လွန်ခဲ့တဲ့ ၆ လက နာမကျန်းဖြစ်နေသော ကလေးပုံကို ကိုရိုနာဗိုင်းရပ်စ် ကူစက်ခံနေရတဲ့ ကလေးအဖြစ်ပြန်လည်ဖော်ပြနေတဲ့ သတင်းမှား

Coronavirus False ကူးစက်ရောဂါ ဆေးဘက်ဆိုင်ရာ၊ | Medical

ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာတစ်ဝှမ်းမှာ ပျံ့နှံ့ကူးစက်လာချိန်မှာ ကူးစက်မှုမြန်တဲ့ ဗိုင်းရပ်စ်ပိုးဟာ လူတွေကို စိုးရိမ်ပူပန်မှုတွေကို ဖြစ်စေခဲ့ပါတယ်။ ဒီလို လူတွေ စိုးရိမ်ပူပန်ကြောင့် ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေကို ရှာဖွေနေချိန်မှာ သတင်းအမှားတွေကလည်း လူမှုကွန်ယက်မှာ ကြီးစိုးလာနေပါတယ်။ အသက်ရှုပိုက်တွေ တပ်ထားရပြီး အသက်ရှုကျပ်နေဟန်တူသော နာမကျန်းဖြစ်နေတဲ့ ကလေးပုံနဲ့ ဗွီဒီယိုကို လူမှုကွန်ယက်မှာပြန်လည်မျှဝေနေကြတာတွေ့ရပါတယ်။ 

“သနားလိုက်တာ ကလေးလေးရယ်ကိုရိုနာဗိုင်းရပ်စ် ကူစက်ခံနေရတဲ့ ကလေးနဲ့ လူကြီးတွေပါ စိတ်ခိုင်မှကြည့်ပါ”ဆိုပြီးတော့ “Khin Zin Htay” အမည်နဲ့ ဖေ့စ်ဘွတ်အကောင့်က မျှဝေထားပါတယ်။

Fb linkFb link
Archive linkArchive link

အခြားအကောင့်တစ်ခုဖြစ်တဲ့ “Joe Lay” က ဒီလိုပဲပြောပြီးမျှဝေထားပါတယ်။

Fb linkFb link
Archive linkArchive link

 “Coronavirusဖြစ်ပွားခဲ့လျှင် အခုလိုရောဂါ အပြင်းအထန်ခံစားရပါမယ် ဆေးဝါးပစ္စည်းစုံလင်သော နိုင်ငံများပင်မလွယ်ကူပါဒါ့ကြောင့် ကာကွယ်ခြင်းက ကုသခြင်းထက်ပိုလွယ်ပါတယ်ဝိုင်းဝန်းကာကွယ်ကြဖို့ တိုက်တွန်းပါရစေ (videoကိုစိတ်ခိုင်မှကြည့်ပါ)”myanmarpress.com ကမျှဝေထားတာဖြစ်ပါတယ်။

LinkArchive link

တကယ်ပဲ ကလေးဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပါသလား။

အချက်အလက်စိစစ်ချက်

Google မှာပုံပြောင်းပြန်ရှာနည်း အသုံးပြုရှာကြည့်တဲ့အခါမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီကလေးပုံနဲ့ ဗွီဒီယိုတွေဟာ ကိုရိုနာဗိုင်းရပ်စ်မဖြစ်ပွားခင် ၂၀၁၉ ခုနှစ် အောက်တိုဘာလလောက်ကတည်းက အင်တာနက်မှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။

Fb linkFb link
Archive linkArchive link

Google translate ကိုသုံးပြီး မူရင်းပို့စ်တွေမှာပါတဲ့ “मनको ब्यथा”အမည်နဲ့အကောင့်က မျှဝေထားတဲ့ဗွီဒီယိုပေါ်က နီပေါစာတွေဖြစ်တဲ့ “आज अलि ठिक भएको छ plz यो Baby को लागि भए नि एक सेर र साथै Page Like गरि Geet well soon भन्दिनु”ကို ဘာသာပြန်ဆိုကြည့်ရာမှာ “ဒီကနေ့ကလေးလေးအတွက်ကလေးတစ်ယောက်လို စာမျက်နှာလိုမျိုး Geet လိုကောင်းကောင်းပြောရင်ဒီကိစ္စဟာအေးအေးဆေးဆေးပဲ”ဆိုပြီးတွေ့ရပါတယ်။ Ashok Darji အမည်နဲ့ပို့စ်ကနီပေါစာဖြစ်တဲ့ “Group मा एक सेर र साथै page like पिलिज यो बाबू को लागि भए पनि🙏Get well soon. Baby. भनने पनि कोइ” ကို ဘာသာပြန်ကြည်ရာမှာ “Babuအတွက်အဖွဲ့နှင့်ဤကဲ့သို့သောစာမျက်နှာ ကိုမြန်မြန်ကြည့်ပါ။ ကလေး။ ပြောစရာမလိုပါဘူး”ဆိုပြီးတွေ့ရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ စကားလုံးမပါဝင်တာတွေ့ရပါတယ်။

သုံးသပ်ချက်

အထက်က အချက်အလက်စိစစ်ချက်တွေအရ Khin Zin Htay နဲ့ Joe Lay တို့က “ကိုရိုနာဗိုင်းရပ်စ် ကူစက်ခံနေရတဲ့ ကလေးနဲ့ လူကြီးတွေပါ စိတ်ခိုင်မှကြည့်ပါ”ဆိုတဲ့ သတင်းဟာ သတင်းမှားဖြစ်ပါတယ်။ ဝေဒနာခံစားနေရတဲ့ ကလေးဟာ ကိုရိုနာဗိုင်းရပ်စ်မဖြစ်ခင် ၃ လလောက်ကတည်းက အင်တာနက်မှာပျံ့နှံ့နေတဲ့ ပုံထဲက ကလေးသာဖြစ်ပါတယ်။

Avatar

Title:လွန်ခဲ့တဲ့ ၆ လက နာမကျန်းဖြစ်နေသော ကလေးပုံကို ကိုရိုနာဗိုင်းရပ်စ် ကူစက်ခံနေရတဲ့ ကလေးအဖြစ်ပြန်လည်ဖော်ပြနေတဲ့ သတင်းမှား

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *