Fact Check: ရေနံချောင်း NLD အမတ်လောင်းကို တိုက်ခိုက်တဲ့ အချက်အလက်မှား ဖြန့်ဝေ

Coronavirus False နိုင်ငံရေး | Politics

အင်းစိန်ရွာမဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေတဲ့ စာသင် ရဟန်းနဲ့ သင်္ဃာ ၇၅ မှာ COVID-19 ကူးစက်ခံရတဲ့ သတင်းနောက်ဆက်တွဲရေးသားပြောဆိုချက်တွေ လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။

ဒီလိုအခြေအနေမှာ ရေနံချောင်းမဲဆန္ဒနယ်မှာ NLD ပါတီက ဝင်ပြိုင်မယ့် အမတ်လောင်း ဉီးခင်မောင်လင်းက အင်းစိန်ရွာမကျောင်း ပိုးတွေ့ရှိမှုအပေါ် မှတ်ချက်ရေးသားခဲ့တဲ့ ပို့စ်တစ်ခုအဖြစ် လူမှုကွန်ယက် အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။

“ခင် စစ်သွေး နိုင်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “ဝန်ကြီးလုပ်မယ့် nld လွှတ်တော်အမတ်လောင်း ရေးတဲ့မန့်ကိုကြည့် ခင်မောင်ဝင်း ဆိုတဲ့ကောင်ကို စောက်ရမ်း ရွံတယ် “လို့ ရေးသားမျှဝေထားပါတယ်။

Fb linkArchive link

ရွှေ နန်း ထက်အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူကလည်း အလားတူမျှဝေထားပါတယ်။ ဒီလိုချိတ်ဆက်ပြီး မျှဝေနေတဲ့ screenshot ပို့စ်တွေကို ဒီနေရာဒီနေရာနဲ့ဒီနေရာမှာလည်း တွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

ရေနံချောင်းမြို့နယ် တိုင်းေဒသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ က ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးခင်မောင်ဝင်း အသုံးပြုနေတဲ့ NLD အတွက်မဲဆွယ်စည်းရုံရေးတရားဝင်လုပ်နေတဲ့ “Khin Maung Win”အမည်နဲ့အကောင့်မှာ  အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း အလားတူ screenshot တွေနဲ့ မှတ်ချက်ပေးထားရာမှာ ဉီးခင်မောင်ဝင်း က သူ့အနေနဲ့ မည်သည့် စာမျက်နှာမှ သွားရောက်မှတ်ချက်ပေး ထားခြင်းမရှိကြောင်း ပြန်လည်ဖြေကြား ထားတာတွေ့ရပါတယ်။

https://www.facebook.com/khin.m.win/posts/10224404771335261

ဒီလိုမျှနေတဲ့ screenshot မှာ NLD အမှတ်တံဆိပ်ပုံနဲ့ ကိုယ်စားလှယ်လောင်းပုံကို ယူသုံးထားတဲ့ အကောင့်တု ဖြစ်ပြီး လွှတ်တော်ကိုယ်စား လှယ်လောင်း ဉီးခင်မောင်ဝင်းရဲ့ profile ပုံမှာတော့ ဒေါ်အောင်ဆန်း စုကြည်ပုံပါဝင်တယ်လို့လည်း သူ့ရဲ့ပို့စ်အောက်မှာမှတ်ချက်မှာရေးသားထားတာတွေ့ရပါတယ်။ 

ဒီလို ရွာမကျောင်းတိုက်က COVID-19 ပိုးတွေ့သင်္ဃာတွေကို အဂါရဝရေးသားချက် အပိုင်းအစအဖြစ် screenshot ပုံကို မျှဝေပြီး NLD လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မျှဝေနေကြတာတွေ့ရပေမဲ့ ဒီလိုရေးသားခဲ့ အကောင့် ရဲ့ profile လင့်ခ်ကို မျှဝေပြောဆိုနေကြတာမျိုးမတွေ့ရသလို မည်သည်စာမျက်နှာမှာ မှတ်ချက်ပေးခဲ့ သည်ဆိုတာ ကိုလည်း ပြောဆိုမျှဝေတာမျိုးမတွေ့ရှိရပါဘူး။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ရေနံချောင်းမြို့နယ် တိုင်းေဒသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ က ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးခင်မောင်ဝင်းရဲ့ မှတ်ချက်အဖြစ် မျှဝေနေတဲ့ အချက်အလက်ကို အချက်အလက်မှား အဖြစ်သတ်မှတ်ပါတယ်။

Avatar

Title:ရေနံချောင်း NLD အမတ်လောင်းကို တိုက်ခိုက်တဲ့ အချက်အလက်မှား ဖြန့်ဝေ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *