
ဘင်္ဂလားဒေ့ရှ်ဟာ ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့နိုင်ငံအတွင်း ထည့်သွင်းဖို့ ကြံနေတယ်ဆိုတဲ့ပို့စ်တွေ လူမှုကွန် ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့နေပါတယ်။
“Bangladesh Military Affairs”စာမျက်နှာက ရေးသားဖော်ပြချက်တွေကို ကိုးကားပြီး ပြန်လည်မျှဝေနေကြရာမှာ “Win Htein Oo” ၊ “Nay Zin Latt” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူတွေက အောက်ပါအတိုင်း အသီးသီးဖော်ပြထား တာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
“Win Htein Oo” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူ ဒီပို့စ်မှာပါတဲ့ပုံတွေထဲက AA တပ်ဖွဲ့ဝင်များအား ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် သင်တန်းပေးနေပုံဆိုတဲ့ ပုံကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။

၂၀၁၄ ခုနှစ်က ဖေဖော်ဝါရီလထဲမှာ တောင်အာဖရိကဖောင်ဒေးရှင်းဟာ တရားမဝင်တောလိုက်တာတွေကို စောင့်ကြည့်မယ့်လုပ်ငန်းအတွက် ဒေါ်လာသန်းပေါင်းများစွာရရှိဆိုတဲ့ သတင်းမှာ ဒီပုံကို သုံးစွဲထားတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
“Win Htein Oo” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူ ဒီပို့စ်မှာပါတဲ့ပုံကိုအောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

ဖေ့စ်ဘွတ်မှာ“Bangladesh Military Affairs”လို့ရိုက်ရှာမယ်ဆိုရင် ဒီစာမျက်နှာကို ရှာဖွေမတွေ့ရှိနိုင်တာ တွေ့ရ ပြီး အခြားနိုင်ငံတွေကရှာရင်တော့ တွေ့နိုင်ပါတယ်။
“Bangladesh Military Affairs”အမည်နဲ့စာမျက်နှာ အင်္ဂလိပ်ဘာသာနဲ့အောက်ပါအတိုင်းရေးသား ထားတာတွေ့ ရပါတယ်။ သဘာဝအရင်းအမြစ်ပေါကြွယ်ဝတဲ့ ဘင်္ဂလားဒေ့ရှ်ကို ရခိုင်နဲ့ဆက်သွယ်နိုင်မယ်ဆိုရင် အာရှမှာ ဘင်္ဂလားဒေ့ရှ်ဟာ အင်အားကြီးနိုင်ငံဖြစ်လာနိုင်တယ်၊ ဒီပလိုမေစီကောင်းဖို့လိုကြောင်း၊နိုင်ငံကြီးတွေရဲ့ ထောက်ခံမှုလိုကြောင်း စသည်ဖြင့်ရေးသားထားပါတယ်။ ရေးသားမှုဟာ ပုဂ္ဂလိက အမြင်တစ်ခုဆန်ဆန် ရေးသားထားတာတွေ့ရပါတယ်။

“Bangladesh Military Affairs”အမည်နဲ့စာမျက်နှာဟာ ၂၀၁၈ ခုနှစ် ဇွန် ၅ ရက်မှာ “The Defence Affairs” စတင်ဖန်တီးခဲ့တာတွေ့ရပြီး စာမျက်နှာရဲ့နာမည်ကို လေးကြိမ်ပြောင်းလဲခဲ့တာတွေ့ရပါတယ်။ ၂၀၁၈ ခုနှစ် ဇွန် ၂၉ ရက်မှာ “Military Affairs of Bangladesh” အဖြစ်အမည်ပြောင်းခဲ့ပြီး ဇူလိုင် ၆ ရက်မှာ “Bangladesh Military Affairs”အဖြစ်အမည်ပြောင်းလဲခဲ့ပြီး ြသဂုတ် ၄ ရက်မှာ “The Military Affairs”ဆိုပြီးပြောင်း လဲခဲ့တာ တွေ့ရပါတယ်။ ဒီစာမျက်နှာကို နောက်ကွယ်ကကိုင်နေသူ ၄ ယောက်ရှိပြီး ၄ ဉီးစလုံးဟာ ဘင်္ဂလားဒေ့ရှ် က ဖြစ်တာတွေ့ရပါတယ်။

ဒီစာမျက်နှာဟာ ဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့ တရားဝင်စာမျက်နှာမဟုတ်တာတွေ့ရပြီး ဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့ ဖေ့စ်ဘွတ်က အတည်ပြုထားတဲ့ တရားဝင်စာမျက်နှာမှာ အခုလို ပုံမျိုးနဲ့ သတင်းမျိုးဖော်ပြချက် တစ်စုံတစ်ရာ မတွေ့ရှိရပါဘူး။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်မှာပါ အချက်အလက်အရ ဘင်္ဂလားဒေ့ရှ်ဟာ ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့နိုင်ငံအတွင်း ထည့်သွင်းဖို့ ကြံနေတယ်ဆိုတာဟာ ဘင်္ဂလားဒေ့ရှ်စစ်တပ်စာမျက်ဟန် အမည်နာမယူပြီးဖန်းတီးထားတဲ့ “Bangladesh Military Affairs”က ပုဂ္ဂလိက အမြင်ဆန်ဆန်ဖော်ပြချက်ဖြစ်တစ်ခုကို ဘင်္ဂလားဒေ့ရှ်စစ်တပ်ကဖော်ပြသယောင် လှည့်စားထားတဲ့အတွက် သတင်းမှားအဖြစ် သတ်မှတ်ပါတယ်။

Title:ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထည့်သွင်းဖို့ ကြံနေတယ်ဆိုတဲ့ လှည့်စားထားတဲ့ သတင်း
Fact Check By: Nayar MaungResult: False