
ပလက်ဝမှာ ရခိုင်တပ်တော်(AA)က စစ်ကားတွေကို တိုက်ခိုက်မီးရှို့ပုံအဖြစ် ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူ တွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ မင်းတပ် CDF က စစ်ကောင်စီတပ် စစ်ကားတွေကို တိုက်ခိုက်မှုဖြစ်စဉ်က ဗွီဒီယိုဖြစ်ပါတယ်။
“ပလက်ဝ မှာ AA ဧည်ခံ ထားပုံ”လို့ ရေးသားပြီး “U Zaw Gyi” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးကအောက်ပါအတိုင်း မျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ULA/AA ရဲ့ တိုက်ခိုက်မှုအဖြစ် ပျံ့နှံ့လျက်ရှိတဲ့ ဗွီဒီယိုထဲ မြင်ကွင်းတစ်ခုကို Google မှာပုံရှာနည်းအသုံးပြုပြီး ရှာဖွေကြည့်ရာမှာလည်း ဒီမြင်ကွင်းနဲ့ တူညီတဲ့ ဓာတ်ပုံတစ်ခုကို ဧရာဝတီသတင်းဌာနရဲ့ အင်္ဂလိပ်ဘာသာနဲ့ သတင်းဖော်ပြချက်တစ်ခုမှာတွေ့ရပါတယ်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီမှာရေးသားခဲ့တဲ့ သတင်းမှာ ဓာတ်ပုံစာသား အဖြစ် “ချင်းပြည်နယ် မင်းတပ်မြို့တွင် မေလအတွင်းက ချင်းတော်လှန်ရေးတပ်ဖွဲ့များရဲ့ ခြုံခိုတိုက်မှုအတွင်း ပျက်စီးသွားသော စစ်ကားများ/ CJ” လို့ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Irrawaddy English | Archive link
စစ်ကားတွေကို မင်းတပ် ဒေသခံကာကွယ်ရေးတပ်တွေက ၂၀၂၁ ခုနှစ်မေ ၁၄ ရက် စီးနင်း တိုက်ခိုက်ခဲ့တဲ့ သတင်း ကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာတွေ့ရပါတယ်။
အဓိကကျတဲ့ စကားလုံးအချို့အသုံးပြုပြီး အကြောင်းအရာကိုထပ်မံရှာဖွေကြည့်ရာမှာ ဒီဗွီယိုဟာ ၂၀၂၂ ခုနှစ်အစောပိုင်း ကတည်းက ပျံ့နှံ့လျှက်ရှိပြီး ချင်းပြည်နယ်မင်းတပ်မြို့ မှာ စစ်ကား ၆ စီးကို ချင်းကာကွယ်ရေး တပ်ဖွဲ့ CDF က စီးနင်းတိုက်ခိုက်မှု ဗွီဒီယိုဖြစ်တာတွေ့ရပါတယ်။
“တချိန်တုန်းက ပစ်စရာ ကျည်ကုန်သွားလို့ ကျောက်ခဲနဲ့ထုပြီ စစ်ကားတွေကို တက်သိမ်း မီးရှို့ခဲ့တဲ့ CDF – မင်းတပ် တို့ရဲ့ “ဂေါက်ကွင်းတိုက်ပွဲ” (ရုပ်သံ)”လို့လည်း ရေးသားထားပါတယ်။

မူရင်းလင်ခ့် – MDN-Myanmar Days News | Archive link
၂၀၂၁ ခုနှစ် ဧပြီနဲ့ မေလထဲမှာဖြစ်ပွားခဲ့တဲ့ မင်းတပ်မြို့အနီး ဂေါက်ကွင်းတိုက်ပွဲဟာ ထိုအချိန်က စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်တဲ့ အရပ်သားလက်နက်ကိုင်တွေရဲ့ တော်လှန်ရေးအစလို့ဆိုနိုင်ပြီး ပျံ့နှံ့မှုအားကောင်းခဲ့ပါ တယ်။ ဒီတိုက်ပွဲတွေမှာ စစ်တပ်ဘက်က အကျအဆုံးများစွာနဲ့အထိနာခဲ့တာတွေ့ရပါတယ်။
“မောင်း”အမည်နဲ့ဖေ့စ်ဘွတ်မှာလည်း ဒီဗွီဒီယိုကို “Mindat CDF ကစစ်ကားခြောက်စီးတိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီး (ရုပ်/သံ)”လို့ရေးသားပြီး ဇွန် ၇ ရက်က မျှဝေထားတာတွေ့ရပါတယ်။
ဒီအစောပိုင်းပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုတွေကို ကြည့်ရင် ဘယ်ဘက်အပေါ်ထောင့်မှာ လိုဂိုတစ်ခုပါဝင်တာလည်းတွေ့ရပါ တယ်။ ဒီလိုဂိုဟာ CDF- Mindat ရဲ့အမှတ်တံဆိပ်ဖြစ်တာတွေ့ရပါတယ်။
ULA/AA ရဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုလို့ဆိုထားတဲ့ ဗွီဒီယိုပါမြင်ကွင်းဓာတ်ပုံနဲ့ ချင်းပြည်နယ်မင်းတပ် တိုက်ပွဲလို့ဆိုထားတဲ့ ဗွီဒီယိုပါမြင်ကွင်းကိုအောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ULA/AA ကမြန်မာစစ်ကောင်စီတပ်ကို ပလက်ဝမှာ တိုက်ခိုက်မှုအဖြစ် ဖော်ပြနေတဲ့ ဗွီဒီယိုဟာ CDF – Mindatက စစ်ကောင်စီတပ်တွေကို ၂၀၂၁ ခုနှစ်အတွင်းက တိုက်ခိုက်မှုဖြစ်စဉ်ဖြစ် တာတွေ့ရပါတယ်။

Title:Fact Check: ဒီဗွီဒီယိုကမင်းတပ်မှာ စစ်ကောင်စီတပ်တွေကို စီးနင်းတိုက်ခိုက်မီးရှို့မှု သာဖြစ်တယ်
Fact Check By: Nayar MaungResult: Misleading