
ကရင်အမျိုးသားအစည်းအရုံး(KNU)က ရဟတ်ယာဉ်တစ်စီးပစ်ချခဲ့တယ်လို့ ရေးသားမျှဝေထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှဝေနေပါတယ်။
“#ယနေ့ KNU မှ ပုဇင်းတကောင် ဖမ်းမိသွားကြောင်း”လို့ရေးသားပြီး “Bay Gyi”အမည်နဲ့ဖေစ့်ဘွတ် အသုံးပြု သူက မျှဝေထားရာမှာ ၁၂ နာရီအတွင်း ပြန်လည်မျှဝေမှု ၅ ထောင်ကျော်ရှိပါတယ်။ တူညီစွာ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
သို့သော်လည်း ဒီသတင်းဟာ မှားယွင်းပြီး KNU ဘက်က ရဟတ်ယာဉ်ပစ်ချခဲ့တဲ့ အထောက်အထား မတွေ့ရပါဘူး။
အချက်အလက်စိစစ်ချက်
ကရင်အမျိုးသား အစည်းအရုံး(KNU)ရဲ့ သတင်းနှင့်ပြန်ကြားရေးဌာနဖြစ်တဲ့ KIC သတင်းစဉ်မှာ သတင်း ဖော်ပြချက်မတွေ့ရပါဘူး။ အခြားသောသတင်းဌာနတွေမှာလည်း ဒီလိုရဟတ်ယာဉ်ပျက်ကျတဲ့ ဖြစ်စဉ် သတင်းဖော်ပြချက် တစ်စုံတစ်ရာမတွေ့ရပါဘူး။
ဓာတ်ပုံကို Google မှာ မှာပုံရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ ရဟတ်ယာဉ်တစ်စီး မီးလောင်နေတဲ့ ဓာတ်ပုံဟာ ၂၀၂၀ ခုနှစ်ဖေဖော်ဝါရီကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာကို အောက်ပါအတိုင်းတွေ့ရပါတယ်။

တူရကီဘာသာစကားနဲ့ရေးသားထားတဲ့ မူရင်းသတင်းကို ဘာသာပြန်ကြည့်ရာမှာ အလက်ပို(Aleppo)မြို့ရဲ့ ကျေးလက်မှာ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဒမစကတ်(Damascus)အစိုးရတပ်များတိုက်ပွဲများဆက်လက် ဖြစ်ပွားလျက်ရှိစဉ် အလက်ပိုမြို့လယ်မှ ပျံ့တက်လာသော ရဟတ်ယာဉ်သည် လက်နက်ကိုင်တပ်ဖွဲ့များဆီသို့ ဦးတည်ပျံလာတဲ့ ရဟတ်ယာဉ်ကို ပစ်ချခဲ့ရတယ်လို့ ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Kurdistan24 | Archive link
အခြားသောပုံဖြစ်တဲ့ ရဟတ်ယာဉ်မီးလောင်ပြီး ပျက်ကျလာတဲ့ပုံကို လေကြောင်းသတင်းအချက်အလက်ပေါ် တယ်တစ်ခုဖြစ်တဲ့ defpost အသုံးပြုရေးသားထားပါတယ်။ တူရကီအထောက်အပံ့နဲ့ သူပုန်အဖွဲ့က ဆီရီးယားလေတပ်က Mi-17 ရဟတ်ယာဉ်ကို ပစ်ချခဲ့တယ်လို့လည်းရေးသားထားပါတယ်။
ဒီရဟတ်ယာဉ်ပျက်ကျခဲ့တဲ့ ဗွီဒီယိုကို “Babak Taghvaee – The Crisis Watch”အမည်နဲ့ တွစ်တာအကောင့်မှာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်က အောက်ပါအတိုင်းရေးသားမျှဝေထားလည်းတွေ့ရပါတယ်။
“လွန်ခဲ့တဲ့ ၁ နာရီက #ဆီရီးယားလေတပ်က ဒီ Mi-17 ရဟတ်ယာဉ်ဟာ #Idlib က Al-Nayrab ဒေသမှာ ပစ်ချခံခဲ့ရပါတယ်။ #AlQaedaနှင့်ဆက်စပ်တဲ့အဖွဲ့နဲ့#တူရကီကျောထောက်နောက်ခံလက်နက်ကိုင်တွေဟာသူတို့ရဲ့ လက်ချက်လို့ ပြောဆိုကြပါတယ်။ သို့သော်လည်း ဒီရဟတ်ယာဉ်ကို တူရကီက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်ဆိုတာ သေချာ ပါဘူး။”
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ဆီရီးယားလေတပ်က ရဟတ်ယာဉ်ပစ်ချခံရတဲ့ပုံတွေကို အသုံးပြုပြီး KNU က ပစ်ချလိုက်တဲ့ ရဟတ်ယာဉ်အဖြစ်ဖော်ပြနေခြင်းဖြစ်ပါတယ်။

Title:ဆီရီးယားမှာရဟတ်ယာဉ် ပြစ်ချခံရမှုကို မြန်မာနိုင်ငံက အဖြစ်အပျက်အဖြစ်ဖော်ပြ
Fact Check By: Nayar MaungResult: False