ထီပေါက်လို့ လှူချင်လို့ပါဆိုပြီး ဖေ့စ်ဘွတ်သုံးစွဲသူတွေကို ညာနေတဲ့ ဖေ့စ်ဘွတ်အုပ်စု

False လူမှုရေး

“Sein Lwin”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက “ဂရု Join ထားနော် ရတဲ့သူတွေရကုန်ပီး… မရသေးသူများ ဖုန်းနံပတ်ရေးခဲ့ပါ ဂရု မJoin ထားရင် မရပါဘူးစာအမဲလေးကိုနှိပ်ပြီး Join Group ကိုနှိပ်ဖုန်းနံပါတ်ရေးခဲ့ပါ ခုနေငွေဆက်တိုက်လွှဲပေးနေပါတယ်”စသည်ဖြင့်ရေးသားပြီး “ထီပေါက်ပြီဟေ့ ဂရုအပ်ထား လှူချင်လို့”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုကို လူတွေက ပါဝင်ဖို့ ဖိတ်ခေါ်ထားပါတယ်။ 

Fb linkArchive link

ဒီပို့စ်မှာ မျှဝေထားတဲ့ လင့်ခ်နှစ်ခုကို နှိပ်လိုက်တဲ့အခါမှာ ““ထီပေါက်ပြီဟေ့ ဂရုအပ်ထား လှူချင်လို့”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုနဲ့ အခြားဖေ့စ်ဘွတ်အုပ်စုဖြစ်တဲ့ “ဖုန်းဖြင့် ငွေလက်ခံမည့် သူများစာရင်း”ဆိုတဲ့ ဖေ့စ်ဘွတ်အုပ်စုကိုရောက်သွားပါတယ်။

Fb linkFb link

အချက်အလက်စိစစ်ချက်

ဒီလို ပိုက်ဆံလွှဲပေးမယ်လို့ ပျံ့နှံ့နေတဲ့ ပို့စ်အောက်မှာ ဖုန်းနံပါတ်တွေကို ဖေ့စ်ဘွတ်သုံးစွဲသူတွေ ချန်ထားခဲ့ တာတွေ့ရပါတယ်။ အဲဒီဖုန်းနံပါတ်တွေထဲက မှတ်ချက်ရေးထားတာ အနည်းဆုံး ၂ နာရီကြာခဲ့ပြီးဖြစ်တဲ့ ဖုန်း နံပါတ် ၁၀ လုံးကို ဖုန်းနံပါတ်ထဲကို ပိုက်ဆံလွှဲမလွှဲ Fact Crescendo Myanmar က မေးမြန်းကြည့် တဲ့အခါမှာ အားလုံးက ပိုက်ဆံမရရှိကြဘူးလို့ပြောကြပါတယ်။ သူများတွေလည်း ရေးထားတာတွေ့လို့ ရေးတယ်လို့သာ ဖြေကြားကြတာတွေ့ရပါတယ်။

အခုလွှဲနေပြီဆိုပြီးတော့ ငွေထုပ်ပုံတွေနဲ့ ကွန်ပျူတာတစ်လုံးနဲ့ စာရင်းရှုပ်နေပုံစတဲ့ ဓာတ်ပုံတွေဟာလည်း အင်တာနက်မှာ ရက်၊လ၊နှစ်နဲ့ချီပြီးပျံ့နှံခဲ့ပြီးသား ဓာတ်ပုံတွေကို ပြန်လည်အသုံးပြုထားတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

LinkLink

အခုလို လူတွေကို လှည့်စားပြီး ဖေ့စ်ဘွတ်အုပ်စုမှာ လူဉီးရေတိုးပွားအောင်လုပ်ပြီးရင် ဖေ့စ်ဘွတ်အုပ်စုနာ မည်ပြောင်း၊ သတင်းတုသတင်းမှားတွေ၊ လှည့်စားထားတဲ့ သတင်းတင်ထားတဲ့ ဝက်ဘ်ဆိုဒ်နဲ့ချိတ်၊ ဖေ့စ်ဘွတ်မှာ instant articles လို့ခေါ်တဲ့ လူဝင်ကြည့်တဲ့အရေအတွက်ပေါ်မူတည်ပြီးတော့ ကြော်ငြာထိုးခတွေရရှိတဲ့ လုပ်ငန်းကို လုပ်ကိုင်နေကြတဲ ဖေ့စ်ဘွတ်အုပ်စုတွေအကြောင်းကို ရေးသားထားတဲ့ သတင်းကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Myanmar Now

သုံးသပ်ချက်

အထက်ပါအချက်အလက်စိစစ်ချက်တွေအရ “Sein Lwin”အမည်နဲ့ “ထီပေါက်ပြီဟေ့ ဂရုအပ်ထား လှူချင်လို့”ဆို တဲ့ ဖေ့စ်ဘွတ်အုပ်စုမှာရေးသားထားတဲ့ “ဖုန်းနံပါတ်ရေးခဲ့ပါ ခုနေငွေဆက်တိုက်လွှဲပေးနေတယ်”ဆိုမျှဝေချက်ဟာ မမှန်ကန်တဲ့အချက်အလက်ဖြစ်ပြီး လူတွေကို လှည့်စားထားတဲ့အချက်အလက်ဖြစ်တာတွေ့ရပါတယ်။

Avatar

Title:ထီပေါက်လို့ လှူချင်လို့ပါဆိုပြီး ဖေ့စ်ဘွတ်သုံးစွဲသူတွေကို ညာနေတဲ့ ဖေ့စ်ဘွတ်အုပ်စု

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *