
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဖျက်သိမ်းလိုက်ပြီလို့ ရေးသားမျှဝေ ထားတဲ့ ပို့စ်တွေ လူမှုကွန်ယက် အသုံးပြုသူတွေကြားမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။
UEC ဖျက်သိမ်းဖို့ ၁၀၀ ရာခိုင်နှုန်းသေချာသွားပြီ၊ UEC ဖျက်သိမ်းလိုက်ပြီဆိုတဲ့ ပို့စ်တွေကို ဒီဇင်ဘာ ၁၉ ရက်နဲ့ ဒီဇင်ဘာ ၂၀ ရက်ကြားမှာ ဖြန့်ဝေခဲ့တာတွေ့ရပါတယ်။
လူမှုကွန်ယက်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီတဲ့ အရေးအသားနဲ့ မျှဝေထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ တွေ့ရပါတယ်။
“ယူအီးစီ ကို ဖျက်သိမ်းပြီဟုသိရ
မဲခိုးကြောင်းဝန်ခံ၍
မွှေမွှေ
ပေါက်ကွဲနေပြီ
အစိမ်းရောင်များ
စေတနာမှန်တဲ့
ကံတရားပါ”လို့ ရေးသားပြီး “သီ ရိ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။
မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ပထမဆုံးအနေနဲ့ ဒီလိုရေးသားမျှဝေနေတာဟာ အထောက်အထားမရှိတာတွေ့ရပါတယ်။ သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်နေသော သတင်းဌာနတွေမှာ ဒီလိုသတင်းရေးသားဖော်ပြချက် တစ်စုံတစ်ရာ မတွေ့ရပါဘူး။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပုဒ်မ ၆ မှာ ကော်မရှင်ရဲ့သက်တမ်းဟာ နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းဖြစ်ပြီး နိုင်ငံတော်သမ္မတရုံးကနေ နောက်ထပ် ကော်မရှင်ဖွဲ့စည်းပြီးသည့်အချိန်အထိ တာဝန် ထမ်းဆောင်ရမယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။
ကော်မရှင်အသစ်ဖွဲ့စည်းကြောင်း နိုင်ငံတော် သမ္မတရုံးရဲ့ တရားဝင်ထုတ်ပြန်ချက်တစ်စုံတစ်ရာလည်းမရှိပါဘူး။
ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဉက္ကဌ အပါအဝင် ၆ ဦးထက်မနည်းနှုတ်ထွက်တယ်ဆိုပြီးတော့ ဒီဇင်ဘာအစောပိုင်းမှာ သတင်းမှားဖြန့်ဝေခဲ့ပါသေးတယ်။ Fact Crescendo Myanmar က အချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်မှာ ဖတ်ရှူ့နိုင်ပါတယ်။
၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ အစိုးရသက်တမ်းကုန်မည်ဖြစ်ပြီး အစိုးရသစ်ဖွဲ့ဖို့အတွက် လွှတ်တော်မခေါ်ခင် ကာကွယ်ရေးဦးစီးချုပ်က မတ် ၁ ရက်နေ့ အထိ ၂ လတာအုပ်ချုပ်မယ်ဆိုပြီးတော့ သတင်းတုသတင်းမှား ဖြန့်ဝေခဲ့ပါသေးတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်ရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဖျက်သိမ်းလိုက်ပြီလို့ ရေးသားမျှဝေ ထားတဲ့ ပို့စ်တွေ သတင်းတုသတင်းမှားဖြစ်တာတွေ့ရပါတယ်။

Title:ယူအီးစီကို ဖျက်သိမ်းလိုက်ပြီးလို့ သတင်းမှားများဖြန့်ဝေ
Fact Check By: Nayar MaungResult: False