
ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း စစ်ရေးအရအရေးပါတဲ့ စစ်ကောင်စီရဲ့ ခမောင်းဆိပ် ဗျူဟာကုန်းမှာ ရက္ခိုင့်တပ်တော် ( AA )တွေ သေဆုံးမှု့များလာခြင်းကြောင့် ပရဟိတကျောင်းဝန်းထဲက အဆောင်တွေကို AA က မီးရှို့ ဆိုပြီး အထုတ်တွေနဲ့ လူတွေထွက်ပြေးနေပြီး မီးခိုးလုံးကြီးများ တလိပ်လိပ်တက်နေပြီး တဲအိမ်တွေ မီးလောင်လျက် ရှိသည့်ဓာတ်ပုံကို အသုံးပြုထားတဲ့ ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။
တကယ်တော့ ဒီဓာတ်ပုံတွေဟာ ၂၀၁၃ ခုနှစ်က ထိုင်းနိုင်ငံ မဲဟောင်ဆောင်ရှိ မဲစုရင် (Mae Surin) ဒုက္ခသည် စခန်းမှာ မီးလောင်မှုဖြစ်စဉ်က ပုံတွေဖြစ်ပါတယ်။
” ခမောင်းဆိပ် ဗျူဟာကုန်းလာပစ်တဲ့ AA ွေ တ အသေများလာတော့ ပရဟိတကျောင်းဝန်းထဲက အဆောင်တွေကို မီးရှို့ခဲ့ပါတယ် AA ရဲ့မရိုးလှသော ဗျူဟာအကွက်များ ” ဆိုပြီး ဓာတ်ပုံဟောင်းကို အသုံးပြုပြီး “ ဘဘကြီး “ဆိုတဲ့အကောင့်အမည်နဲ့ ဖြန့်ဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
အလားတူ တူညီတဲ့ရေးသားမှုမျိုးနဲ့ ဖြန့်ဝေနေတဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီေနရာ၊ဒီေနရာ မှာကြည့်ပါ။

အချက်အလက်စိစစ်ချက်
Google မှာ ဓာတ်ပုံရှာနည်းကို အသုံးပြုပြီး ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ ၂၀၁၃ ခုနှစ်က ထိုင်းနိုင်ငံ မဲဟောင်ဆောင်ရှိ မဲစုရင် (Mae Surin) ဒုက္ခသည်စခန်းမှာ မီးလောင်မှုဖြစ်စဉ်ကပုံဖြစ်ပါတယ်။

မူရင်းလင်ခ့် – CTN | Archive link
ဒီဓာတ်ပုံသတင်းကို အသုံးပြုပြီး မကြာခဏဆိုသလို သတင်းမှား ဖြန့်ဝေနေတာဖြစ်ပါတယ်။ Myanmar Factcresendo ကလည်း ၂၀၂၁ ခုနှစ် မေလအတွင်းကလည်း သတင်းအမှားအဖြစ် စိစစ်ဖော်ပြခဲ့ပါတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။
မောင်တော ခမောင်းဆိပ်ပရဟိတကျောင်း မီးရှို့ခံရမှုဟာ မြန်မာစစ်တပ်လက်ချက်လို့ AA ပြောထားတာကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂ ရက်နေ့ BNI သတင်းဌာနက ဖော်ပြထားပါတယ်။ ဒီနေရာမှာ ကြည့်ပါ။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ မောင်းတော ခမောင်းဆိပ် ပရဟိတကျောင်းဝန်းထဲက အဆောင်တွေကို မီးရှို့တဲ့ဓာတ်ပုံဟာ ၂၀၁၃ ခုနှစ်က ထိုင်းနိုင်ငံနယ်စပ်မှာရှိတဲ့ မဲစုရင် ဒုက္ခသည်စခန်းမီးလောင်မှုဖြစ်စဉ်ပုံတွေ ဖြစ်ပါတယ်။ ခမောင်းဆိပ်ဗျူဟာကို တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ဒီပရဟိတကျောင်းကို မီးရှိုခဲ့တာလို့ လွတ်လပ်တဲ့မီဒီယာတွေမှာဖော်ပြပါတယ်။

Title:Fact Check: AA က ခမောင်းဆိပ်ပရဟိတကျောင်းဝန်းထဲကအဆောင်တွေကို မီးရှို့တဲ့ ဓာတ်ပုံလား-မဟုတ်ပါ
Fact Check By: Zun ZeeResult: Misleading