
COVID-19 ဟာ ဗက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပြီး ဒီရောဂါနဲ့သေဆုံးတဲ့ဆိုတဲ့သူတွေဟာ 5G နည်းပညာကတစ်ဆင့်ကူးစက်မှုဖြစ်ရတယ်ဆိုတဲ့ပို့စ် လူမှုကွန်ယက် အသုံးပြုသူတွေအကြား ဖြန့်ဝေ နေတာတွေ့ရပါတယ်။
လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တဲ့ ပို့စ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က COVID-19 နဲ့သေရင် ရင်ခွဲစစ်ဆေးခွင့်မပေးဘူး၊ အီတလီ ဆရာဝန်တွေက COVID-19 ကြောင့်သေဆုံးရတဲ့ အလောင်းတွေကို ခွဲစိပ်ကြည့်ရာကနေ ဗိုင်းရပ်စ်ပိုး မတွေ့ရဘဲ ဗက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ရောဂါဆိုပြီးတွေ့ရတယ်၊ 5G ဓာတ်ရောင်ကြောင့် သေဆုံးမှု ကြောင့်သေဆုံးရတာဖြစ်တယ်၊ ဆေးပေးတဲ့အခါမှာ ရောဂါဖြစ်တဲ့သူတွေကို ပဋိဇီဝဆေးနဲ့ အကိုက်အခဲပျောက် ဆေးပေးရတယ်ဆိုပြီးရေးသားထားပါတယ်။
ဒီပို့စ်ပါအချက်တွေဟာ မှားယွင်းတဲ့အချက်အလက်တွေဖြစ်တာ Fact Crescendo Myanmar ကတွေ့ရပါတယ်။
“Ko Lay”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဒီပို့စ်ကို“ဝူဟန်/ကိုရိုနာဗိုင်းရပ်စ်COVID-19 ရောဂါအကြောင်း သိကောင်း စရာများ”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားရာမှာ ၂၄ နာရီအတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေသူ ၁ ထောင် ၅ ရာကျော်ရှိပါတယ်။ အလားတူရေးသားချက်မျိုးကို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ပထမဆုံး COVID-19 ဟာ SARS-CoV-2 ဗိုင်းရပ်စ်ကြောင့်ဖြစ်တယ်ဆိုတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါအဝင် သိပ္ပံပညာရှင်တွေက အတည်ပြုပြီးဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပျံ့နှံ့လျက်ရှိတဲ့ အလားတူပြောဆိုရေးသားမှုမျိုး အခြားနိုင်ငံက လူမှုကွန်ယက်အသုံးပြုသူတွေ အကြားမှာ ပြီးခဲ့တဲ့ လအနည်း ငယ် က ပျံ့နှံ့ခဲ့ဖူးပါတယ်။ တကယ်တော့ ဒီအချက်အလက်တွေဟာ အထောက် အထားမရှိသလို မှန်ကန်မှုလည်းမရှိ ကြောင်း အချက်အလက်စိစစ်တဲ့အဖွဲ့တစ်ခုဖြစ်တဲ့ Fullfact က ဇွန် ၂၆ ရက်မှာ အချက်အလက်စိစစ်ထားပြီး ဖြစ်တာတွေ့ရပါတယ်။
ဒီပို့စ်မှာပါတဲ့အဓိကအချက်တွေကို မြန်မာစာဖတ်ပရိတ်သတ်အတွက် ပြန်ဖော်ပြသွားမှာဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ “အီတလီသည် Kovid-19 နဲ့ သေဆုံးသောလူသေအလောင်းကို ခွဲစိတ်စစ်ဆေးခြင်း (postmortem)ကိုပထမဆုံးပြုလုပ်သောနိုင်ငံဖြစ်သည်”လို့ရေးသားထားပါတယ်။(မူရင်းရေးသားချက်) ဒီအချက် ဟာ မှားယွင်းပါတယ်။ စပိန်နိုင်ငံဟာ ဖေဖော်ဝါရီ ၁၄ ရက်ကတည်းက ဘာစီလိုနာမြို့ Arnau de Vilanova-Lliria မှာ COVID-19 ကြောင့်သေဆုံးခဲ့ရတဲ့အလောင်းကို ခွဲစိပ်စစ်ဆေးခဲ့ပါတယ်။ အီတလီမှာ COVID ရောဂါကြောင့် ပထမဆုံးသေဆုံးမှုဖြစ်တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ထက်ပိုစောခဲ့ပါတယ်။

နောက်ထပ်ပြောဆိုချက်ကတော့ “အီတလီဆရာဝန်များသည်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ဥပဒေကိုချိုး ဖောက်ခဲ့ကြသည်။ ၎င်းတို့သည် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့်သေဆုံးသွားသော လူသေအလောင်းများအား ခွဲစိတ် ကုသမှု့(Postmortem) ကိုခွင့်မပြုသည့်ကြောင့် သိပ္ပံနည်းကျစုံစမ်းစစ်ဆေးမူ့ အပြီးတွင် ၎င်းသည် ဗိုင်းရပ်စ် မဟုတ်ပဲသေစေနိုင်သော ဗက်တီးရီးယားတစ်မျိုးဖြစ်ကြောင်းနှင့် သွေးကြောများအတွင်းသို့ ဖြစ်ပေါ်စေ သောကြောင့် ေသွးကြောများနှင့်အာရုံကြောများ၌ စုဆောင်းပြီး လူနာအားသေစေခြင်းဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်”လို့ရေးသားထားပါတယ်။ ဒီအချက်ဟာလည်းမမှန်ကန်ပါဘူး။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မတ် ၂၄ ရက်မှာ ဒီရောကြောင့်သေဆုံးရတဲ့သူတွေကို ရင်ခွဲစစ်ဆေးခြင်း ဆောင်ရွက်ရာမှာ လိုက်နာရမယ့် လမ်းညွှန်ချက်ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။
တတိယအချက်ကတော့ “ဤအချက်အလက်များကိုသင်၏မိသားစု၊ အိမ်နီးချင်းများ၊ ကျွမ်းကျင်သူများ၊ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များကိုမျှဝေပါ။ Kovid-19 သည်ဗိုင်းရပ်စ်တစ်မျိုးတည်းမဟုတ်ဘဲ 5G ဓါတ်ရောင်ခြည်သာရှိသောဘက်တီးရီးယားတစ်မျိုးဖြစ်သည်ကိုနားလည်နိုင်ရန်ဖြစ်သည်။”လို့ ရေးသားထားပါတယ်။(မူရင်းရေးသားချက်)
“5G”ကြောင့်ဖြစ်ရတယ်ဆိုတဲ့ ကောလဟာလနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
“ဗိုင်းရပ်စ်ဟာ ရေဒီယိုလှိုင်း၊မိုလ်ဘိုင်းဖုန်းကွန်ယက်တွေကနေတဆင့် မသွားနိုင်ပါဘူး။ COVID-19 ရောဂါဟာ 5Gဆက်သွယ်ကွန်ယက်မရှိတဲ့ နိုင်ငံအများအပြားမှာဖြစ်နေပါတယ်”လို့ WHO ကရေးသားပါတယ်။

မူရင်းလင့်ခ် – WHO | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ COVID-19 ဟာ ဗက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပြီး ဒီရောဂါနဲ့ သေဆုံးတဲ့ဆိုတဲ့သူတွေဟာ 5G နည်းပညာကတစ်ဆင့်ကူးစက်မှုဖြစ်ရတယ် ဆိုတဲ့အချက်အလက်တွေ ဟာမှန်ကန်မှုမရှိတာတွေ့ရပါတယ်။

Title:COVID-19 ဟာ ဗက်တီးရီးယားနဲ့ 5G နည်းပညာကြောင့်ဖြစ်တယ် ဆိုတာမဟုတ်ပါ
Fact Check By: Nayar MaungResult: False