဲ့ တိုက်လေယဥ်တွေကို ပစ်မချကြဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်း မေတ္တာရပ်ခံ.. 😁😁 “ကချင်မှာ ဒီကနေ့ လားရိူးလေတပ်ကနေ တက်သွားတဲ့ Mi35P တစီး ပစ်အချခံရတယ် ဆိုတာတော့ ကျတော်အနေနဲ့ အတိအကျ မသိရသေးပါဘူး။ ဟုတ်ချင်မှလဲ ဟုတ်မှာပါ၊ ဒီလိုပဲ ဒေါ်လာစားမီဒီယာတွေက တပျမတောျသိက်ခါကအြောငျ ကောလဟာလတွေ တမင်ရည်ရွယ်ချက် ရှိရှိ လွှင့်နေကြတာပဲ ဖြစ်ပါလိမ့်မယ်” ဟု့ စပြီး ပြောပါတယ်။ ဆက်လက်၍ “အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ကျ […]

Continue Reading

Fact Check: အိုဘားမားနဲ့တွေ့ဆုံစဉ် ဂျပန်ဝန်ကြီးချုပ် မိုရီရဲ့ အင်္ဂလိပ်လို မှားယွင်း ပြောကြားချက်လား- တကယ်မဟုတ်ပါ

အင်္ဂလိပ်လို မပြောတတ်တဲ့ ဂျပန်ဝန်ကြီးချုပ်မိုရီဟာ အမေရိကန်သမ္မတ အိုဘားမားနဲ့တွေ့ဆုံစဉ်မှာ မှားမှားယွင်း ယွင်းပြောဆိုခဲ့တဲ့ တကယ်အဖြစ်အပျက်ဆိုပြီးတော့ ဓာတ်ပုံစာသားပို့စ်တစ်ခု ‌ မြန်မာဘာသာနဲ့ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ တကယ်တော့ အမှန်တကယ်အဖြစ်အပျက် တစ်ခုမဟုတ်ဘဲ နိုင်ငံရေးဟာသတစ်ခုသာဖြစ်ပါတယ်။ အောက်ပါစရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခုဖြစ်ပါတယ်။ ဝန်ကြီးချုပ်မိုရီဟာ ဝါရှင်တန်ကိုသွား ရောက်ပြီး သမ္မတအိုဘားမားနဲ့မတွေ့ခင်မှာ အင်္ဂလိပ်လို အပြန်အလှန်ပြောဆို နှုတ်ဆက်တဲ့ စကားပြောကို သင်ယူခဲ့ပြီး “Who”နဲ့ “How”မှားယွင်းပြောကြားမိတာကြောင့် ဟာသဖြစ်ခဲ့ရသလို အရှက်တကွဲဖြစ်ခဲ့ရတဲ့ အကြောင်းရေးသားထားတာဖြစ်ပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဖြန့်ဝေထားတဲ့ ပို့စ်အောက်မှာ ဒီဖြစ်စဉ်တကယ်မဟုတ်ဘဲ ဟာသဖြစ်တဲ့အကြောင်းမှတ်ချက်ပေးကြတာ တွေ့ရပါတယ်။ ပထမဆုံး အမေရိကန်သမ္မတအိုဘားမားနဲ့ ဂျပန်မှာ […]

Continue Reading

Fact Check: ကာတာအသင်း ကမ္ဘာ့ဖလားကစောစောစီးစီးထွက်ခဲ့ရလို့ ကာတာဘုရင် စိတ်ပျက် လက်ပျက်ထိုင်နေတဲ့ပုံလား-မဟုတ်ပါ

ဒေါ်လာ ဘီလျံများစွာ အကုန်ကျခံပြီး ကမ္ဘာ့ဖလား ကျင်းပပေးခဲ့ပေမဲ့ ကာတာအသင်းဟာ အုပ်စုအဆင့်က နေပဲထွက်ခဲ့ရပြီးနောက် ကာတာဘုရင်ဟာ စိတ်ပျက်လက်ပျက်နဲ့ ဘောလုံးကွင်းထဲမှာ ထိုင်နေပုံ အဖြစ် ဓာတ်ပုံပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သရော်ထားတဲ့ပို့စ်သာဖြစ်ပါတယ်။ ဓာတ်ပုံထဲက ပုဂ္ဂိုလ်ဟာ ဆော်ဒီအာရေးဗီးယားကလပ် Al-Nassr အသင်းမန်နေဂျာရဲ့ ဓာတ်ပုံဖြစ်ပြီး ၂၀၂၀ ခုနှစ်အတွင်းက ဓာတ်ပုံဖြစ်ပါတယ်။ “ဒေါ်လာ ဘီလျံများစွာ အကုန်ကျခံပြီး ကမ္ဘာ့ဖလား ကျင်းပပေးခဲ့ သော်လည်း အုပ်စုမှ အစောဆုံး ထွက်ခဲ့ ရပြိးနောက် ကာတာဘုရင် အခြေအနေ”လို့ ရေးသားပြီး “Soccer 88 Sports News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက နိုဝင်ဘာ ၃၀ ရက်က အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၇၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link […]

Continue Reading

Fact Check: အမေရိကန်လွှတ်တော်အမတ် Ted Cruz ကို အဆိုတော် Harry Styles ဖက်နမ်းနေတာလား- မဟုတ်ပါ

အများမြင်ကွင်းမှာ အမျိုးသားနှစ်ယောက်နမ်းရှုံ့နေတဲ့ဓာတ်ပုံတစ်နဲ့အတူ အဆိုတော်နဲ့ သရုပ်ဆောင် ဟာရီစတိုင်း (Harry Styles) ကအမေရိကန်အထက်လွှတ်တော်အမတ် တက်ဒ်ခရုဇ်(Ted Cruz)ကို ဖက်နမ်းတဲ့ပုံဆိုပြီး ပို့စ် တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ အမေရိကန် အထက်လွှတ်တော်အမတ်ဟာ တက်ဒ်ခရုဇ် ဟာ မကြာသေးခင်က လိင်တူချစ်သူတွေကို ဝေဖန်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီပို့စ်ဟာ သရော်ထားတဲ့ပို့စ်တစ်ခုသာ ဖြစ်ပြီး ဒီဓာတ်ပုံဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၅ ရက်မှာ ဟာရီစတိုင်းက သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကား ရုံတင်ပြသတဲ့ ရုပ်ရှင် ပွဲတော်တစ်ခုမှာ သူနဲ့အတူ သရုပ်ဆောင်ခဲ့တဲ့ အမေရိကန်သရုပ်ဆောင် နစ်ခ်ခရိုလ်(Nick Kroll)ကို အနမ်းပေးနေတဲ့ပုံပဲဖြစ်ပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ […]

Continue Reading

Fact Check: အာဆီယံ အစည်းအဝေးတက်ခွင့်မရလို့ စစ်တပ်ထောက်ခံသူများ ဆန္ဒပြပုံ လား-မဟုတ်ပါ

အာဆီယံကို စစ်တပ်ထောက်ခံသူတွေ ဆန္ဒပြနေတယ်ဆိုပြီးတော့ လူအများအပြားစုဝေးနေပုံနဲ့ လမ်းလျှောက် နေပုံကို ရိုက်ကူးထားတဲ့ ဓာတ်ပုံ ၆ ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေ လျှက်ရှိပါတယ်။ စစ်တပ်ခေါင်း ဆောင်အပါအဝင် နိုင်ငံရေးရာထူးရှိသူ မည်သူကိုမဆို အာဆီယံအစည်း အဝေးတက်ရောက်ခွင့် မရဖြစ် ပြီးနောက်မှာ ဒီလိုမျှဝေလာတာဖြစ်ပါတယ်။ သို့သော်လည်း ဓာတ်ပုံတွေဟာ ဖေဖော်ဝါရီကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပြီး စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုဓာတ်ပုံတွေဖြစ်ပါတယ်။ “ယနေ့ ရန်ကုန်တွင် တပ်မတော်ထောက်ခံသူများ စုပေါင်းပြီး အာဆီယံအဖွဲ့ကြီးအား ကန့်ကွက်ဆန့်ကျင်ခဲ့ကြ ပါတယ်”လို့ရေးသားပြီး “June June”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားတဲ့ ပျံ့နှံ့မှု အားကောင်းခဲ့တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: Quad နဲ့ မြန်မာကမ်းစောင့်တပ် ပင်လယ်ပြင်တိုက်ပွဲဖြစ်တယ်ဆိုတာ မဟုတ်ပါ

အမေရိကန်ရေတပ် လေယာဉ်တင် သင်္ဘော USS carl vinson ဦးဆောင်တဲ့ Quad အဖွဲ့နဲ့ မြန်မာစစ်တပ် ဘင်္ဂ လားပင်လယ်အော်မှာ တိုက်ပွဲဖြစ်ခဲ့ရာမှာ USS  carl vinson သင်္ဘောကို ဖျက်ဆီးလိုက်နိုင်တယ်လို့ ရေးသား တဲ့ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြုသူထောင်ပေါင်းများစွာ ပြန်လည်မျှဝေလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ ဒီလိုတိုက်ပွဲအတွင်းမှာ ကိုကိုးကျွန်းအခြေစိုက် မြန်မာရေတပ်ကနေ ဒုံးကျဉ် ၂၁ လုံး၊ကမ်းစောင့်တပ်ကလည်း တော်ပီဒို ၃၂ လုံးနဲ့ ပစ်ခတ်ခဲ့ပြီး မင်္ဂလာဒုံလေတပ်ကနေလည်း SuKhoi-35 တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့ တယ်လို့ ရေးသားထားပါတယ်။ သို့သော် ဒီလို ထိပ်တိုက်ထိတွေမှုအပါအဝင် တိုက်ပွဲဖြစ်ခဲ့တယ်ဆိုတဲ့အထောက်အထားမတွေ့ရပါဘူး။  â€œMin Aung Aung”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ရေးသား မျှဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းခဲ့တဲပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ “ပွဲကတော့စပြီ USS carl […]

Continue Reading

Fact Check: ဒေါ်ကြူကြူလှကို ဩဇာအရှိဆုံးအမျိုးသမီးအဖြစ်ဖော်ပြခဲ့ခြင်း မရှိပါ

စစ်တပ်ထိန်းချုပ်ထားတဲ့ မြန်မာ့အလင်းသတင်းစာမှာ စက်တင်ဘာ ၁၇ ရက်က စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ရဲ့ဇနီး ဒေါ်ကြူကြူလှကို မြန်မာနိုင်ငံရဲ့ ဩဇာအရှိဆုံးအမျိုးအသီးအဖြစ်ဖော်ပြခဲ့တယ် ဆိုပြီးတော့ ဖေ့စ်ဘွတ်မှာမျှဝေလျက်ရှိပါတယ်။  မြန်မာ့အလင်းသတင်းစာရဲ့ မျက်နှာဖုံးကို ပြုပြင်ပြောင်းလဲပြီး ဟာသပြုလုပ်မျှနေခြင်းဖြစ်ပါတယ်။   â€œá€™á€źá€”်မဏနိုင်ငလတွင် ဩဇာအာဏာအရှိဆုံးအမျိုးသမီးအဖြစ် ဒေါ်ကြူကြူလှကို မြန်မာ့အလင်း၊ ကြေးမုံသတင်းစာ များမှ ဖော်ပြ  17. 9. 2021”လို့ရေးသားပြီး “ဟားတော်မူ”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက စက်တင်ဘာ ၁၇ ရက်ထုတ် မြန်မာ့အလင်း သတင်းစာရဲ့ မျက်နှာဖုံးအတူ အောက်ပါအတိုင်း မျှဝေထားပါတယ်။ အလားတူ ရေးသားမျှဝေထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါ တယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် စစ်တပ်ခန့် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ […]

Continue Reading