နိုင်ငံသားဉပဒေသစ်ကို ကန့်ကွက်ဆန္ဒပြပွဲကပုံကို ကိုရိုနာဗိုင်းရပ်စ်သံသယ လူနာရဲ့ နာရေးမှာ ရဲတပ်ဖွဲ့နဲ့ ရွာသားတွေ အချင်းများပုံအဖြစ်ဖော်ပြနေတဲ့ သတင်းဓာတ်ပုံအမှား

Coronavirus False နိုင်ငံတကာ၊ | International လူမှုရေး၊

“ကိုရိုနာဗိုင်းရပ်စ်သံသယ လူနာတစ်ဦးရဲ့နာရေးမှာ ရဲတပ်ဖွဲ့နဲ့ ရွာသားတွေ အချင်းများအိန္ဒိယနိုင်ငံ ကျေးရွာလေး တစ်ရွာမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါသံသယနဲ့ သေဆုံးခဲ့ရတဲ့ အသက်ကြီးပိုင်းအမျိုးသမီးတစ်ဦးရဲ့ နာရေးမှာ ဒေါသ ထွက်နေတဲ့ရွာသားတွေကို ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်ပြီး လူစုခွဲခဲ့ရကြောင်း CNNသတင်းကဖော်ပြခဲ့ပါတယ်။ 

အိန္ဒိယနိုင်ငံ ဟာယန(Haryana)ပြည်နယ်က ချန့်ဒ်ပူရာ လို့အမည်ရတဲ့ ကျေးရွာလေးမှာ တနင်္လာနေ့က ဖြစ်ပွား ခဲ့တဲ့ ဒီပြဿနာတွေ ကြောင့် ရွာသားအယောက် ၃၀ ဖမ်းဆီးခံခဲ့ရပါတယ်။ ပြဿနာဖြစ်ရတဲ့ အဓိကအကြောင်း အရင်းကတော့ ကိုရိုနာဗိုင်းရပ်စ်နဲ့ သေဆုံးရတယ်လို့ထင်ရတဲ့ အဲဒီအမျိုးသမီးဟာ သူတို့ရွာ ကမဟုတ်လို့ နာရေး ကို ချန့်ဒ်ပူရာ ရွာသင်္ချိုင်းမှာ လာမလုပ်ဖို့ ဆန့်ကျင်ကြရာကနေ နောက်ဆုံးမှာ ရွာသားတွေက ရဲတွေကို ခဲနဲ့ပေါက် တဲ့အဆင့်အထိ ရောက်ခဲ့တာဖြစ်ပါတယ်။  ခရိုင်ရဲမှူး ဂျော်ဝယ်လ်က “ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် ဆေးရုံမှာသေဆုံးခဲ့သူတွေကို ဘယ်မှာမီးသင်္ဂြိုလ်ရမလဲ ဆိုတာနဲ့ပတ်သက်လို့ သက်ဆိုင်ရာ မြူနီစပယ်က နေရာ ခွဲပေးပြီးသားပါ”လို့ပြောပါတယ်။ ရဲမှူးရဲ့ပြောကြားချက်အရ ချန့်ဒ်ပူရာ ကျေးရွာကလူတွေဟာ သူတို့ရွာကို ရောဂါကူးစက်မှာ အကြောက်လွန်ပြီး ဥပဒေမဲ့ လုပ်ရပ် တွေ ကျူးလွန်ခဲ့ကြတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

တကယ်တော့ သေဆုံးသူအမျိုးသမီးရဲ့ရုပ်အလောင်းကိုဆေးစစ်ခဲ့တဲ့ Postmorten ဆေးရလဒ်မှာက ကိုရိုနာဗိုင်း ရပ်စ်ကူးစက် ခံထားရခြင်း မရှိတာကို ရဲတပ်ဖွဲ့ဝင်တွေရော ရွာသားတွေပါ နောက်မှသိခဲ့ကြရပါတယ်”ဆိုပြီး “The Standard Time Daily” သတင်းဌာနက ဖော်ပြထားပါတယ်။ အလားတူပဲ ဒီသတင်းကို “Update News”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကလည်းဖော်ပြထားပါတယ်။

Fb LinkFb link
Archive linkArchive link

အလားတူ “သာလွန်ဂန္တဝင်ကြီးများ”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူကလည်းမျှဝေထားပါတယ်။

Fb linkArchive link

အချက်အလက်စိစစ်ချက်

ဒီသတင်းဓာတ်ပုံတွေက ရဲတစ်ယောက်လို့ ယူဆရသူက တစ်စုံတစ်ရာကို ပစ်ပေါက်နေဟန်နဲ့ပုံကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာအောက်ပါအတိုင်းတွေ့ရပါတယ်။

New Indian Express သတင်းဌာနက “Anti-Citizenship (Amendment) Act protests continue across the country” ခေါင်းစဉ်နဲ့ ဒီဇင်ဘာ ၂၂ ရက်က ဖော်ပြခဲ့ရာမှာ အိန္ဒိယနိုင်ငံ Kanpur ပြည်နယ်မှာ နိုင်ငံသားဉပဒေအသစ်ကို ဆန့်ကျင်သူတွေဆီနဲ့ ရဲတပ်ဖွဲ့ဝင်တွေထိပ်တိုက်တွေ့ခဲ့ကြတယ်ဆိုတဲ့ ပုံစာအညွှန်းနဲ့ ပုံကိုဖော်ပြခဲ့တာတွေ့ရပါတယ်။

New Indian ExpressArchive link

ဒီဇင်ဘာ ၂၁ ရက်စွဲနဲ့ gettyimages.com မှာဖော်ပြထားတဲ့ ဓာတ်ပုံစာညွှန်းမှာလည်း အိန္ဒိယနိုင်ငံ Kanpur ပြည်နယ်မှာ နိုင်ငံသားဉပဒေအသစ်ကို ဆန့်ကျင်သူတွေဆီကို ရဲတစ်ယောက်က ကျောက်ခဲနဲ့ ပစ်ပေါက်နေ ပုံဆိုပြီးဖော်ပြထားတာတွေ့ရပါတယ်။ 

Gettyimages

အလားတူပဲ “Los Angeles Times” သတင်းဌာနက ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်မှာဖော်ပြခဲ့တဲ့ ဆောင်းပါး တစ်ပုဒ်မှာ ဒီဓာတ်ပုံကို သုံးစွဲထားထာတွေ့ရပါတယ်။ ပုံစာရဲ့အညွှန်းမှာ နိုင်ငံသားဉပဒေအသစ်ကို ဆန့်ကျင် ဆန္ဒပြသူတွေကို ရဲအရာရှိတစ်ယောက်က ခဲနဲ့ပစ်နေပုံဆိုပြီးတော့ဖော်ပြထားတာတွေ့ရပါတယ်။ အောက်ပါ လင့်ခင့်မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

Los Angeles TimesArchive link

ဒီဓာတ်ပုံတွေနဲ့ The Standard Time Daily ကဖော်ပြထားတဲ့ပုံကို အောက်ပါအတိုင်းယှဉ်ကြည့် နိုင်ပါတယ်။

အခြားသော ဓာတ်ပုံတွေကိုလည်း Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ မတူညီသော နေရာအသီးသီးမှာ မတူညီတဲ့အကြောင်းအရာပေါ်ရိုက်ကူးထားတာတွေ့ရပါတယ်။ 

ဒုတိယဓာတ်ပုံဟာလည်း နိုင်ငံသားဉပဒေသစ်နဲ့ပတ်သက်ပြီး နယူးဒေလီဆန္ဒပြပွဲတစ်ခုမှာ သေနတ်နဲ့ရဲကို ချိန်ခဲ့တဲ့သူတစ်ယောက်အကြောင်းရေးသားထားတဲ့သတင်းက ပုံဖြစ်ပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

LinkArchive link

ဒီလိုပဲ ထိုင်ခုံတွေပေါ်မှာ သတ်မှတ်ပုံစံအတိုင်းထိုင်နေကြတဲ့သူတွေဟာ အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် lockdown လုပ်ဖို့ကြေညာချိန်မှာ အထူးစီစဉ်ထားတဲ့ ဘက်စ်ကားကို စောင့်ဆိုင်း နေတဲ့သူတွေဖြစ်တယ်လို့ဖော်ပြထားပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

LinkArchive link

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ဓာတ်ပုံတွေဟာ အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါသံသယနဲ့ သေဆုံးခဲ့ရတဲ့ ရုပ်လောင်းကို သယ်ဆောင်စဉ် ရဲနဲ့ ရွာသားတွေအချင်းများတဲ့ ဓာတ်ပုံတွေမဟုတ်တာတွေ့ရတဲ့အတွက် သတင်း ဓာတ်ပုံမှားလို့ သုံးသပ်ပါတယ်။

Avatar

Title:နိုင်ငံသားဉပဒေသစ်ကို ကန့်ကွက်ဆန္ဒပြပွဲကပုံကို ကိုရိုနာဗိုင်းရပ်စ်သံသယ လူနာရဲ့ နာရေးမှာ ရဲတပ်ဖွဲ့နဲ့ ရွာသားတွေ အချင်းများပုံအဖြစ်ဖော်ပြနေတဲ့ သတင်းဓာတ်ပုံအမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *