Fact Check: ရွှေတိဂုံဘုရားဗုံးပေါက်၊ပြည်သူ ၆၈ ဦးသေဆုံးမှုဆိုတဲ့ သတင်းတု သတင်းမှား

False

ဒီကနေ့ ဇူလိုင် ၁၂ နေ့ဟာ ဝါဆိုလပြည့်နေ့မှာ ရွှေတိဂုံဘုရားပေါ်မှာ ဗုံးပေါက်လို့  ပြည်သူ ၆၈ ဦးသေဆုံးခဲ့ပြီး ကား ၈ စီးပြာကျသွားတယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှား တစ်ခု ဖြစ်ပါတယ်။

“လပြည့်နေ့ရွှေတိဂုံဘုရားဗုံးပေါက်လို့ အကုန်မသာပေါ်”လို့ ရေးသားပြီး “A161” အမည်နဲ့ ဖေ့စ်ဘွတ်အသုံး ပြုသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဘုးရားဖူးတွေ၊ဗုံးပေါက်ကွဲမှု၊လူနာတင်ယာဉ်တွေနဲ့ စစ်ကားတွေပါဝင်တဲ့ ဓာတ်ပုံ ၄ ပုံကိုပေါင်းစပ်ထားတဲ့ မြင်ကွင်းဓာတ်ပုံပေါ်မှာ“လပြည့်နေ့သေကုန်ပြီ ရွှေတိဂုံ ဘုရားဗုံးပေါက် ပြည်သူ ၆၈ ဦးနဲ့ ကား ၈ စီးပြာကျ”လို့ရေးသားထားပြီး ဝင်ကြည့်ရမယ့်လင်ခ့်လည်းပါ ဝင်ပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

အွန်လိုင်းအသုံးများပြီး သတင်းတွေနဲ့အဆက်မပြတ်တဲ့သူတစ်ယောက်အနေနဲ့ ဓာတ်ပုံတွေပေါ်မှာစာသားပြူးပြူး နဲ့ရေးသားထားကတည်းက သတင်းတုဖြန့်ချိနေခြင်းဖြစ်တာကို သိနိုင်ပါတယ်။ သတင်းမီဒီယာလုပ်ငန်း အဓိက လုပ်ကိုင်နေတဲ့ မီဒီယာတွေမှာရွှေတိဂုံဘုရားမှာဗုံးပေါက်ကွဲမှုကြောင့် ပြည်သူ ၆၈ ဦးသေဆုံးတဲ့ သတင်းမတွေ့ ရပါဘူး။ ရန်ကုန်မှာ တာမွေ၊စမ်းချောင်းနဲ့လှိုင်သာယာမှာ ယနေ့ဗုံးဖောက်ကွဲမှုအချို့ဖြစ်ပွားခဲ့တာရှိပါတယ်။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။ လူထိခိုက်မှုအချို့ရှိပါတယ်။ ဒီဗုံးပေါက်ကွဲခဲ့တဲ့နေရာတွေထဲကအနီးဆုံးနေရာဖြစ်တဲ့ မြေနီကုန်းဟာ ရွှေတိဂုံ ဘုရားနဲ့ အနည်းဆုံးတစ် ကီလိုမီတာဝေးပါတယ်။

မျှဝေထားတဲ့လင့်ခ်ကို ဝင်ရောက်ကြည့်ရှု့ရာမှာတော့ “လပြည့်နေသေကုန်ပြီ ရွှေတိဂုံ ဘုရားဗုံးပေါက် ပြည်သူ ၆၈ ဦးနဲ့ ကား ၈ စီးပြာကျ” အောက်ခြေမှာတော့ ယူကျူ့ ဗွီဒီယိုတစ်ခုကို ထပ်ညွှန်းထားပါတယ်။ ဗွီဒီယိုထဲ မှာတော့ သတင်းတင်ဆက်သူက မန္တလေးမှာလူသေ ဆုံးမှုအထိဖြစ်ခဲ့တဲ့ ဓားပြတိုက်မှု အကြောင်းကိုဖော်ပြထား တာဖြစ်ပါတယ်။ မနေ့က လူမှုကွန်ယက်မှာ ရေပန်းစားခဲ့တဲ့ သတင်းကို ဗွီဒီယိုပုံစံအသံသွင်းပြီး လူဝင်ကြည့်တာ များစေဖို့အတွက် စိတ်ဝင်စားစေမယ့် သတင်းခေါင်းစဉ်ပေးပြီးဝက်ဘ်ဆိုဒ်တွေဆီကို ဝင်ကြည့်တာများ အောင်ပြုလုပ်တဲ့ clickbait တစ်ခုပါပဲ။ 

ဗုံးပေါက်ကွဲမှုဖြစ်ပြီး မီးလောင်နေတဲ့ ဓာတ်ပုံဟာ ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၂၆ ရက်က အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့မှာ ကားဗုံးပေါက်ကွဲမှုကြောင့် ရဲအရာရှိတစ်ဦး သေဆုံးခဲ့ရတဲ့ဖြစ်စဉ်က ဓာတ်ပုံကို ယူသုံးထားပါတယ်။

မူရင်းလင်ခ့် – Iraqinews  |  Archive link  

ရွှေတိဂုံဘုရားပေါ်က ဘုရားဖူးတွေနဲ့ပြည့်နေတဲ့ ဓာတ်ပုံဟာလည်း  ၂၀၂၀ ခုနှစ်အတွင်းက မြန်မာဒီဂျစ်တယ် သတင်းဝက်ဘ်ဆိုဒ်ကဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – MDNArchive link  

နောက်ထပ်ဓာတ်ပုံဖြစ်တဲ့ လူနာတင်ယာဉ်ကားတွေဓာတ်ပုံဟာ ဆိုမာလီယားနိုင်ငံက ၂၀၁၇ ခုနှစ်အတွင်း ဗုံးပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူတွေကို သယ်ဆောင်လာတဲ့ မြင်ကွင်းဖြစ်ပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။ 

သုံးသပ်ချက်

ရွှေတိဂုံဘုရား ဗုံးပေါက်ကွဲမှုဖြစ်ပြီး ၆၈ ဦးသေဆုံး ရွှေတိဂုံဘုရား ဗုံးပေါက်ကွဲမှုဖြစ်ပြီး ၆၈ ဦးသေဆုံးမှုဆိုတဲ့ သတင်းဟာ သတင်းတု သတင်းမှားဖြစ်ပါတယ်။ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ သတင်းဌာနတစ်ခုတစ်လေမှ ဒီသတင်းဖော်ပြခင်းမရှိပါဘူး။ ရန်ကုန် မှာ ယနေ့ ဗုံးပေါက်ကွဲမှုအချို့ဖြစ်ခဲ့ပေမဲ့ ရွှေတိဂုံ ဘုရားမှာ ဗုံးပေါက်ကွဲမှု မရှိပါဘူး။ ဓာတ်ပုံတွေဟာလည်း ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းက နိုင်ငံခြားက ဗုံးပေါက်ကွဲမှုဓာတ်ပုံတွေ အပါအဝင် အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ဓာတ်ပုံတွေကိုယူသုံးထားတာဖြစ်ပါတယ်။ 

Avatar

Title:Fact Check: ရွှေတိဂုံဘုရားဗုံးပေါက်၊ပြည်သူ ၆၈ ဦးသေဆုံးမှုဆိုတဲ့ သတင်းတု သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *