
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ဆရာဝန် ဒေါက်တာနေလင်းထွေး ရုတ်တရက် သေဆုံးမှုဟာ မြန်မာတပ်မတော်မှ ဖမ်းဆီးစစ်ဆေးမှုအပြီးရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရတယ်ဆိုပြီးတော့ လူမှုကွန်ယက်မှာ ပို့စ်တစ်ခု ပျံ့နှံ့ခဲ့ တာတွေ့ရပါတယ်။
”ဆရာဝန်လောကကိုခြိမ်းခြောက်လာနေသောမြန်မာ့တပ်မတော်နှင့်မြန်မာ့အစိုးရ” ဆိုပြီးတော့ Freedom for Burma အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာ မေ ၁၆ ရက်နေ့က အောက်ပါအတိုင်းဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ် မြေပုံမြို့နယ် ဆေးရုံမှ ဒေါက်တာ (နေလင်းထွန်း)အား စစ်ပွဲအတွင်း ရွာကိုပစ်ခံရလို့ ဒဏ်ရာရသည့် ရခိုင်ပြည်သူ များအား ဆေးကုပေးတယ်ဟုဆိုကာ မြန်မာတပ်မတော်မှ ဖမ်းစီးထားစဉ် နောက်နေ့မနက် သေဆုံးခဲ့တယ် ဆိုပြီးတော့ အောက်ပါအတိုင်းရေးသားဖော်ပြထားပါတယ်။ ဆက်လက်ပြီး နားနှစ်ဖက်သွေး ယိုထွက်ဒဏ်ရာ၊ ဦးခေါင်းသွေးယိုစိမ့်ဒဏ်ရာ၊ ကိုယ်တစ်ကိုယ်လုံး မဲညိုပုပ်လျက် အလီးအပေါ့များထွက်ကျ လျက်သားသေဆုံးခဲ့ တယ်လို့ ရေးသားထားတာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
ဒေါက်တာနေလင်းတွေ သေဆုံးရမှုမှာ လူတစ်ဦးတစ်ကနေ သူ့ကို သေဆုံးရလောက်အောင်လုပ်တဲ့ ဒဏ်ရာဒဏ် ချက်တွေ မတွေ့ရဘူးလို့ စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်က ပြောကြားထားတာကို ရခိုင်အခြေစိုက် နရဉ္စရာသတင်းဌာနကို မေ ၁၄ ရက်က ရေးသားထား တာတွေ့ ရပါတယ်။အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ မြေပုံမြို့နယ်ဆရာဝန် ဒေါက်တာနေလင်းထွေး ရုတ်တရက်သေဆုံးမှုနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်မှာ ကောလာဟလတွေပျံ့နှံ့ခဲ့ပြီးနောက် ကျန်းမာရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး စစ်ဆေးခဲ့တာတွေ့ရပါတယ်။
ဒီလိုပဲ ပို့စ်မှာ ဒေါက်တာနေလင်းထွေး မိဘတွေက တပ်မတော်က သတိပေးတာ တစ်ပတ်လောက်ရှိပြီလို့ ပြောခဲ့ တာတွေ့ရပြီး ဒီသတင်းကို လိုက်ခဲ့တဲ့ နရဉ္စရာသတင်းဌာနကကတော့ “စစ်တွေရုံးက သူတို့မိသားစုတွေ လည်း မေးပါတယ်။မေးတော့ သူတို့က မပြောချင်ဘူးလို့ပြောတယ်။ အဲဒါကြောင့် သူတို့ရဲ့ Feedback တွေကို ယူလို့မရဘူးဖြစ်သွားတယ်”လို့ Fact Crescendo Myanmar ကို ပြောခဲ့ပါတယ်။
သုံးသပ်ချက်
အထက်ပါ အချက်အလက်အရ ဒေါက်တာနေလင်းတွေ သေဆုံးရမှုမှာ ဒဏ်ရာဒဏ်ကြောင့် သေဆုံးခဲ့ရတယ်ဆိုတဲ့ အထောက်အထားမျိုး ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောကြားခဲ့တာမျိုးမရှိခဲ့တာတွေ့ရတဲ့အတွက် ဒီပို့စ်ဟာ လှည့်စားထားတဲ့ သတင်းတစ်ခုသာဖြစ်ပါတယ်။

Title:မြေပုံမြို့နယ်ဆရာဝန် ဒေါက်တာနေလင်းထွေး ရုတ်တရက် သေဆုံးမှုဟာ ဒဏ်ရာ ဒဏ်ချက် ကြောင့်ဆိုတဲ့ အထောက်အထားမရှိပါ
Fact Check By: Nayar MaungResult: Misleading