ကောင်းကင်ကို မော့ကြည့်ပြီး မေမေလို့ခေါ်နေတဲ့ ကလေးရဲ့ မိခင်ဟာ အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ခြင်းမဟုတ်ပါ

Coronavirus False နိုင်ငံတကာ၊ | International လူမှုရေး၊

ကောင်းကင်ကို မော့ကြည့်ပြီး တစ်စုံတစ်ခုကို လက်ညှိုးပြပြီး မေမေလို့ တစာစာခေါ်နေတဲ့ ကလေးလေးနဲ့ အကိုဖြစ်သူလို့ ထင်ရတဲ့ လူငယ်လေးတစ်ယောက်က မခံစားနိုင်တော့ပဲ ကလေးကို ဖက်ပြီး ဗီဒီယိုဟာကမ္ဘာတစ်လွှားပျံ့နှံ့ခဲ့ပါတယ်။ 

မြန်မာနိုင်ငံမှာလည်း “အီတလီနိုင်ငံက ဖစ်သွားတဲ့ ကိုဗစ် 19ရောဂါကြောင့် သူ့မိဘနှစ်ရောက်စလုံး ဆုံးသွားပီး ကောင်းကင်ပေါ်မှာ သူ့အမေ သူတွေ့တယ်တဲ့”ဆိုပြီးတော့ “Narr” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားတာတွေ့ရပါတယ်။

Fb linkArchive link

ကလေးငယ်ရဲ့ မိခင်ဟာ အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ သေဆုံးခဲ့ရတာလား။ ကလေးတွေကရော အီတလီကလားဆိုတာ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။

အမှန်မှာ ကလေးငယ်များရဲ့ မိခင်ဟာ သေဆုံးခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ကိုရိုနာဗိုင်းရပ်စ် ကြောင့် မဟုတ်သလို အဖြစ်အပျက်ကလည်း အီတလီက အဖြစ်အပျက် မဟုတ်ပါ။

အချက်အလက်စိစစ်ချက် 

ဗွီဒီယိုကို InVID ဆိုတဲ့ ဗွီဒီယိုဆန်းစစ်တဲ့ ဆော့ဖ်ဝဲလ် အသုံးပြုပြီး key frames ကိုဖမ်းကာ ရရှိလာတဲ့ ဓာတ်ပုံ တွေကို Google မှာ ပုံပြောင်းပြန်ရှာနည်းနဲ့ ရှာဖွေတဲအခါမှာ အောက်ပါတိုင်းတွေ့ရပါတယ်။ ဖေဖော်ဝါရီလ ထဲမှာ ဗွီဒီယိုဖိုင်တွေကို ပျံ့နှံ့ခဲ့တာတွေ့ရပြီး ဂူးဂဲလ်ဘာသာပြန်ကို အသုံးပြုပြီး ဘာသာပြန်ကြည့်ရာမှာ စပိန်ဘာသာနဲ့ ရေးသားထားတာတွေ့ရပါတယ်။

ယူကျူ့မှာ Somos Tecnopoli ဆိုတဲ့အကောင့်က ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက် ရက်စွဲနဲ့ ဒီဗွီယိုအကြောင်း ဖော်ပြရာမှာ အယ်လ်ဆာဗေးဒေါနိုင်ငံက ဘတ်စ်ကားမတော်တဆမှုဖြစ်တာကို တွေ့ရပါတယ်။ အောက်ပါ လင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

https://www.youtube.com/watch?v=RPsfkDuFN90&feature=emb_title

စပိန်ဘာသာစကားနဲ့ရေးသားထားတဲ့ ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ TN8TV မှာလည်း ဒီဗွီဒီယိုနဲ့ ပတ်သက်ပြီး သတင်းတစ်ပုဒ်ရေးထားတာတွေ့ရပါတယ်။ ဂူဂဲလ်ဘာသာပြန်ကို အသုံးပြုပြီး စပိန်ဘာသာကနေ မြန်မာဘာသာကို ပြန်ဆိုကြည့်တဲ့အခါမှာ “မင်းကိုငိုစေမယ့်ဗွီဒီယိုဗွီဒီယို၊ ကြယ်လေးတွေမှာ အော်ဟစ်နေ တဲ့ကောင်လေးတစ်ယောက်” ဆိုတဲ့ခေါင်းစဉ်ပေးထားပြီး  အယ်လ်ဆာဗေးဒေါနိုင်ငံက ညီအစ်ကိုများ လို့ဖော်ပြထားပါတယ်။အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

LinkArchive link

သုံးသပ်ချက်

အထက်ပါ အချက်အလက်စိစစ်ချက်တွေအရ ကောင်းကင်ကို မော့ကြည့်ပြီး တစ်စုံတစ်ခုကို လက်ညှိုးပြပြီး မေမေလို့ တစာစာခေါ်နေတဲ့ ကလေးလေးနဲ့ အကိုဖြစ်သူလို့ ထင်ရတဲ့ လူငယ်လေးတစ်ယောက်က မခံစားနိုင်တော့ပဲ ကလေးကို ဖက်ပြီး ဗီဒီယိုဟာ အယ်လ်ဆာဗေးဒေါနိုင်ငံကဖြစ်ပြီး မိခင်ဟာ ဘက်စ်ကား မတော်တဆမှုနဲ့ အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

Avatar

Title:ကောင်းကင်ကို မော့ကြည့်ပြီး မေမေလို့ခေါ်နေတဲ့ ကလေးရဲ့ မိခင်ဟာ အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ခြင်းမဟုတ်ပါ

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *