
ယနေ့(၂၀၂၂ ခုနှစ်မေ ၃၁ ရက်) ရန်ကုန်မြို့လယ် ကျောက်တံတားမြို့နယ် ဘားလမ်းဘက်စ်ကားမှတ်တိုင် ဗုံးခွဲခံ ရမှုမှာ People Defence Force Yangon(PDF)က သူတို့လုပ်ရပ်ဆိုပြီးတော့ ထုတ်ပြန်ချက် ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာမျှဝေနေတာတွေ့ရပါတယ်။ တကယ်တော့ ဝါဒဖြန့် သတင်းတုပြုလုပ်ဖြန့်ချိနေခြင်းဖြစ် တာတွေ့ရပါတယ်။ ဒီဗုံးပေါက်ကွဲမှုမှာလူ ၁၀ ဦးထက်မနည်း ထိခိုက်ခဲ့ပြီး ၁ ဦးသေဆုံးခဲ့ပါတယ်။
“၃၁-၅-၂၀၂၁ ရက်နေ့ ညနေ (၃)နာရီ (၂၀)အချိန် အစ္စလာမ်ဘာသာဝင် (၁)ဦး သေဆုံးပြီး (၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်း၊ ဘားလမ်းထိပ်တွင် ဖြစ်ပွားခဲ့သော ဗုံးကွဲမှုဖြစ်စဥ်နှင့် ပတ်သက်၍ People Defence Force Yangon (PDF) က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။”လို့ ရေးသားပြီး “Naing Thein Myint”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ အောက်ပါအတိုင်းမျှဝေ ထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာ မှာလည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
People Defence Force Yangon(PDF) အမည်နဲ့ မြေအောက်လှုပ်ရှားနေတဲ့အဖွဲ့မရှိတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်အမှုကိုရှေ့နေလိုက်ပေးနေတဲ့သူတွေကို သတိပေး စာထုတ်ဖူးတာတွေ့ရသလို လေးကေ့ကော်တိုက်ပွဲမှာ ကျဆုံးသွားတဲ့ NLD ရန်ကုန်တိုင်းလူငယ်အဖွဲ့ဝင် ကိုဗညားနဲ့ပတ်သက်တဲ့ သတင်းတုလည်းဖြန့်ခဲ့ပါသေးတယ်။ ထို့အပြင်မြေအောက်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေကို လေ့လာကြည့်မယ်ဆိုရင် သူတို့ရဲ့ အမှတ်တံဆိပ်ကလွဲလို့ ဖုန်းနံပါတ်ကိုထည့်သွင်းဖော်ပြလေ့မရှိပါဘူး။ စစ်အာဏာသိမ်းအပြီးမှာ စစ်တပ်ရဲ့ စောင့်ကြည့်ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ ဖုန်းကနေ ပြောဆိုဆက်သွယ်မှုတွေကို တော်လှန်ရေးအဖွဲ့အစည်းတွေ က ရှောင်ရှားပါတယ်။
“Naing Thein Myint”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူဟာ စစ်တပ်ဝါဒဖြန့်ချိရေးအကောင့်တစ်ခုဖြစ်တာတွေ့ရပြီး NUG သို့မဟုတ် PDF ကိုတိုက်ခိုက်တဲ့ သတင်းတုသတင်းမှားမကြာခဏဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။ Fact Crescendo က အချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါ။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ဘားလမ်းဘက်စ်ကားမှတ်တိုင် ဗုံးခွဲမှုမှာ PDF ကလုပ်တယ်ဆိုပြီးတော့ သတင်းတုဖြန့်ချိန်နေခြင်းဖြစ်တာတွေ့ရပါတယ်။

Title:Fact Check: ဘားလမ်းဘက်စ်ကားမှတ်တိုင်ဗုံးခွဲမှုနဲ့ပတ်သက်ပြီး People Defence Force Yangon(PDF)အမည်နဲ့ ထုတ်ပြန်ချက်အတု
Fact Check By: Nayar MaungResult: Misleading