၂၀၁၅ ခုနှစ် လောက်ကိုင်တိုက်ပွဲက ပုံတွေကို AA အဖွဲ့ရဲ့ လက်ချက်နဲ့ တပ်မ​ေတာ်သား တွေကျဆုံးပုံအဖြစ် သတင်းမှားဖြန့်

False နိုင်ငံရေး | Politics

ပုဏ္ဏားကျွန်းမှာ မြန်မာ့တပ်မတော်သား ငါးဦးအား အသေပစ်ခတ်ဖမ်းဆီးရမိတယ်ဆိုတဲ့ စစ်သားတွေ မြေပြင်မှာ လဲကျနေပုံနဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ 

ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “ရခိုင်ပြည်နယ်ပုဏ္ဏားကျွန်း ကွန်းတောင်ရွာအနီးတဝိုက် အများပြည်သူရပ်ရွာများအား ခိုးဆိုးလုနှိုက်နေသော တပ်မတော်စစ်ကြောင်းတခုသည် ၂၀၂၀ စက်တင်ဘာလ(၁)ရက်နေ့က ရခိုင်အမျိုးသား အဖွဲ့ချုပ်ထိမ်းချုပ်ရာ နယ်မြေအတွင်းသို့ မတရားကျူးကျော် ဝင်ရောက်လာသဖြင့် သက်ဆိုင်ရာ နယ်မြေတာ ဝန်ခံစစ်ဒေသကင်းအဖွဲ့မှ ရပ်တန့်စစ်ဆေးရန်အကြောင်းကြားရာ လက်မခံပဲ ထွက်ပြေးကြသဖြင့် ရခိုင့် တပ်တော်မှ မလွှဲသာမရှောင်သာ၍ ခြောက်လှန့်ပစ်ခတ်စဉ် မြန်မာတပ်မတော်သားငါးဦးကျဆုံးသွားခဲ့ပြီး ၎င်းတို့နှင့်အတူပါလာသော လက်နက်ခဲ ယမ်း ကျည်ဆံများပါထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း FDM သတင်းဌာန၏ ထုတ်ပြန်ကြေငြာချက် အရသိရပါ သည်”စသည်ဖြင့် ရေးသားထားပြီး “တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားတာပါတယ်။

LinkArchive link

အလားတူပို့စ်ကို “စော ဒေဝီ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက စက်တင်ဘာ ၂ ရက်က မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၂၅၀ ဝန်းကျင်ရှိပါတယ်။“စော ဒေဝီ”ရဲ့ပို့စ်ကိုဖေ့စ်ဘွတ်အုပ်စုတွေဖြစ်တဲ့ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားပါတယ်။

အချက်အလက်စိစစ်ချက်

တပ်မတော်ရဲ့ သတင်းတွေကို ပုံမှန်ထုတ်ပြန်နေတဲ့ “တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့”စာမျက်နှာ ဒီလိုသတင်းမျိုးမတွေ့ရှိရပါဘူး။ အခုလို တပ်မတော်ကို ပုတ်ခတ်တိုက်ခိုက်ရေးသားတဲ့ သတင်းတွေကို ပုံမှန်တင်နေတဲ့ ဒီ“တပ်မတော်သတင်းမှန်ကြာရေးအဖွဲ့”စာမျက်နှာဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော်နဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်တွေကို ပုံမှန်ထုတ်ပြန်ပေးနေတဲ့ စာမျက်နှာထက် ၂၆ ရက်စောပြီးတော့ ပုံစံတူစာမျက်နှာဖွင့်ထားရှိထားနိုင်ခဲ့တာကိုလည်းတွေ့ရပြီး ဒီစာမျက်နှာကို နောက်ကွယ်ကကိုင်ထားသူတွေဟာ တရုတ်နိုင်ငံက ၂ ယောက်နဲ့ အာရပ်စော်ဘွာများပြည်ထောင်စုက ၁ တစ်ယောက်ဖြစ်နေတာလည်းတွေ့ရပါတယ်။

ဒီပို့စ်မှာ အသုံးပြုထားတဲ့ စစ်သားတွေ မြေပြင်မှာလဲကျသေဆုံးနေတဲ့ ဓာတ်ပုံကို Google မှာ ပုံပြောင်းပြန်ရှာ နည်းနဲ့ အဓိကကျတဲ့ စကားလုံးတွေ အသုံးပြုပြီးရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံတွေဟာ historysea.com မှာ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃ ရက်က ဖော်ပြထားတာတွေ့ရပါတယ်။ Google Translate ကိုအသုံးပြုပြီး ဘာသာပြန် ဆိုကြည့်ရာမှာ ၂၀၁၅ ခုနှစ်က  ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မှာ တပ်မတော်နဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့တို့အကြားဖြစ်ပွားခဲ့တဲ့တိုက်ပွဲ ၄ နှစ်ပြည့်ကို ဖော်ပြတဲ့ တရုတ် ဘာသာနဲ့ဆောင်းပါး တစ်ပုဒ်မှာ တွေ့ရှိရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Link

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ပုဏ္ဏားကျွန်းမှာ မြန်မာ့တပ်မတော်သား ငါးဦးကျဆုံးတဲ့သတင်း ထုတ်ပြန် ချက်မျိုးမတွေ့ရှိရသလိုဒီသတင်းက ဓာတ်ပုံဟာ ၂၀၁၅ ခုနှစ် ကိုးကန့်တိုက်ပွဲတုန်းက ကျဆုံးစစ်သည်တွေရဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။

Avatar

Title:၂၀၁၅ ခုနှစ် လောက်ကိုင်တိုက်ပွဲက ပုံတွေကို AA အဖွဲ့ရဲ့ လက်ချက်နဲ့ တပ်မ​ေတာ်သား တွေကျဆုံးပုံအဖြစ် သတင်းမှားဖြန့်

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *