ရဲ ၈ ယောက်ကို သတ်ခဲ့တဲ့အမှုနဲ့အဖမ်းခံရသူကို COVID-19 ကူးစက်ခံရတယ်လို့ ဇနီးကို လိမ်ညာပြီး မယားငယ်နဲ့ ပေါင်းသင်းလို့အဖမ်းခံရသူအဖြစ်ဖော်ပြနေ

Coronavirus False နိုင်ငံတကာ၊ | International

ရဲ ၈ ယောက်ကို သတ်ခဲ့တဲ့အမှုအပါအဝင် အခြားသောရာဇဝတ်မှုတွေကျူးလွန်လို့အဖမ်းခံရသူကို COVID-19 ကူးစက်ခံရတယ်လို့ ဇနီးကို လိမ်ညာပြီး မယားငယ်နဲ့ ပေါင်းသင်းလို့အဖမ်းခံရသူအဖြစ်ဖော်ပြနေတဲ့ သတင်းမှားတစ်ခု ပျံ့နှံ့ခဲ့ပါတယ်။

“ကိုဗစ်ပိုးကူးနေတယ်လို့ ဇနီးကိုလိမ်ညာပြီး မယားငယ်နဲ့သွားနှပ်နေတဲ့အမျိုးသား”လို့ပြီး မျှဝေထားတဲ့ screenshot ပို့စ်တစ်ခုကို အောက်ပါအတိုင်းမျှဝေထားပါတယ်။

Fb linkArchive link

အလားတူ ပို့စ်ကို ဒီနေရာဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ်။ 

စက်တင်ဘာ ၂၆ ရက်က myanmarnews.cooxf.com အမည်နဲ့ဝက်ဆိုဒ်မှာဖော်ပြခဲ့တဲ့ပို့စ်ကို အခုလိုပြန်လည်မျှ ဝေနေကြတာဖြစ်ပါတယ်။ ပို့စ်မှာ “ကိုဗစ်ပိုးကူးနေတယ်လို့ ဇနီးကိုလိမ်ညာပြီး မယားငယ်နဲ့သွားနှပ်နေ တဲ့အမျိုး သား” ခေါင်းစဉ်တပ်ပြီး ၂ လကြာအောင်ပျောက်ဆုံးနေပြီးနောက် မယားငယ်အိမ်မှာ ပြန်တွေ့ခဲ့ရတဲ့ အိန္ဒိယက အမျိုးသားတစ်ဦး အဖြစ်ရေးသားမျှဝေထားပြီး ရဲတပ်ဖွဲ့က ဒီအမျိုးသားကို စည်းမျဉ်းချိုးဖောက်မှုတွေနဲ့ အရေးယူမယ်လို့ ရေးသားထားပါတယ်။

အချက်အလက်စိစစ်ကြည့်ရအောင်ပါ။

အချက်အလက်စိစစ်ချက်

COVID-19 ကူးစက်ခံရတယ်လို့ ဇနီးကို လိမ်ညာပြီး မယားငယ်နဲ့ ပေါင်းသင်းလို့အဖမ်းခံရသူအဖြစ်ဖော်ပြနေတဲ့ အမျိုးသားပုံကို Google မှာ ပုံပြန်ရှာနည်းအသုံးပြရှာမယ်ဆိုရင်အောက်ပါအတိုင်းတွေ့ရပါတယ်။ 

ဓာတ်ပုံထဲက ပုဂ္ဂိုလ်ဟာ Vikas Dubey ဖြစ်ပြီး ရဲ ၈ ယောက်ကို သတ်မှုအပါအဝင် မုဒိန်းမှု၊ ပြန်ပေးဆွဲမှု၊ ဆူပူမှုဖြစ် အောင်လှုံ့ဆော်မှုစတဲ့ ပြစ်မှု ၆၀ ကျော်ကို ရင်ဆိုင်နေရသူဖြစ်ပါတယ်။ ဇူလိုင် ၉ ရက်နေ့က မာဒ်ယာပရာ(Madhya Pradesh)မှာ ရဲတပ်ဖွဲ့ထံ အဖမ်းခံခဲ့ပြီးနောက် အဓိကပြစ်မှုတွေကျူးလွန်ခဲ့တဲ့ ဉူတာပရာ(Uttar Pradesh)ကို ပို့ဆောင်စဉ်မှာ ကားပေါ်ပါ ရဲတပ်ဖွဲ့ဝင်တစ်ဉီးရဲ့သေနတ်ကို လုယူပြီးထွက်ပြေးဖို့ ကြိုးပမ်းစဉ်မှာ ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်ဆီးမှုကြောင့် သေဆုံးခဲ့ရသူဖြစ်ပါတယ်။ အောက်ပါလင့်ခ် တွေမှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

Link1Link2

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ကိုဗစ်ပိုးကူးနေတယ်လို့ ဇနီးကိုလိမ်ညာပြီး မယားငယ်နဲ့သွားနှပ်နေတဲ့အမျိုးသား ဆိုပြီးမျှဝေနေတဲ့ ဓာတ်ပုံဟာ ရဲတပ်ဖွဲ့ဝင် ၈ ဦးကို သတ်မှုအပါအဝင်အခြားသော ရာဇဝတ်မှုစွဲချက်တွေနဲ့ ရင်ဆိုင်နေရစဉ် ထွက်ပြေးရန်ကြိုးပမ်းမှုကြောင့် ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံးခဲ့တဲ့ Vikas Dubey ဆိုသူဖြစ်တာတွေ့ရပါတယ်။

Avatar

Title:ရဲ ၈ ယောက်ကို သတ်ခဲ့တဲ့အမှုနဲ့အဖမ်းခံရသူကို COVID-19 ကူးစက်ခံရတယ်လို့ ဇနီးကို လိမ်ညာပြီး မယားငယ်နဲ့ ပေါင်းသင်းလို့အဖမ်းခံရသူအဖြစ်ဖော်ပြနေ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *