
ကြမ်းပြင်မှာ လူရွယ်အမျိုးသမီး၊အမျိုးသား ၇ ယောက်ကထိုင်လျက် ရှေ့မှာဖုန်းတစ်လုံးစီချထားတဲ့ ဓာတ်ပုံတစ်ပုံနှင့်အတူ ထားဝယ်မြို့က ဖမ်းဆီးခံထားရပြီး သေဒဏ်ပေးရတဲ့ကလေးတွေလို့ရေးသားပြီး မျှဝေထားရာမှာ ဒီပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေလျက်ရှိပါတယ်။
သို့သော်လည်း ဒီဓာတ်ပုံဟာ မတ် ၂၇ ရက်က မုဒုံမှာ ဆန္ဒပြသူတွေကို ဖြိုခွဲမှုအပြီး ဖမ်းဆီးခံရသူတွေရဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။
“၁ရက်ပဲကျန်ပါတော့တယ် 😭😭😭 Death Sentence (သေဒဏ်) တဲ့ …. 🤬🤬🤬 အယူခံဝင်ခွင့်မရှိဘဲ 15 ရက်ဘဲ အချိန်ရတယ် သူတို့အသက်ရှင်ဖို့ ကျေးဇူးပြုပြီး ဝိုင်းတင်ပေးကြပါဦး🙏😥 #ထားဝယ်မြို့ မှဖမ်းဆီးခံ ကလေးများအားလုံးကို သေဒဏ်ပေးခြင်းအား လုံးဝ ကန့်ကွက်ပါသည်။
#ပြည်သူများ
#WhatsHappeningInMyanmar
#SaveMyammar
#crd”လို့ရေးသားပြီး “ဗီလိန်”အမည်နဲ့ဖေစ့်ဘွတ် အသုံးပြုသူက ဧပြီ ၃ ရက်မှာ မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၃ သောင်းရှိပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံဟာ မတ် ၂၇ ရက်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာအောက်ပါအတိုင်းတွေ့ရပါတယ်။

“Say_No_to_Dictatorship”အမည်နဲ့တွစ်တာအသုံးပြုသူက မတ် ၂၇ ရက်မှာ ဒီကလေငယ်များဟာ မုဒုံမှာ ဆန္ဒပြရင် အဓမ္မဖမ်းဆီးခံခဲ့ရတယ်လို့ ရေးသားပြီး မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Trendmap | Archive link
အဓိကကျတဲ့ စကားလုံးအချို့အသုံးပြုပြီး ရှာဖွေကြည့်ရာမှာလည်း မတ်၂၇ က စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ မုဒုံမြို့က သပိတ်စစ်ကြောင်းကို စစ်အုပ်စုက အကြမ်းဖက် ဖြိုခွင်းခဲ့ပြီးအမျိုးသား (၄) ဦးနှင့် အမျိုးသမီး(၃)ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ Than Lwin Times သတင်းဌာနကလည်း ဖော်ပြထားပါတယ်။ နောက်ဆက်တွဲအဖြစ် ဒီသတင်းမှာပါတဲ့ အဖမ်းခံရသူတွေဟာ သေဒဏ်ချမှတ်ခံရတယ်ဆိုတဲ့ အထောက်အထားမျိုးလည်းမတွေ့ရပါဘူး။
မူရင်းလင်ခ့် – Than Lwin Times | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ထားဝယ်မှာဖမ်းဆီးပြီးသေဒဏ်ချမှတ်ခံရတဲ့ ကလေးတွေဓာတ်ပုံဟာ မတ် ၂၇ ရက်က မုဒုံမြို့မှာ သပိတ်စစ်ကြောင်းကို ဖြိုခွင်းဖမ်းဆီးစဉ်အဖမ်းခံရတဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။

Title:မုဒုံမှာ ဆန္ဒပြရင်းဖမ်းဆီးခံရသူများကို ထားဝယ်က သေဒဏ်ပေးခံရသူများအဖြစ်မျှဝေ
Fact Check By: Zun ZeeResult: Misleading