
ဇွန် ၂၃ ရက် မနက်အစောပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် စင်္ကာပူက နေရာအတော်များများမှာ ရေကြီးခဲ့တာတွေ့ရပါတယ်။
ဒီလိုအခြေအနေမျိုးမှာ စင်ကာပူမှာ မိုးသည်းထန်စွာရွာပြီး ကားတွေ၊ ဘက်စ်ကားမှတ်တိုင်တွေ ရေမြှုပ်နေ တယ်ဆိုတဲ့ ပုံတွေ လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပြီး ပြန်လည်မျှဝေနေကြတာတွေ့ရပါတယ်။
“Singapore မှာ ခုနေရွာတဲ့မိုး မကြီးနေနိုင်ပါ့မလား တစ်ညလုံး တစ်နေ့လုံးရွာနေတာကိုး”ဆိုပြီးတော့ “Śâñ Lîñń Âűñg”အမည်နဲ့ဖေစ့်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။

အလားတူစွာပဲ “မနေ့က စင်္ကာပူနိုင်ငံမှာ မိုးများလို့ ကားလမ်းတွေပေါ် ရေလွှမ်းခဲ့တဲ့ ပုံရိပ်များပဲဖြစ်ပါ တယ်။”လို့ရေးသားပြီး “SM-Search Myanmar”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း မျှဝေထား တာတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ဒီပို့စ်တွေမှာပါတဲ့ အထပ်မြင့်အအောက်အဉီတွေနဲ့ လမ်းမဘေးမှာ ကားတွေ ရေမြှုပ်နေတဲ့ပုံကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်း တွေ့ရပါတယ်။

ဒီပုံတွေဟာ ၂၀၂၀ ခုနှစ် မေလထဲမှာကတည်း ဒီဓာတ်ပုံဟာ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပြီး ဒီဓာတ်ပုံ ပါတဲ့ လင့်ခ်တွေကို ဖွင့်ကြည့်မယ်ဆိုရင် မေ ၂၂ ရက်အစောပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် ကွမ်ကျိုး(Guangzhou)မြို့မှာ ရေကြီးခဲ့တဲ့အကြောင်း သတင်းရေးသားရာသုံးစွဲထားတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
တရုတ်မီဒီယာတွေမှာ မေလအတွင်းကဖော်ပြခဲ့တဲ့ ပုံနဲ့ “Śâñ Lîñń Âűñg”အမည်နဲ့ဖေစ့်ဘွတ်အသုံးပြုသူက မျှဝေထားတဲ့ပုံကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

“PS News”အမည်နဲ့သတင်းချန်နယ်တစ်ခုက ကွမ်ကျိုးမှာ ရေကြီးမှုအကြောင်းရိုက်ကူးတင်ဆက်ထားတဲ့
ဒီအပြင် တံတားကြီးအောက်မှာ ကားလမ်းမှာ ရေကြီးနေတဲ့ပုံကိုလည်း ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေ မယ်ဆိုရင် မလေးရှားနိုင်ငံ မူတီရီယား ဓမ္မာဆာရာ(Mutiara Damansara)မြို့ လမ်းမတွေပေါ်မှာရေလျံနေတဲ့ ပုံဖြစ်တာတွေ့ရပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၄ ရက်က မလေးရှားအခြေစိုက် Mynewhub.tv သတင်း ဝက်ဆိုဒ်မှာဖော်ပြခဲ့တဲ့ သတင်းကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်စိစစ်ချက်တွေအရ အထပ်မြင့်အအောက်အဉီတွေနဲ့ လမ်းမဘေးမှာ ကားတွေ ရေမြှုပ်နေတဲ့ပုံနဲ့ တံတားကြီးအောက်မှာ ကားလမ်းမှာ ရေကြီးနေတဲ့ပုံဟာ စင်ကာပူက ရေကြီးမှုနဲ့ သက်ဆိုင်ခြင်းမရှိတာတွေ့ရပါတယ်။

Title:တရုတ်ကွမ်ကျိုးက ရေကြီးမှုဓာတ်ပုံကို စင်ကာပူရေကြီးမှုအဖြစ်မျှဝေနေ
Fact Check By: Nayar MaungResult: Misleading