နှစ် (၁၀၀) တိုင်းမှာ တစ်ကြိမ် ကမ္ဘာကြီးမှာ ကမ္ဘာ့ရောဂါကပ်ကြီးဖြစ်ပြီး လူအသေအပျောက်များတတ်တယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန် ယက်မှာသုံးစွဲသူတွေ အကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။

“အနှစ် (၁၀၀) လျှင် တစ်ကြိမ် ကမ္ဘာကြီးက လူသန့်ရှင်းရေးလုပ်တဲ့ချိန် ရောက်ပြီလား” စသည်ဖြင့်အစချီပြီး ၁၈၂၀ ခုနှစ်၊ ၁၉၂၀ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်ဆိုပြီးတော့ လူတွေအတုန်းအရှုံးသေတဲ့ သမိုင်းမှတ်တမ်းဓာတ်ပုံတစ်ချို့နဲ့ ကမ္ဘာပေါ်မှာ လူဦးရေလျော့ချဖို့အတွက် နှစ် ၁၀၀ တိုင်းမှာကပ်ရောဂါဖြစ်တယ်ဆိုပြီး အောက်ပါအတိုင်းရေးသားထားပါတယ်။

Fb linkArchive link

လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေခဲ့တဲ့ အလားတူပို့စ်မျိုးကို ဒီနေရာနဲ့ ဒီနေရာတွေမှာ လည်း တွေ့ရပါတယ်။ တကယ်ပဲ နှစ် ၁၀၀ တိုင်းမှာ ဒီလိုကပ်ရောဂါဖြစ်ခဲ့တာလား။ ဒီလိုဖြစ်ပျက်ခဲ့ခြင်းဟုတ် မဟုတ် ဆန်းစစ်ကြည့်ရအောင်ပါ။

အချက်အလက်စိစစ်ချက်

ဒီလိုမျိုးအလားသဏ္ဌာန်တူပို့စ်မျိုးတွေ ပျံ့နှံ့ပုံကို လေ့လာကြည့်ရာမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကမ္ဘာ့ကပ်ရောဂါ အဖြစ်မကြေညာခင် ဖေဖော်ဝါရီအစောပိုင်းကတည်စတင်ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။

အခြားနိုင်ငံတွေမှာလည်း ဒီလိုအလားသဏ္ဌာန်တူပို့စ် တွေပျံ့နှံ့ခဲ့ တာတွေ့ရပြီး ဒီလို နှစ် ၁၀၀ တိုင်းမှာ ကပ်ရော ဂါဖြစ်တယ်ဆိုတာ မဟုတ်ကြောင်းကို Fact Crescendo ရဲ့ သီရိလင်္ကာအချက်အလက် စိစစ်ရေးအဖွဲ့က အင်္ဂလိပ်ဘာသာနဲ့ အချက်အလက်စိစစ် ထားပြီးဖြစ်ပါတယ်။

သို့သော်လည်း မြန်မာစာဖတ်ပရိတ်သတ်အတွက် အဓိကကျတဲ့အချက်အလက်တစ်ချို့ကို ထပ်မံ ထုတ်နှုတ်ဖော်ပြ လိုက်ပါတယ်။

ပထမဆုံး ပလိပ်ရောဂါကိုအကြောင်းရှာဖွေကြည့်ရာမှာ ပလိပ်ရောဂါဟာ ၆ ရာစုနှစ်လောက်က တည်း ဖြစ်ပွားခဲ့ တယ်ဆိုတဲ့ မှတ်တမ်းတွေတွေ့ရပြီး အဆိုးရွားဆုံးနဲ့သေပျောက်မှုအများဆုံး အဖြစ်မှတ်တမ်း ဝင်ခဲ့တဲ့ ပလိပ် ကပ်ရောဂါဟာ ဉရောပမှာ ၁၃၄၇ ခုနှစ်ကနေ ၁၃၅၁ ခုနှစ်ကြားမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ စွမ်စုံကျမ်းဖြစ်တဲ့ britannica ကအချက်အလက်တွေအရ ဉရောပတစ်လွှာမှာ လူဉီး ၃ ပုံ ၂ ပုံကနေ ၄ ပုံ ၃ ပုံကြား ဒီရောဂါကြောင့် သေဆုံးခဲ့ရပါတယ်။ အဲဒီနောက်မှာ နောက်ထပ် ရာစုနှစ် ၃ ခုကြာ ဉရောပတစ်လွှာမှာ ကျိုကြားကျိုကြားဖြစ်ပွား ခဲ့ပြီး ပြင်သစ်မှာ ၁၆၆၈ ခုနှစ်ကနေ ၁၇၂၀ မှာဖြစ်ပွားခဲ့ပြီး အဲဒီနောက် ဉရောပမှာဖြစ်ပွားခဲ့ခြင်းမရှိတော့ပါဘူး။ ၁၇၂၀ ခုနှစ်မှာ ပြင်သစ်နိုင်ငံ မာဆေးမြို့မှာဖြစ်ပွားခဲ့တဲ့ ပလိပ်ကပ်ရောဂါမှာ လူပေါင်း ၄၀၀၀၀ သေဆုံးခဲ့ရပါတယ်။ သို့သော်လည်း ၁၇၂၀ ခုနှစ်မှာ ပြင်သစ် ပလိပ်ရောဂါဖြစ်ပွားခဲ့ပြီး ကမ္ဘာ့ကပ်ရောဖြစ်ပွားခဲ့ တယ်ဆိုတဲ့ အထောက်အထားမျိုးမရှိပါဘူး။

နောက်တစ်ခုဖြစ်တဲ့ကာလဝမ်းရောဂါဟာ ၁၈၂၀ မှာ ထိုင်း၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားမှာဖြစ်ခဲ့တယ်လို့ အခုလိုပျံ့နှံ့နေတဲ့ပို့စ်မှာ ရေးသားထားတာတွေ့ရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အချက်အလက်အရ ကာလဝမ်းရောဂါဟာ အနောက်ဘင်္ဂလားနဲ့ ယနေ့ဘင်္ဂလားဒေ့ရှ် မြစ်ဝကျွန်းပေါ်မှာ အစပြုခဲ့ပြီး ၁၉ ရာစုနှစ်က ဖြစ်ပွားခဲ့ပြီး ကမ္ဘာ့ကပ်ရောဂါအသွင်နောက်ထပ် ၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ၁၉၆၁ ခုနှစ်မှာ တောင်အာရှမှာပဲနောက်ထပ် ၇ ကြိမ်မြောက်ကပ်အဖြစ်ဖြစ်ပွားခဲ့ပါတယ်။

WHO

ပျံ့နှံ့လျက်ရှိတဲ့ပို့စ်တွေမှာ နောက်ထပ်ပြောထားတဲ့ ကပ်ရောဂါကတော့ စပိန်တုပ်ကွေးဖြစ်ပြီး ၁၉၂၀ ခုနှစ်မှာဖြစ်ပွားခဲ့ကြောင်းရေးသားထားပါတယ်။ သို့သော်လည်း အမေရိကန်ကူးစက်ရောဂါထိန်းချုပ်ရေးဌာနက အချက်အလက်အရ စပိန်တုပ်ကွေးဟာ ၁၉၁၈ ခုနှစ်မှာစတင်ဖြစ်ပွားခဲ့တာတွေ့ရပါတယ်။ စပိန်တုပ်ကွေးလို့ အမည်တွင်ခဲ့ပေမဲ့ ဒီရောဂါပိုးကို အထောက်အထားနဲ့ စတင်သတိပြုမိခဲ့တဲ့နေရာကတော့ အမေရိကန်မှာ ဖြစ်ပါတယ်။ ဒီတုပ်ကွေးရဲ့ ဘယ်ကစခဲ့သလဲ မူလနေရာနဲ့ ပတ်သက်ပြီး လက်ရှိအချိန်အထိ အငြင်းပွားဖွယ်ဖြစ်နေ ဆဲဖြစ်ပါတယ်။

တကယ်တမ်းဒီလိုပြောဆိုမျှဝေနေတဲ့ပို့စ်တွေဟာ ကျောက်ပေါက်ရောဂါနဲ့ အာရှတုပ်ကွေးလို ကပ်ရောဂါတွေလို့ အခြားသော ကမ္ဘာ့ကပ်ရောဂါအချို့ကို ချန်လှပ်ခဲ့ပြီး ပြောဆိုနေကြတာလည်းတွေ့ရပါတယ်။

Link

သုံးသပ်ချက်

အထက်ပါအချက်အလက်စိစစ်ချက်အရ နှစ် ၁၀၀ တိုင်းမှာ ကပ်ရောဂါဖြစ်တယ်ဆိုတဲ့အချက်ဟာ မှန်ကန်ခြင်း မရှိပါဘူး။ ကြားထဲမှာဖြစ်ပွားခဲ့တဲ့ အသေအပျောက်များခဲ့တဲ့ ကမ္ဘာ့ကပ်ရောဂါတစ်ချို့ကိုလည်း ချန်လှပ်ခဲ့တာတွေ့ရပါတယ်။

Avatar

Title:နှစ် (၁၀၀) တိုင်းမှာ တစ်ကြိမ် ကမ္ဘာကြီးမှာ ကမ္ဘာ့ရောဂါကပ်ကြီးတစ်ခုဖြစ်တယ်ဆို တာဟုတ်ပါလား

Fact Check By: Nayar Maung

Result: False