Fact Check: လွိုင်ကော်က တပ်ရင်း ၅၄ ကို တိုက်ခိုက်သိမ်းပိုက်တယ်ဆိုတဲ့ သတင်းတုသတင်းမှား

False လူမှုရေး

လွိုင်ကော် တပ်ရင်း ၅၄ တစ်ရင်းလုံးကို ပြည်သူ့ကာကွယ်ရေးတပ်(PDF)သိမ်းပိုက်လိုက်ပြီးနောက် သိမ်းဆည်းရမိတဲ့ လက်နက်တွေဓာတ်ပုံ ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက ဖြန့်ဝေလျှက်ရှိပါတယ်။ 

သို့သော် ဒီသတင်းဟာ မှားယွင်းပါတယ်။ ဓာတ်ပုံတွေဟာလည်း ၂၀၁၅ ခုနှစ် ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဓာတ်ပုံတွေဖြစ်တာတွေလည်း တွေ့ရပါတယ်။

 “သောင်းလှိုင်သားရေ ခများသားသမီးတေတော့ PDF တွေကို တပ်ရင်းလိုက်လှူကုန်ပြီ 😎😁😁

ယနေ့လွိုင်ကော် တပ်ရင်း ၅၄ တစ်ရင်းလုံး

သိမ်း”လို့ ရေးသားပြီး“Moe Sandar Aung”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကမျှဝေထားပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

​ကယားပြည်နယ်မှာ ပြည်သူ့လက်နက်ကိုင်တပ်ဖွဲ့နဲ့ တပ်မတော်ရဲ့ ထိတွေ့မှုသတင်းတွေကို ဖော်ပြနေတဲ့ Karenni People Defense Force – KPDF မှာ ဒီသတင်းဟာ မှားယွင်းကြောင်း ရေးသားထုတ်ပြန်ထားပါတယ်။

“လွိုင်ကော် တပ်ရင်း ၅၄ တပ်ရင်းလုံးကို PDF တွေသိမ်း ဆိုတဲ့သတင်းအမှား

ဇွန်လ ၁၂ရက်

သတင်းအမှားပါ ပုံသည် 2015 ကိုးကန့်တိုက်ပွဲမှာ တပ်မ ၃၃ အလဲထိုးရှုံးခဲ့တဲ့ပုံဖြစ်ပါသည်။

Fake news သတင်းအမှားများအား ဖြန့်‌ေဝခြင်းဟာ မြေပြင် ပြည်သူအချို့အတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်..။

credit : Burma Revolution”လို့ရေးသားပြီး Karenni People Defense Force – KPDF အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဇွန် ၁၂ ရက်က မျှဝေထားပါတယ်။

https://www.facebook.com/info.kpdf2021/posts/122082270052952

မူရင်းလင်ခ့် – Karenni People Defense Force – KPDFArchive link 

မြေပြင်မှာ သေနတ်အများအပြားစီတန်းထားတဲ့ ဓာတ်ပုံကို Google မှာရှာဖွေကြည့်ရာမှာလည်း ၂၀၁၅ ခုနှစ် ဧပြီ ၂၅ ရက်မှာကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။

ထို့အတူ အခြားဓာတ်ပုံတစ်ပုံဖြစ်တဲ့ လောင်ချာနဲ့ လက်နက်ခဲယမ်းပုံတွေကိုလည်း ဧရာဝတီသတင်းဌာနက ရှမ်းမြောက်ပိုင်း လက်နက်ကိုင်တပ်ဖွဲ့ဌာနချုပ်ကို တိုက်ခိုက်ဆိုတဲ့ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၂ ရက်စွဲနဲ့ဖော်ပြခဲ့တဲ့ သတင်းမှာတွေ့ရပါတယ်။

မူရင်းလင်ခ့် – IrrawaddyArchive link 

ဝတ်စုံတွေတန်းစီထားတဲ့ ဓာတ်ပုံကိုလည်း ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၂ ရက်စွဲနဲ့ Thit Htoo Lwin အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ထားတာတွေ့ရပြီး သတင်းခေါင်းစဉ်အဖြစ် “တိုက်ပွဲအတွင်း အစိုးရတပ်၏ ပစ္စည်းအများအပြားကို SSPP/SSA မှသိမ်းဆည်းရမိ”လို့ ရေးသားထားပါတယ်။

https://www.facebook.com/ThitHtooLwinOfficialPage/photos/a.670167119678110.1073741825.598533370174819/1166374066724077/?type=3

မူရင်းလင်ခ့် – Thit Htoo LwinArchive link 

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ လွိုင်ကော်မှာ တပ်ရင်း ၅၄ ကိုသိမ်းပိုက်လိုက်တယ်ဆိုတဲ့ အချက်အလက်ဟာ မှားယွင်းပြီး သိမ်းပိုက်ပြီးနောက် ရရှိခဲ့တဲ့လက်နက်တွေအဖြစ်မျှဝေနေတဲ့ ဓာတ်ပုံတွေဟာလည်း ၂၀၁၅ ခုနှစ်ကတည်းက အကြောင်းအရာအမျိုးမျိုးနဲ့ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။

Avatar

Title:လွိုင်ကော်က တပ်ရင်း ၅၄ ကို တိုက်ခိုက်သိမ်းပိုက်တယ်ဆိုတဲ့ သတင်းတုသတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *