Fact Check: သရုပ်ဆောင် ဆင်မ သေဆုံးလို့ သတင်းမှားဖြန့်ချိ

False လူမှုရေး

ကွယ်လွန်သွားတဲ့ သရုပ်ဆောင်ဆင်မ အလောင်းထုတ်ပုံလို့ ရေးသားမျှဝေထားတဲ့ပို့စ်တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ 

ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ သရုပ်ဆောင် ဆင်မဓာတ်ပုံနဲ့အတူ လူနာတင်ယာဉ်ပုံကို ယှဉ်တွဲဖော်ပြလျှက် ” ဉီးဆင်မ ကောင်းရာရောက်ပါစေဗျာ”၊”ဉီးဆင်မ အလောင်းထုတ်”စသည်ဖြင့်ရေးသားမျှဝေထားတာဖြစ်ပါတယ်။

ဇာတ်ပို့သရုပ်ဆောင် တယောက်ဖြစ်တဲ့ ဆင်မကို စစ်တပ်တွေက  ဩဂုတ် ၂၄ ရက်က သူ့ရဲ့နေအိမ်မှာ လာရောက်ဖမ်းဆီးသွားပါတယ်။

သို့သော် သရုပ်ဆောင်ဆင်မ သေဆုံးတဲ့သတင်းဟာ အထောက်အထားကင်းမဲ့ သလို အလောင်းထုတ် ဓာတ်ပုံအဖြစ် မျှဝေထားတဲ့ ပုံတွေဟာလည်း ဇူလိုင်လကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာ တွေ့ရပါတယ်။

“topnewsnow24” ဝက်ဘ်ဆိုဒ်စာမျက်နှာ အောက်တိုဘာ ၆ ရက်က အောက်ပါအတိုင်းရေးသားမျှဝေထားရာမှာ  ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၁၀၄ ကြိမ်ရှိပါတယ်။ တူညီစွာရေးသားမျှဝေထားတာတွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link |  Archive link

ထို့အတူ ဩဂုတ် ၂၉ ရက်ကလည်း “Hot News”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ “ဦးဆင်မ ကောင်းရာ ရောက်ပါစေဗျာ”လို့ရေးသားလျှက် တိုက်ရိုက်ထုတ်လွှင့်မှူ ဗွီဒီယိုတစ်ခုထုတ်လွှင့်ခဲ့ရာမှာ ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၂ ဒသမ ၂ သန်းရှိခဲ့ပါတယ်။

မူရင်းလင်ခ့် – Fb link |  Archive link

အချက်အလက်စိစစ်ချက်

စစ်တပ်ရဲ့ဖမ်းဆီးခြင်းခံရတဲ့ သရုပ်ဆောင်ဆင်မ အကြောင်း မီဒီယာတွေမှာဖော်ပြချက်တွေ့ရပေမဲ့ သူ သေဆုံး သွားတယ်ဆိုတဲ့ သတင်းမျိုး မီဒီယာလုပ်ငန်းအဓိက လုပ်ကိုင်တဲ့ သတင်းဌာနတွေမှာ သတင်းဖော်ပြ ချက်မတွေ့ရပါဘူး။

ပျံ့နှံ့လျက်ရှိတဲ့အကြောင်းအရာကိုကြည့်မယ်ဆိုရင် ဘာကြောင့် သေဆုံးခဲ့တယ်၊ ဘယ်လို သိရတယ်ဆိုတဲ့ အချက် အလက်မျိုးထည့်သွင်းဖော်ပြထားတာမျိုးတော့ မပါရှိပါဘူး။ ဒီသတင်းကို မျှဝေလျှက်ရှိတဲ့ ဝက်ဘ်ဆိုဒ်စာမျက်နှာ တွေနဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေကို ကြည့်မယ်ဆိုရင်လည်း လူတွေရဲ့ စိတ်ဝင်စားမှုခံနေရတဲ့ အကြောင်းအရာတွေ ပေါ်မှာ လူတွေကို ထမ်မံဆွဲဆောင်နိုင်တဲ့မယ့် အကြောင်းအရာကို ပုံမှားရိုက်ပြီ ကလစ်နှိပ်ချက်တွေကနေ ဝင်ငွေရှာနေတဲ့ လုပ်ငန်းတွေနဲ့ စပ်ဆက်တာတွေ့ရပါတယ်။

ထို့အပြင် အသုံးပြုထားတဲ့ ဓာတ်ပုံတွေကို Google မှာ ပုံရှာနည်းအသုံးပြုပြီး ပြန်လည်ရှာဖွေကြည့်ရာမှာ လူနာ တင်ယာဉ်ဓာတ်ပုံဟာ သရုပ်ဆောင်ဆင်မအဖမ်းမခံရခင်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတဲ့ အကြောင်းအရာဖြစ်တာ တွေ့ရပါတယ်။

“Sagaing Revolution Youth” အမည်နဲ့ တွစ်တာစာမျက်နှာမှာ ဓာတ်ပုံကို ဇွန် ၂၃ ရက်က အောက်ပါ အတိုင်း ရေးသား မျှဝေထားပါ တယ်။ “ဇွန် ၂၃ ရက်က မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ဂွေးတောက်ကုန်းရွာမှာ အမည်မသိလက်နက် ကိုင် သုံးယောက်က ၇ တန်းကျောင်းသား ၃ ယောက်သေနတ်တဲ့ ၄ ချက်ပစ်ခတ်ခဲ့ရာ တစ်ယောက် သေနတ်ကျဉ် ထိမှန်ခဲ့တယ်”လို့ ရေးသားထားပါတယ်။

မူရင်းလင်ခ့် –Sagaing Revolutionary Youth၊|  Archive link

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ သရုပ်ဆောင် ဆင်မသေဆုံးမှုသတင်းဟာ အထောက်အထားတစ်စုံတစ်ရာ မတွေ့ရသလို အလောင်းထုတ်ပုံအဖြစ် မျှဝေထားတဲ့ ဓာတ်ပုံဟာလည်း မိတ္တီလာမှာ ၇ တန်းကျောင်းသား တစ်​ေယာက် သေနတ်ကျဉ်ထိမှန်မှု ဓာတ်ပုံဖြစ်ပါတယ်။

Avatar

Title:သရုပ်ဆောင် ဆင်မ သေဆုံးလို့ သတင်းမှားဖြန့်ချိ

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *