
အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကို တိုက်ခိုက်တဲ့ သတင်းတွေကို အမှတ်တံဆိပ်တစ်ခု အသုံးပြုပြီး စနစ်တကျဆောင်ရွက်နေတာကို Fact Crescendo Myanmar က သတိပြုမိခဲ့ပါတယ်။
ရွေးကောက်ပွဲနီးလာတာနဲ့အမျှ နိုင်ငံရေးအရတိုက်ခိုက်မှုတွေတွေ၊ စွပ်စွဲပစ်တင်မှုတွေ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ သတင်းတု၊ သတင်းမှာတွေ ဖြန့်ဝေမှုများပြားလာချိန်မှာ NLDနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကို တိုက်ခိုက်ဖို့ အတွက် Radio Free Myanmar သို့မဟုတ် လွတ်လပ်သော မြန်မာ့အသံ သို့မဟုတ် RFM လို့ အင်္ဂလိပ်လို အသုံးပြုထားတဲ့ အမှတ်တံဆိပ်ဟာ မကြာခဏဆိုသလိုအသုံးပြုကြတာတွေ့ရပါတယ်။
ပြီးခဲ့တဲ့ ရက်တွေအတွင်းမှာလည်း ဒီလင့်ခ် ဒီလင့်ခ် ဒီလင့်ခ် ဒီလင့်ခ်တွေကနေပြီးတော့ သတင်းတုသတင်းမှားတွေ ဆက်တိုက်တင်ခဲ့တာ အောက်ပါအတိုင်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
Radio Free Myanmar အမှတ်တံဆိပ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် ကို သတင်းတု သတင်း မှားတွေနဲ့ အစ္စလာမ်ကို တိုက်ခိုက်ဖို့ အကွက်ချ ဖန်တီးထားတဲ့ စိတ်ကူးအမှတ် သင်္ကေတတစ်ခုအဖြစ် Fact Crescendo Myanmar ကလေ့လာတွေ့ရှိရပါတယ်။ Google နဲ့ Facebook မှာ “လွတ်လပ်သော မြန်မာ့အသံ”၊ “RFM”၊ “Radio Free Myanmar” စသည်ဖြင့် အဓိကကျတဲ့ စကားလုံးတွေ အသုံးပြုရှာဖွေမယ်ဆိုရင်လည်း ဒီအမှတ် တံဆိပ်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ၊ ဝက်ဘ်ဆိုဒ်စတဲ့ အွန်လိုင်းမျက်နှာစာ တစ်စုံတစ်ခုမှ မတွေ့ရှိရသလို ပြန်ကြားရေးဝန်ကြီးဌာနမှာလည်း မှတ်ပုံတင်ထားခြင်း မရှိတာတွေ့ရပါတယ်။
Fact Crescendo Myanmar က ပြီးခဲ့တဲ့ ၂ လအတွင်းမှာ ဒီအမှတ်တံဆိပ်နဲ့ ဖြန့်ဝေခဲ့တဲ့ သတင်းမှားတွေကို အချက်အလက်စိစစ်ထားတာ ဒီလင့်ခ် ဒီလင့်ခ် ဒီလင့်ခ် ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

ဒီလိုပဲ အခြားသောအချက်အလက်စိစစ်ရေးအဖွဲ့အသီးသီးကလည်း ဒီအမှတ်တံဆိပ်ကနေ သတင်းတုသတင်းမှား တွေ ဖြန့်ဝေခဲ့တာကို အချက်အလက်စိစစ်ထားတာ ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ်၊ဒီလင့်ခ်၊ဒီလင့်ခ်၊ ဒီလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်မှာပါ အချက်အလက်အရ Radio Free Myanmar အမှတ်တံဆိပ်ဟာ NLD ပါတီနဲ့ဒေါ်အောင်ဆန်းစုကြည် ကို တိုက်ခိုက်တဲ့ သတင်းတုသတင်းမှားတွေ ဖြန့်ဝေဖို့အတွက် ရည်ရွယ်ချက်ရှိရှိ စုဖွဲ့ ဖြန့်ဝေမှုတွေ ဆောင်ရွက်နေတဲ့ အမှတ်တံဆိပ်ဖြစ်ပြီး ဒီအမှတ်တံဆိပ်မျှဝေတဲ့ အကြောင်းအရာများဟာ သတင်းတု သတင်းမှားများဖြစ်ပါတယ်

Title:Radio Free Myanmar အမှတ်တံဆိပ်ဖြင့် သတင်းတုသတင်းမှားများဆက်တိုက်ဖြန့်ချိ
Fact Check By: Nayar MaungResult: False