
ကိုရိုနာဗိုင်းရပ်စ်ရှိမရှိ အလွယ်တကူ စစ်ဆေးနည်း၊ ကာကွယ်နည်းနဲ့ ကုသနည်းအဖြစ် မျှဝေလျက်ရှိတဲ့ ပို့စ်တစ်ခုဟာ လူမှုကွန်ယက်အသုံးပြုသူ ထောင်ပေါင်းများစွာက မျှဝေလျက်ရှိပြီး လူမှုကွန်ယက်အသုံးပြုသူတွေ ကို လူပေါင်းများစွာကိုနားလည်မှုလွဲမှားစေနိုင်တာ တွေ့ရပါတယ်။
ပျံ့နှံ့ အသက်ပြင်းပြင်းရှူပြီး ၁၀ စက္ကန့် အောင့်ထားနိုင်ရင် ကိုရိုနာဗိုင်းရပ်စ်ရှိမရှိ သိနိုင်ပြီး အလွယ်ဆုံးကာကွယ်မှု အဖြစ် အိပ်ရေးဝဝအိပ်၊ မနက်စာပုံမှန်စား၊ ဒိန်ချဉ်သောက်၊ ကြက်သွန်ဖြူ များများစား၊ ပျားရည် ဂျင်းပြုတ်ရည် သံပုရာရည်သောက်၊ နေ့လည်မှာ လက်ဖက်ရည်သောက် စသည်ဖြင့် အချက် ၈ ချက်အကြံပြုထားပါတယ်။ ကုသနည်းအဖြစ် ခရမ်းလွန်ရောင်ခြည် ၊အပူချိန် ၅၆ ဒီဂရီစတီဂရိတ်ပူချိန်မြင့်တာ၊ လေဝင်လေထွက်ရှိတဲ့ နေရာ၊ ကလိုရင်း ပိုးသတ်ဆေး ၊အရက် ၇၅ ရာခိုင်နှုန်းပါဝင်တာ၊လက်တွေကို မကြာခန ဆေးကြောတာနဲ့ ကိုယ်ခံအား ကောင်းခြင်းပဲဖြစ်တယ်လို့လည်းရေးသားထားပါတယ်။
လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ ပို့စ်ကိုအောက်ပါအတိုင်းတွေ့ ရပါ တယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ဒီလိုမျှဝေလျက်ရှိတဲ့ပို့စ်ဟာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာမှာလည်း ပြီးခဲ့တဲ့ လများစွာကတည်းက ပျံနှံ့လျက်ရှိပြီး နားလည်မှုလွဲမှာစေနိုင်တဲ့ အချက်အလက်မှားဖြစ်ကြောင်း AFP က မတ်လကတည်းက အင်္ဂလိပ်ဘာသာနဲ့ အချက်အလက်စိစစ်ဖူးတာတွေ့ရပါတယ်။
အသက် ၁၀ စက္ကန့်အောင့်ထားနိုင်ရုံနဲ့ ကိုရိုနာဗိုင်းရပ်စ်ရှိမရှိမသိရှိနိုင်တဲ့အကြောင်း Fact Crescendo Myanmar က ဧပြီ ၁၅ ရက်မှာ အချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်မှာတွေ့နိုင်ပါတယ်။
ကိုဗစ်နိုင်တင်းကိုအကောင်းဆုံးကာကွယ်နိုင်တဲ့ နည်းလမ်းကတော့ အချက် ၃ ချက်ပဲရှိပါတယ်။ ပါးစပ်နဲ့ နာခေါင်းစည်းတပ်ခြင်း၊ လက်ကို စနစ်တကျဆေးကြောခြင်းနဲ့ တစ်ဦးနဲ့တစ်ဦးခပ်ခွာခွာ နေခြင်းပဲဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ အချက်အလက်လည်း ဖြစ်ပါတယ်။

မူရင်းလင့်ခ် – WHO | Archive link
ကုသရေးနည်းလမ်းအဖြစ် ဖျားနေတယ်လို့ ထင်ရတဲ့သူတွေအတွက် ကိုယ်တိုင်လုပ်သင့်တဲ့အချက် တွေအဖြစ် အိပ်ရေးဝဝအိပ်တာ၊ အစာအဟာရ ပြည့်ဝအောင်စားသုံးတာ၊ အခြားသောမိသားစုဝင်တွေနဲ့ သီးသန့်ခွဲခြားနေ ထိုင်တာ၊ ဖြစ်နိုင်ရင် ရေချိုးခန်းနဲ့အိမ်သာခွဲသုံးတာ၊ ထိတွေ့ကိုင်တွယ်မှုရှိတဲ့မျက်နှာပြင်တွေကို မကြာခဏ ပိုးသတ်ဆေးကြောသန့်စင်တာတွေလုပ်သင့်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အများပြုသူအတွက် အကြံပြု ချက်အနေနဲ့ အကြံပြုထားပါတယ်။ ဒီလိုခက်ခဲတဲ့အချိန်မှာ လူတိုင်း အစာအဟာရမျှမျှအောင်စားသုံးတာ၊ အိပ်စက်အနားယူတာ၊ တက်တက်ကြွကြွနေထိုင်ဖို့ စိတ်ဓာတ်မကျဖို့၊ တစ်ယောက်နဲ့တစ်ယောက် အင်တာနက်၊ ဖုန်းတို့နဲ့ အဆက်အသွယ်လုပ်ကြဖို့၊ ချစ်ခင်ရင်းနှီးရသူတွေနဲ့ ဖွင့်ဟတိုင်ပင်ခြင်းအားဖြင့် သောကတွေကို လျော့ချဖို့ စတဲ့ အချက်အလက်တွေပါဝင်ပါတယ်။

ဆေးဝါးနဲ့ကုသမှုခံယူရေးနည်းလမ်းအဖြစ် ကိုဗစ်နိုင်တင်းနဲ့ပတ်သက်တဲ့ သံသယရှိခဲ့မယ်ဆိုရင် သီးခြားခွဲနေ ထိုင်ပြီး နီးစပ်ရာကျန်းမာရေးဌာနတွေကို အကြောင်းအကြားပြီး လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်ဖို့ဖြစ်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်ရ လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိတဲ့ ၁၀ စက္ကန့် အောင့်ထားနိုင်ရင် ကိုရိုနာဗိုင်းရပ်စ်ရှိမရှိ သိနိုင်ပြီး အိပ်ရေးဝဝအိပ်၊ ဒိန်ချဉ်သောက်၊ ကြက်သွန်ဖြူ များများစား၊ ပျားရည် ဂျင်းပြုတ်ရည် သံပုရာရည်သောက်၊ နေ့လည်မှာ လက်ဖက်ရည်သောက်ခြင်းအားဖြင့် ကိုဗစ်နိုင်တင်းကို အလွယ်ဆုံးကာကွယ်နိုင်တယ်ဆိုတဲ့ အချက်ဟာ အထောက်အထားမရှိတဲ့ အချက်အလက်မှားတွေဖြစ်ပါတယ်။

Title:နားလည်မှုလွှဲမှားစေနိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကုသနည်း ၇ မျိုးနဲ့ ကာကွယ်နည်း ၈ ချက်ပျံ့နှံ့နေ
Fact Check By: Nayar MaungResult: Misleading