ကြက်ဥ၊ဘဲဥအတုပြုလုပ်နိုင်နေပြီဖြစ်တာကြောင့် ဈေးကွက်အတွင်းမှာလည်း ပျံ့နှံ့လျှက်ရှိတယ်လို့ ဆိုတာတဲ့ ဗွီဒီယိုပို့စ်တွေ ယခုရက်ပိုင်း အွန်လိုင်းမှာပျံ့နှံ့လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုသာဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။

“ကြက်ဥ အတုကို အခုလို လုပ်ကြပါတယ်”

မူရင်းလင်ခ့် – Fb link | Archive link

အလားရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

“ကြက်ဥ/ ဘဲဥအတု

အမေရိကန်ဈေးကွက်ထဲ ပျံ့နှံနေ”

မူရင်းလင်ခ့် – Telegram link | Archive link

အချက်အလက်စိစစ်ချက်

ပြီးခဲ့တဲ့ နှစ်များအတွင်း ဒီဗွီဒီယိုတွေဟာ ‌ဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ်များစွာ ဒီလိုပဲ ကြက်ဥအတု ထုတ်လုပ် ဖြန့်ချိရေး လုပ်ငန်းတခုအဖြစ် ကြိမ်ဖန်များစွာ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ဖူးပါတယ်။ သို့သော်လည်း အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး ဌာနလို့ လူတွေအပေါ် အစားအသောက်ဘေးကင်းလုံခြုံမှုကို စောင့်ကြည့်ကွပ်ကဲရလေ့ရှိတဲ့ အစိုးရဌာနတွေက ဒီလိုလုပ်ငန်းတွေအပေါ်မှာ အရေးယူတယ်ဆိုတဲ့အကြောင်းတော့ မတွေ့ရပါဘူး။

ဒီလိုပြောဆိုဖြန့်ဝေနေတဲ့ ဗွီဒီယိုကို Google မှာ ပုံပြန်လည်ရှာဖွေနည်း၊ အဓိကကျတဲ့ စကားလုံးအသုံးပြုရှာ ဖွေနည်းတွေ အသုံးပြု ရှာဖွေရာမှာ တကယ်တော့ ကြက်ဥတွေ အနှစ်ရည်တမျိုးထဲကို ဖြတ်သန်းလျက် စက်ထဲဖြတ်သန်းသွားတဲ့ ဗွီဒီယိုဟာ တရုတ်ရိုးရာ ဆေးကြက်ဥလုပ်တဲ့ စက်ရုံတခုလုပ်ငန်းတခုက ဗွီဒီယိုဖြစ် ပါတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။

‌နောက်ထပ် ဗွီဒီယိုဖြစ်တဲ့ ကြက်ဥကို အခွံခွာထားတဲ့ အကာနဲ့အနှစ်လုပ်နေဟန် ဗွီဒီယိုကတော့ ကလေးကစား စရာထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းစဉ်တခုက ဗွီဒီယိုဖြစ်တယ်။ ဒီကစားစရာ ကြက်ဥတွေကို နာမည်ကြီး အွန်လိုင်း ရောင်းဝယ်ရေးဝက်ဘ်ဆိုဒ်တွေမှာ ရောင်းချနေတဲ့အကြောင်း တရုတ်ဝက်ဘ်ဆိုဒ်တခုက ၂၀၁၇ ခုနှစ်ကတည်းက သတင်းမှားဗွီဒီယိုနဲ့ပတ်သက်ပြီး အချက်အလက်စိစစ်ဖော်ပြဖူးပါတယ်။ အောက်ပါ စခရင်ရှော့ ကတော့ ဒီဝက်ဘ်ဆိုဒ်ကမူလ တရုတ်ဘာသာနဲ့ ဖော်ပြချက်ကို Google Translate အသုံးပြုပြီး အင်္ဂလိပ်ဘာသာ ကို ပြန်ဆို ထားပုံဖြစ်တယ်။ Alibaba လို Amazon လို အွန်လိုင်းရောင်းဝယ်ရေးပလက်ဖောင်းတွေမှာ ကြော်ညာ ရောင်းချနေတဲ့ ကလေးကစားစရာ ကြက်ဥအတုတွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။

ဒီဗွီဒီယိုတွေနဲ့ ပတ်သက်ပြီး Fact Crescendo အင်္ဂလိပ်ပိုင်းအပါအဝင် အချက်အလက်စိစစ်ရေးအဖွဲ့တွေက ပြီးခဲ့တဲ့ နှစ်များအတွင်း အသီးသီး အချက်အလက်စိစစ်ချက်တွေကို‌ဖော်ပြပြီးဖြစ်ပါတယ်။ ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။

ထို့အပြင် အိန္ဒိယအစားအသောက် ဘေးကင်းရေးနှင့် စံချိန်စံညွှန်း အာဏာပိုင်အဖွဲ့(FSSAI)က ဒီလိုကြက်ဥ အတုလုပ်ပြီး ဈေးကွက်အတွင်း ဖြန့်ချိနေတယ်ဆိုတဲ့ ဗွီဒီယိုတွေနဲ့ ပတ်သက်ပြီး ၂၀၁၈ ခုနစ်ထဲမှာ လမ်းညွှန်ချက် တခု ထုတ်ပြန်ခဲ့ပါတယ်။ အဓိကပြောဆိုချက်ကတော့ ပလက်စတစ်ကြက်ဥဆိုတာတွေဟာ ယုံတမ်းစကား သာဖြစ်ပြီး တကယ်တော့ ဒီလိုမျိုး ကြက်ဥအစစ်ကို အစားထိုးလောက်နိုင်တဲ့အထိ ဈေးပေါပေါနဲ့ အမြောက်အများ ထုတ်လုပ်နိုင်တဲ့ နည်းပညာမရှိသေးကြောင်းပဲဖြစ်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ဒီကြက်ဥအတုဈေးကွက်အတွင်း ဖြန့်ဝေနေပုံအဖြစ် ဖြန့်ချိနေတဲ့ ဗွီဒီယိုပါပြော ဆိုချက်တွေဟာ မှားယွင်းပါတယ်။ အချို့သော ဗွီဒီယိုတွေဟာ ဆေးကြက်ဥထုတ်လုပ်ရေး လုပ်ငန်းကလိုမျိုး လုပ်ငန်းကဗွီဒီယိုဖြစ်ပြီး အချို့သော ဗွီဒီယိုတွေကတော့ ကလေးကစားစရာအရုပ်ထုတ်လုပ် ရောင်းချရေး လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ဗွီဒီယိုသာဖြစ်တယ်။ လက်ရှိအချိန်အထိ သဘာဝကြက်ဥကို အစားထိုးနိုင်မယ့် အရသာနဲ့ အနှစ်သာရတူပြီး စျေးပေါပေါနဲ့ အမြောက်အများထုတ်လုပ်နိုင်မယ့် နည်းပညာမျိုးမရှိသေးပါဘူး။

Avatar

Title:Fact Check: ကြက်ဥ၊ဘဲဥအတုပြုလုပ်တဲ့ ဗွီဒီယိုလား- မဟုတ်ပါ

Written By: နေရာမောင်

Result: False