Fact Check: ကင်ညာနိုင်ငံ NLD ထောက်ခံသူများမဲဆွယ်လှုပ်ရှားမှုကို ဂမ်ဘီယာနိုင်ငံကထောက်ခံမှုအဖြစ်ဖော်ပြနေ

Misleading နိုင်ငံရေး | Politics

အာဖရိကန်လူမျိုးတစ်ချို့ NLD အင်္ကျီဝတ်ဆင်ပြီး ဓာတ်ပုံရိုက်နေပုံနဲ့ ဗွီဒီယိုကို ဂမ်ဘီယာနိုင်ငံသူတွေက ထောက်ခံမှု အဖြစ်ဖော်ပြလျက်ရှိတဲ့ ပို့စ်ကို လူမှုကွန်ယက်မှာ ဖြန့်ဝေလျက်ရှိပါတယ်။

ပျံ့နှံ့ခဲ့တဲ့ပို့စ်မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲပြီး ပြည်သူတွေက NLD ဒီကိုထောက်ခံပြနေတာဟာ NLD နဲ့ ပြည်ပနိုင်ငံတွေရဲ့ ကြိုတင်ကြံစည်မှုကိုဖော်ပြနေတယ်ဆိုပြီးတော့ ရေးသားမျှဝေနေကြတာဖြစ်ပါတယ်။

သို့သော်လည်း ဓာတ်ပုံပို့စ်ထဲမှာပါတဲ့ NLD အင်္ကျီဝတ် အာဖရိကန်လူမျိုးတွေဟာ ကင်ညာနိုင်ငံကဖြစ်ပြီး ဂမ်ဘီယာနိုင်ငံက မဟုတ်တာတွေ့ရပါတယ်။ 

လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားအမျိုးမျိုးနဲ့ ဓာတ်ပုံပို့စ်ကို ဒီနေရာဒီနေရာနဲ့ ဒီနေရာနဲ့ ဒီနေရာတွေမျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

ဒီဓာတ်ပုံတွေကို အခြားအချက်အလက်စိစစ်တဲ့အဖွဲ့အစည်းတွေဖြစ်တဲ့ BoomAFP စတဲ့အချက်အလက်စိစစ်တဲ့ အဖွဲ့အစည်းတွေကလည်း ဂမ်ဘီယာနဲ့သက်ဆိုင်ခြင်းမရှိကြောင်းစိစစ်ထားပြီးဖြစ်ပါတယ်။

Google မှာပုံရှာနည်း၊ အဓိကစကားလုံးတွေအသုံးပြုရှာဖွေနည်းနဲ့ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံကို စက်တင်ဘာ ၁၄ ရက်က “Win Ko” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အစောဆုံးမျှဝေထားတာတွေ့ရပြီး အောက်ပါအတိုင်း ရေးသားထားပါတယ်။

“ကင်ညာမှNLDများနီတယ်နော်”

မူရင်းလင့်ခ် –  Win KoArchive link 

အလားတူ ဒီဓာတ်ပုံတွေကို နောက်ထပ်အစောဆုံးတွေ့ရှိရတဲ့ ပုံတွေထဲမှာ Hnin Mon Oo အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူကလည်း Win Ko အမည်နဲ့ဖေ့စ်ဘွတ်အကောင့်ကို mention ခေါ်ပြီး ကင်ညာနိုင်ငံက  Billiant Garment Epz Mombasa အမည်ရစက်ရုံစာမျက်နှာကိုတွဲပြီး ဖေ့စ်ဘွတ်မှာအောက်ပါအတိုင်းရေးသား ဖော်ပြထားတာတွေ့ရပါတယ်။ 

မူရင်းလင့်ခ် –  Hnin Mon OoArchive link 

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ အာဖရိကန်လူမျိုးတစ်ချို့ NLD အင်္ကျီဝတ်ဆင်ပြီး ဓာတ်ပုံရိုက်ခဲ့တဲ့ပုံဟာ  ကင်ညာနိုင်ငံက Billiant Garment Epz Mombasa  အမည်ရအထည်ချုပ်စက်ရုံမှာရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေဖြစ်တာတွေ့ရပါတယ်။

Avatar

Title:ကင်ညာနိုင်ငံ NLD ထောက်ခံသူများမဲဆွယ်လှုပ်ရှားမှုကို ဂမ်ဘီယာနိုင်ငံကထောက်ခံမှုအဖြစ်ဖော်ပြနေ

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *