Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတဲ့ သတင်းတု

False နိုင်ငံရေး | Politics

ကုလသမဂ္ဂရဲ့ကြားဝင်မှု၊ ကမ္ဘောဒီယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ရဲ့ တောင်းဆိုမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ သတင်းတု သတင်းမှားဖြန့်ချိနေခြင်းသာ ဖြစ်တယ်။ 

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ အခြားသော ယူကျူ့ ဗွိဒီယိုတခုမှာတော့ ကမ္ဘောဒီယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တောင်းဆိုမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင်က လွှတ်ပေးလိုက်ပြီလို့ဆိုထားတယ်။ ရေးသားမျှဝေမှုကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  

“မနက်ဖြန်မနက် UN တာဝန်ရှိသူတွေ လာမှာမို့ 

အမေစုကို ညတွင်းချင်း 

လွှတ်ပေးလိုက်လို့ ကြိုနေကြပြီ

အောင်ပွဲခံဖို့ မစောင့်နိုင်တော့ဘူးကွာ ”(မူရင်းအရေးအသား)

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းအချို့ကို ပြန်လည်ကူးယူဖော်ပြပြီး အခုလိုပဲ ထင်ယောင် ထင်မှားဖြစ်ဖွယ်သတင်းခေါင်းစဉ်တု တွေတပ်ဖြန့်ချိတာ၊ လုပ်ကြံသတင်းတွေဖြန့်ဝေတာ လုပ်ကိုင်လေ့ရှိတယ်။ “Aung Vlog”အမည်နဲ့ ယူကျူ့ချန်နယ်ရဲ့ သတင်းတုဖြန့်ဝေမှုတွေအကြောင်း အချက်အလက်စိစစ်ချက်တွေကို Fact Crescendo Myanmar ရဲ့ ဒီလင့်ခ်မှာကြည့်ပါ။ 

အခုလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီလို့ ဆိုလိုထားတဲ့ ဗွီဒီယိုတွေကို ဆန့်စစ်ကြည့်ရာမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းနဲ့ လက်ရှိ ကမ္ဘောဒီးယားလွှတ်တော်ဥက္ကဌဖြစ်သူ ဟွန်ဆန်က ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဖို့တောင်းဆိုမှုအကြောင်း၊ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က မြန်မာပြည်က တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံမှုအကြောင်းနဲ့ သတင်းမီဒီယာတွေကဖော်ပြခဲ့တဲ့ တိုက်ပွဲသတင်း တွေပြန်လည် ဖော်ပြပြီး  လိုအပ်သလို ခေါင်းစဉ်တပ်ကာ ဖြန့်ဝေနေခြင်းဖြစ်တယ်။ တကယ်တမ်းမှာ ကမ္ဘောဒီးယားဝန်ကြီး ချုပ်ဟောင်းရဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အွန်လိုင်းကနေ တွေ့ဆုံဖို့ တောင်းဆိုချက်ကို စစ်ကောင်စီက သူတို့ သွားနေတဲ့လမ်းမှာ အနှောင့်အယှက်ဖြစ်တယ်ဆိုပြီး ပယ်ချပါတယ်။ 

ဒီလိုပဲ ကုလသမဂ္ဂက ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်ဖို့ အစဉ်တစိုက်တောင်းဆိုနေပေမဲ့ လက်တွေ့ကျတဲ့ ကြားဝင်ဆောင်ရွက်မှုသတင်းမျိုး မရှိပါဘူး။

သုံးသပ်ချက်

ကုလသမဂ္ဂရဲ့ကြားဝင်မှု၊ ကမ္ဘောဒီယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ရဲ့ တောင်းဆိုမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတယ်ဆိုတာ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အမှန်တကယ်မှာ ကမ္ဘောဒီးယား ဝန်ကြီး ချုပ်ဟောင်းရဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အွန်လိုင်းကနေ တွေ့ဆုံဖို့ တောင်းဆိုချက်ကို စစ်ကောင်စီက သူတို့ သွားနေတဲ့လမ်းမှာ အနှောင့်အယှက်ဖြစ်တယ်ဆိုပြီး ပယ်ချထားတယ်။

ပြောဆိုချက်- နိုင်ငံတကာက တောင်းဆိုလို့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာ

Avatar

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတဲ့ သတင်းတု

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *