Fact Check: ပြည်တွင်းမှာသေဆုံးသူတွေကို မြှုပ်နှံသဂြိုဟ်ပုံလား-မဟုတ်ပါ

Partly False လူမှုရေး

ပြည်တွင်းမှာသေဆုံးသူတွေကို မြှုပ်နှံသဂြိုဟ်နေရမှုအခြေအနေအဖြစ် သေဆုံးသူတွေကို သဂြိုဟ်နေဟန်ရှိတဲ့ ဓာတ်ပုံတွေကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှဝေလျက်ရှိပါတယ်။ 

ပြည်တွင်းမှာ ကိုဗစ်ကြောင့် သေဆုံးမှု အဆမတန်မြင့်တက်လာနေပြီး ရန်ကုန်က သုဿန်တွေမှာ ရုပ်အလောင်း တွေကို ဖြစ်က တတ်ဆန်းကထားရှိတာ၊ မနိုင်မနင်း သဂြိုဟ်နေရတာတွေကို ပြည်တွင်းသတင်းမီဒီယာတွေ မှာဖော်ပြထားတာ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာတွေ့ရပါတယ်။

သို့သော်လည်း ဒီလိုမျှဝေထားတဲ့ ဓာတ်ပုံတစ်ချို့မှာ မြန်မာနိုင်ငံနဲ့သက်ဆိုင်ခြင်းမရှိဘဲ အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးရသူတွေကို နေရာတစ်ခုမှာ စနစ်တကျ စုစည်းသဂြိုဟ်နေပုံတွေဖြစ်ပါတယ်။

“ပြည်ပမဟုတ်ဖူးနော် ပြည်တွင်း”လို့ ရေးသားပြီး “Aung Than”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါ အတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ၂ ရက်အတွင်း ပြန်လည်မျှဝေမှုအကြိမ်အရေအတွက် ၁ သောင်း ၂ ထောင်ရှိ ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

ပြည်တွင်းက ပုံတွေအဖြစ် ဒီလိုမျှဝေထားတဲ့ ပို့စ်အောက်မှာ ဒီထဲက ပုံတစ်ချို့ဟာ အင်ဒိုနီးရှားကဖြစ်တယ်လို့ ဖေ့စ်ဘွတ်အသုံးပြုသူအချို့က မှတ်ချက်တွေပေးထားတာလည်း တွေ့ရပါတယ်။ အဓိကျတဲ့ စကားလုံးအချို့ အသုံးပြုပြီးတော့ရှာဖွေရာမှာ အပေါ်စီးကနေရိုက်ကူးထားတဲ့ အဝေးမြင်ကွင်းဓာတ်ပုံတွေဟာ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာကိုဗစ်ကြောင့် သေဆုံးရသူတွေကို သီးသန့်မြေမြှုပ်သဂြိုဟ်ပေးတဲ့ သုဿန်တစ်ခုဖြစ် တာတွေ့ရပါတယ်။ ဒီဓာတ်ပုံတွေကို AFP သတင်းဌာနက အင်ဒိုနီးရှားဓာတ်ပုံသတင်းထောက် Bay Ismoyo ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

“အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့က ကိုဗစ်-၁၉ကြောင့် သေဆုံးရသူတွေမြှုပ်နှံတဲ့သုဿန်တစ်ခုမှာ  ၂၀၂၁ ခုနှစ် ဇူလိုင် ၂၁ ရက်က အသုဘချပုံကို ဝေဟင်မှ ရိုက်ကူးသော ဓာတ်ပုံသည်။”လို့ ပုံစာတွေမှာ အညွှန်းတပ် ထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Getty ImagesArchive link

အခြားသောဓာတ်ပုံတွေဟာ ရေဝေးသုဿန်မှာ ဇူလိုင် ၁၄ ရက်က သဂြိုဟ်ဖို့ စောင့်ဆိုင်းနေရတဲ့ မနိုင်မနင်းနဲ့ ဖြစ်ကတတ်ဆန်းဖြစ်နေတဲ့ အခြေအနေပုံတွေဖြစ်ပါတယ်။ ဒီလင့်မှာကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ဝေဟင်ကနေ အဝေးက ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေဟာ ဂျာကာတာမြို့မှာ ကိုဗစ်ကြောင့် သေဆုံးရသူတွေကိုမြှုပ်နှံသဂြိုဟ်တဲ့ နေရာတစ်ခုပုံဖြစ်ပါတယ်။

Avatar

Title:ပြည်တွင်းမှာသေဆုံးသူတွေကို မြှုပ်နှံသဂြိုဟ်ပုံလား-မဟုတ်ပါ

Fact Check By: Nayar Maung 

Result: Partly False


Leave a Reply

Your email address will not be published. Required fields are marked *