၂၉ ရက်နေ့ညသန်းခေါင်ယံအချိန်မှာမုန်တိုင်း ဖြတ်သွားမည့်ဒေသများဆိုတဲ့ လှည့်စားထားတဲ့သတင်းမှား

လူမှုရေး

မြန်မာနိုင်ငံကို မုန်တိုင်းဝင်ရောက်နိုင်တယ်ဆိုပြီးတော့ နိုင်ငံကတာသတင်းဌာနတွေမှာ ဖော်ပြလာချိန်မှာပဲ ဧပြီ ၂၆ ရက်က aungthapyay.xyz အမည်နဲ့ဝက်ဘ်ဆိုဒ်ကရေးသားတဲ့ မုန်တိုင်းသတင်းတစ်ခုကို  “အားလုံးသိအောင် Share ပေးပါ လာမည့် ၂၉ ရက်နေ့ည သန်းခေါင်ယံအချိန်မှာ ဝင်မည့် မုန်တိုင်းနဲ့ ဖြတ်သွားမည့် ဒေသများ” ဆိုပြီးတော့ “Hein Zaw” အမည်နဲ့ဖေ့စ်ဘွတ်အကောင့်ကမျှဝေလာပါတယ်။ 

Fb linkArchive link

မျှဝေထားတဲ့ လင့်ခ်ကို ဝင်ရောက်ရောက်ကြည့်ရှု့မယ်ဆိုရင် aungthapyay.xyz အမည်နဲ့ ဝက်ဘ်ဆိုဒ်က အောက်ပါတိုင်းရေးသားထားတာတွေ့ရပါတယ်။

“လာမည့် ဧပြီ ၂၉ ရက်မှာ မုန်တိုင်းဖြတ်သန်းမယ့် ဒေသများစာရင်းပါတဲ့…အားလုံး သတိထားနိုင်အောင်ဖတ်ပြီး မှတ်ထားကြပါနော်…..ဧပြီ ၂၉..ညသ န်းခေါင်ယံအချိန်တွင် စစ်တွေမြို့အောက်ဘက် မြေပုံမြို့ နှင့် ကျောက်ဖြူမြို့ ကြားလောက်မှနေ၍ကုန်းပေါ်သို့ ဝင်ရောက်နိုင်ပြီး …– မကွေးတိုင်းဒေသကြီး ကမ္မမြို့ကို လည်းကောင်း ထိုမှ တစ်ဆင့်စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့အနီးသို့ လည်းကောင်း– အထက်ဘက်သို့ ဦးတည်ဖြတ်သန်းသွား နိုင်ပြီး…ကမ္မမြို့အနီးတွင် လေတိုက်နှုန်း တစ်နာရီလျှင် ၇၅ ကီလိုမီတာခန့် – မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့အနီးတွင် လေတိုက်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ ခန့် ရှိနိုင်ပြီး.. မုန်တိုင်း ဖြတ်သန်းရာတလျှောက်တွင် မိုးသည်းထန်စွာ ရွာသွန်းနိုင် သည်ဖြစ်သောကြောင့်–နှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင် ပြီး….ပို၍သတိထားရန်မှာ မုန်တိုင်းဝင်မည့်အချိန်သည် ညဉ့်နက်သန်းခေါင် ကျော် ဖြစ်နေခြင်းဖြစ်ပါသည်”ဆိုပြီး ရေးသားထားတာတွေ့ရပါတယ်။

LinkArchive link

အခြာသောလူမှုကွန်ယက်စာမျက်နှာတွေမှာလည်း အလားတူမျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

ပထမဆုံး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဉီးစီးဌာနရဲ့တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာကို ဝင်ရောက် ကြည့်ရှု့ ရာမှာ ဧပြီ ၂၈ ရက်အထိ လေပြင်းနှင့်မုန်တိုင်းသတိပေးချက်တစ်စုံတစ်ရာမတွေ့ရှိရပါဘူး။ သို့သော်လည်း ဧပြီ ၂၈ ရက် မွန်းလွဲ ၂ နာရီအချိန်ထုတ်ပြန်ချက်မှာ “”ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်း တို့တွင် (နောက် ၄၈ နာရီအတွင်း) (၃၀.၄.၂၀၂၀)ရက်ခန့်တွင် လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ (နောက် ၉၆ နာရီအတွင်း) (၂.၅.၂၀၂၀)ရက်ခန့်တွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိ နိုင်သည်ဟု ခန့်မှန်းရပါသည်။”ဆိုပြီးထုတ်ပြန်ထားတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ နိုင်ပါတယ်။

MoezalaArchive link

Google မှာ အဓိကကျတဲ့ စကားလုံးတွေဖြစ်တဲ့ “cyclone myanmar ​april 29”ဆိုတဲ့စကားလုံးတွေကို အသုံး ပြုပြီးရှာဖွေရာမှာအောက်ပါအတိုင်း အိန္ဒိယနဲ့နိုင်ငံတကာကရေးသားတဲ့ မုန်တိုင်းနဲ့ပတ်သက်တဲ့ သတင်း တစ်ချို့ကိုတွေ့ရှိရပါတယ်။ 

သို့သော်လည်း ဧပြီ ၂၉ ရက်မှာ မုန်တိုင်းဝင်နိုင်တယ်ဆိုတာမျိုးမတွေ့ရပဲ မေ ၃ ရက်မှာ ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်တွေမှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

Link
Link

Skynet UptoDate ဖေ့စ်ဘွတ်စာမျက်နှာမှာ ဧပြီ ၂၇ က​ေဖာ်ပြခဲ့တဲ့ သတင်းတစ်ခုမှာ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦး စီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ဧပြီ ၂၉ ရက်နေ့ မုန်တိုင်းဝင်မယ်ဆိုတာ မဟုတ်ဘူးလို့ ငြင်းဆိုထားပြီး ကောလာဟလသာဖြစ်ကြောင်းပြောဆိုထားတာတွေ့ရပါတယ်။ 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေနဲ့ (၂၃-၄-၂၀၂၀) ရက်နေ့တွင် ဧပြီလ (၂၈) ရက်နေ့မှ (၃၀) ရက်နေ့အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်ကြောင်းထုတ်ပြန်ခဲ့ေပမဲ့ ကြိုတင် သတိေပးချက် သတင်းထုတ်ပြန်ခဲ့ခြင်း မရှိဘူးလို့လည်းေပြာကြားထားပါတယ်။

SkynetArchive link

ဧပြီ ၂၃ ရက်က မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနဧပြီလ (၂၈) ရက်နေ့မှ (၃၀) ရက်နေ့အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်ကြောင်းထုတ်ပြန်ချက်ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့ လာနိုင်ပါတယ်။

Moezala

သုံးသပ်ချက်

အထက်ပါအချက်အလက်ေတွအရ ဧပြီ ၂၉ ရက်မှာ ညသန်းခေါင်ယံအချိန်မှာ စစ်တွေမြို့အောက်ဘက် မြေပုံမြို့ နဲ့ ကျောက်ဖြူမြို့ ကြားကေန မုန်တိုင်းဖြတ်ဝင်ပြီး မကွေးတိုင်းဒေသကြီး ကမ္မမြို့ကို လည်းကောင်း ထိုမှ တစ်ဆင့်စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့အနီးအထက်ဘက်ကို ဉီးတည်နိုင်တယ်ဆိုတဲ့ သတင်းဟာ လှည့်စား ထားတဲ့ သတင်းမှားသာဖြစ်ပါတယ်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းချက်အရ ေနာက် ၄၈ နာရီအတွင်း ေလဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ေပါ်နိုင်ပြီး ၉၆ နာရီအတွင်း( ေမ ၂ ရက်)မှသာ မုန်အတိုင်းအဖြစ်ေရာက်ရှိနိုင်ေကြာင်းခန့်မှန်းထားပါတယ်။

Avatar

Title: ၂၉ ရက်နေ့ညသန်းခေါင်ယံအချိန်မှာမုန်တိုင်း ဖြတ်သွားမည့်ဒေသများဆိုတဲ့ လှည့်စားထားတဲ့သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *