ဘင်္ဂလာဒေ့ရှ်မှာ မြန်မာပြည်က ခိုးဝင်လာသူ ဘင်္ဂလီတွေနဲ့ဒေသခံ တွေ ဆော်ကုန်ကြပြီး ဆိုတဲ့ သတင်းမှား

Coronavirus False နိုင်ငံတကာ၊ | International လူမှုရေး၊

COVID-19 ဟာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ နယ်မြေဒေသအသီးသီးကို ပျံ့နှံ့လျက်ရှိပါတယ်။ လူဉီးရေထူထပ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်လည်း စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဧပြီ ၁၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ ဘင်္ဂလားဒေ့ရှ်မှာ ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာ ၂၁၄၄ ဉီးနဲ့ သေဆုံး ၈၄ ဉီးရှိပြီဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ “ဘင်္ဂလာဒေ့ရှ် မွာ မြန်မာပြည်က ခိုးဝင်လာသူ ဘင်္ဂလီတွေ နဲ့ဒေသခံ တွေ ဆော်ကုန်ကြပြီ၊ အဝင်မခံဘူး ၊   Covid 19 ဟာဘာသာတူခြင်းတောင် ကြောက်ရွံ့စေတယ်၊ ဆလမ်မာလေကွမ်း ”ဆိုပြီးတော့ Myo Min အမည်နဲ့ဖေ့စ်ဘွတ် သုံးစွဲသူက အောက်ပါအတိုင်းမျှဝေလာပါတယ်။

Fb linkArchive link

အချက်အလက်စိစစ်ချက်

ပထမဆုံး ဗွီဒီယိုကို InVID ဗွီဒီယိုဆန်းစစ်ရေးဆော့ဖ်ဝဲလ်ကို အသုံးပြုပြီး ဓာတ်ပုံအဖြစ်ပြောင်းလဲ လိုက်တဲ့အခါမှာအောက်ပါအတိုင်းတွေ့ရပါတယ်။ 

ဒီထဲက ပထမဆုံးဓာတ်ပုံကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုပြီး ရှာဖွေကြည့်ရာမှာတော့ အောက်ပါတိုင်း တွေ့ရပါတယ်။

ဒီဗွီဒီယိုဟာ ၂၀၁၉ ခုနှစ် စက်တင်ဘာလကတည်းက အင်တာနက်မှာရှိနှင့်နေပြီဖြစ်တာကို တွေ့ရပါတယ်။

Link

ဗွီဒီယိုရဲ့အောက်ခြေမှာပါတဲ့ “পানি পথের যুদ্ধ ব্রাক্ষ্মনবাড়িয়া! না দেখলে miss করবেন।“ ဆိုတဲ့စကားလုံးကို ဘင်္ဂလီဘာသာစကားကနေ မြန်မာဘာသာကို Google Translate အသုံးပြုပြီး ဘာသာပြန်ကြည့်ရာမှာအောက်ပါ အတိုင်းတွေ့ရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Brahmanbaria ခရိုင်က ရွာသားအချင်းချင်းပြဿနာတက်ကြတဲ့ ရန်ပွဲဖြစ်တယ်လို့ရေးသားထားပါတယ်။ အောက်ပါလင့်ခ်တွေမှာလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။

Linklink

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက Brahmanbaria ခရိုင်ဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ခရိုင်တစ်ခုမဟုတ်တာ လည်းတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Link

သုံးသပ်ချက်

အထက်ပါအချက်အလက်စိစစ်ချက်တွေအရ Myo Min အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူမျှဝေထားတဲ့ “ဘင်္ဂလာဒေ့ရှ်မှာ မြန်မာပြည်က ခိုးဝင်လာသူ ဘင်္ဂလီတွေ နဲ့ဒေသခံ တွေ ဆော်ကုန်ကြပြီ အဝင်မခံဘူး၊ Covid 19 ဟာ ဘာသာတူ ခြင်းတောင် ကြောက်ရွံ့စေတယ်”ဆိုပြီးရေးသားချက်ဟာ သတင်းအမှားဖြစ်ပါတယ်။ ဒီဗွီဒီယိုဟာ ၂၀၁၉ ခုနှစ် စက်တင်ဘာအစောပိုင်းကတည်း အင်တာနက်မှာရှိနှင့်နေပြီးဖြစ်တဲ့အတွက် အခုလက်ရှိကပ်ရောဂါ ကိုရိုနာဗိုင်း ရပ်စ်နဲ့လည်း သက်ဆိုင်ခြင်းမရှိပါဘူး။

Avatar

Title:ဘင်္ဂလာဒေ့ရှ်မှာ မြန်မာပြည်က ခိုးဝင်လာသူ ဘင်္ဂလီတွေနဲ့ဒေသခံ တွေ ဆော်ကုန်ကြပြီး ဆိုတဲ့ သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *