Fact Check: ရခိုင်ကို ဘင်္ဂလားဒေ့ရှ်သိမ်းပိုက်ဖို့ AA နဲ့ ဘင်္ဂလားဒေ့ရှ်စစ်တပ် ပူးပေါင်းကြံစည်နေတယ်ဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့သတင်းမှား

Misleading နိုင်ငံရေး | Politics

ရက္ခိုင့်တပ်တော်(Arakan Amry – AA)ဟာ ဘင်္ဂလားဒေ့ရှ်စစ်တပ်မှာထည့်သွင်းဖွဲ့စည်းပြီး ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းထည့်သွင်းဖို့ ဘင်္ဂလားဒေ့ရှ်စစ်တပ်ကအကြံပြုချက်အဖြစ် ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားဖြန့်ဝေလျှက်ရှိပါတယ်။နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတစ်ခုဖြစ်ပါတယ်။ 

ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ AA အဖွဲ့ကို ဘင်္ဂလားဒေ့ရှ်စစ်တပ်မှာထည့်သွင်းဖွဲ့စည်းပြီး ရခိုင်ပြည်နယ်အား ၎င်းတို့နိုင်ငံ အတွင်း ထည့်သွင်းမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြောင်းနေ့စဉ်ဖော်ပြပေးနေသော Bangladesh Military Affairs ဖေ့စ်ဘွတ်စာမျက်နှာမှာ ၂၀၂၀ ခုနှစ် ဇွန် ၈ ရက်နေ့ ၁၀၃၀ နာရီအချိန်က ရေးသားဖော်ပြထား တယ်လို့ဆိုပါတယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့လျှက်ရှိတဲ့ပို့စ်တွေပါတဲ့ရေးသားချက်အပြည့်အစုံဖြစ်ပါတယ်။

 “Arakan Army(AA) အဖွဲ့ကို ဘင်္ဂလားဒေ့ရ်ှစစ်တပ်တွင် ထည့်သွင်းဖွဲ့စည်းပြီး ရခိုင်ပြည်နယ်အား ၎င်းတို့နိုင်ငံအတွင်းထည့်သွင်းမည်ဖြစ်ကြောင်း ” ဘင်္ဂလားဒေ့ရ်ှစစ်တပ်အကြောင်း နေ့စဉ်ဖော်ပြပေးနေသော Bangladesh Military Affairs Page တွင်ဇွန် ၈ ရက်နေ့ ၁၀၃၀ နာရီအချိန်၌ ရေးသားဖော်ပြထားသည်။

အဆိုပါသတင်းအား ဘင်္ဂလားဒေ့ရ်ှဘာသာစကားဖြင့် ရေးသားထားခြင်းဖြစ်ပြီးသတင်းတွင် “ပြီးခဲ့သည့်နှစ် အတွင်း အမေရိကန်ကွန်ဂရက် အမတ်တစ်ဦးကကွန်ဂရက်တွင် ရခိုင်ပြည်နယ်အား ဘင်္ဂလားဒေ့ရ်ှသို့ လွှဲပြောင်း​ပေးရန်အဆိုပြုခဲ့ကြောင်း၊  သဘာဝသယံဇာတပေါကြွယ်ဝသော ရခိုင်​ပြည်နယ်အား ဘင်္ဂလားဒေ့ရ်ှ နိုင်ငံ အတွင်းသို့ ထည့်သွင်းနိုင်ပါက ဘင်္ဂလားဒေ့ရ်ှသည် အာရှတွင်အင်အားကြီးနိုင်ငံ ဖြစ်လာနိုင်ကြောင်း၊အကယ်၍ ရခိုင်ပြည်နယ်​ကဲ့သို့ ဧရိယာ၃၆၀၀၀ စတုရန်းကီလိုမီတာအား ဘင်္ဂလားဒေ့ရ်ှနိုင်ငံအတွင်း ထည့်သွင်းပြီး အမေရိကန်အား စိန့်မာတင်တွင်အခြေချခွင့်ပြုပါက ဘင်္ဂလားဒေ့ရ်ှအတွက်အန္တရာယ် မရှိပါကြောင်း၊ AA အဖွဲ့ကိုညှိနှိုင်းရန်နှင့် သူတို့ကို ဘင်္ဂလားဒေ့ရ်ှစစ်တပ်တွင် ထည့်သွင်းရန် စီစဉ်ထားကြောင်း၊AA အဖွဲ့သည် လေ့ကျင့်ထားသော အင်အားစုများဖြစ်ကြောင်း၊ Arakan Army(AA) အဖွဲ့ကိုဘင်္ဂလားဒေ့ရှ်စစ်တပ်တွင် ဖွဲ့စည်းပြီးစနစ်တကျ စီမံမည်ဆိုရင် ကန့်ကွက်စရာအကြောင်း မရှိပါကြောင်း၊ တစ်ချိန်တည်းမှာပင် အစ္စလာမ်ကမ္ဘာ အထူးသဖြင့်တူရကီနိုင်ငံသည် ဘင်္ဂလားဒေ့ရ်ှဘက်တွင် ရှိနေရန် အလားအလာများစွာ ရှိကြောင်း၊ မြန်မာနိုင်ငံနှင့် တိုက်ရိုက် စစ်ဖြစ်လျှင်လေယာဉ်များနှင့် မောင်းသူမဲ့လေယာဉ်များကို တူရကီထံမှ ငှားရမ်းမည်ဖြစ်ကြောင်း ” ဖော်ပြပါရှိသည်။  “ အစိုးရ နဲ့ တပ်က ငြိမ်းချမ်းရေးခေါ်နေချိန်တုန်းက မလာဘူး ARSA တိုက်တုန်းကလည်းသူတို့ကပါ ၀င်တိုက်တယ်၊ သူတို့ အခု စစ်ရှုံးနေတော့ ARSA ကလည်း ပြန်ကူ​တိုက်ပေးနေတယ်၊ ရခိုင်ပြည်သူအတွက်ဆိုတဲ့ AA က ARSA နဲ့ကျတော့ ဘာကြောင့် တိုက်ပွဲမဖြစ်လဲ၊ AA က တတိယအဆင့်ရှိတဲ့ကျော်ဟန် သင်းတန်းသားတွေ သင်တန်းဆင်းတိုင်း မှာနေတာ တစ်ခုရှိတယ်၊ ဘာတဲ့ငါတို့ရန်သူရဲ့ရန်သူဟာ ငါတို့ရဲ့မိတ်ဆွေဆိုကတည်းက အဖြေက ရှင်းနေပြီ၊ အခုဘင်္ဂလားဒေ့ရ်ှကပါ တင်လာပြီဆိုတော့သေချာတယ်၊ သူတို့ ရခိုင်တွေအတွက်တိုက်နေတာ မဟုတ်ဘူး ARSA အတွက်တိုက်ပေးနေတာ၊ ဒါကို ရခိုင်လူမျိုးတွေသိသင့်နေပြီ၊ စဉ်စားချိန်တန်နေပြီ”ဟုရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး တာ၀န်ရှိသူတစ်ဦးက ပြော​ကြားသည်။

လက်ရှိအချိန်တွင် AA အဖွဲ့အား တရုတ်၊တူရကီနိုင်ငံများမှ လက်နက်များထောက်ပံ့နေကြောင်း နိုင်ငံတကာ သတင်းရင်းမြစ်များတွင် ဖော်ပြလျှက်ရှိသည်ကို တွေ့ရသည်။

၂၀၁၆ -၂၀၁၇ တွင် တူရကီ ပညာရှင်များမှဘင်္ဂလားနယ်စပ်တွင် ဘင်္ဂလားဒေ့ရ်ှစစ်သားများနှင့် AA အဖွဲ့ဝင်များအား စစ်သင်တန်းပေးခဲ့ကြောင်း၊ လက်ရှိအချိန်၌ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ARSAနှင့်ပူးပေါင်းတိုက်ခိုက်နေကြောင်း၊တပ်မတော်မှ သိမ်းပိုက်ရရှိသည့်AA စခန်းများတွင် တူရကီမှ ထောက်ပံ့ ထားသည့် ရိက္ခာများ တွေ့ရှိရကြောင်းပြည်တွင်းသတင်းများတွင် ဖော်ပြလျှက်ရှိသည်။

#မေယုဌာနေ

#Crd”

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

၂၀၂၀ ခုနှစ်အတွင်းကရေးသားခဲ့တဲ့ ပုဂ္ဂလိက အမြင်တစ်ခုဆန်ဆန် ရေးသားထားထားတဲ့ဆောင်းပါးတစ်ပုဒ်ရဲ့ screeshot ဓာတ်ပုံကိုကိုးကားပြီးဘင်္ဂလာဒေ့ရှ်စစ်တပ်ကဖော်ပြတဲ့ပုံစံမျိုးနဲ့ဖော်ပြနေတာတွေ့ရပါတယ်။ တကယ်တော့ Bangladesh Military Affairs စာမျက်နှာဟာ ဘင်္ဂလားဒေ့ရှ်စစ်တပ်သို့မဟုတ် အစိုးရနဲ့ သက်ဆိုင်မှုမရှိတဲ့ စာမျက်နှာ်တစ်ခုဖြစ်တာတွေ့ရပါတယ်။ ဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကို ဒီမှာကြည့်ပါ။ 

“Bangladesh Military Affairs”အမည်နဲ့စာမျက်နှာဟာ ၂၀၁၈ ခုနှစ် ဇွန် ၅ ရက်မှာ “The Defence Affairs” စတင်ဖန်တီးခဲ့တာတွေ့ရပြီး စာမျက်နှာရဲ့နာမည်ကို လေးကြိမ်ပြောင်းလဲခဲ့တာ Fact Crescendo Myanmar ရဲ့မှတ်တမ်းအရတွေ့ရပါတယ်။ ဒီစာမျက်နှာဟာ ၂၀၁၈ ခုနှစ် ဇွန် ၂၉ ရက်မှာ “Military Affairs of Bangladesh” အဖြစ်အမည်ပြောင်းခဲ့ပြီး ဇူလိုင် ၆ ရက်မှာ “Bangladesh Military Affairs”အဖြစ်အမည်ပြောင်းလဲခဲ့ပါတယ်။ ဩဂုတ် ၄ ရက်မှာ “The Military Affairs”ဆိုပြီးပြောင်းလဲခဲ့တာ တွေ့ရပါတယ်။

အခုလိုပဲ AA အဖွဲ့နဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေပြင်းထန်နေချိန် ၂၀၂၀ ခုနှစ် ဇွန်လထဲမှာ တူညီတဲ့ရေးသား ပြောဆိုချက်တွေဖြန့်ဝေခဲ့တာတွေ့ရပြီး Fact Crescendo Myanmar ကအချက်အလက်စိစစ်ခဲ့ပါသေးတယ်။ AA ကို မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ တူရကီက သင်တန်းတွေပေးနေပုံအဖြစ်ဓာတ်ပုံ တစ်ခုပါထည့်သွင်းဖော်ပြပြီး သတင်မှားဖြန့်ခဲ့တာဖြစ်ပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။ အောက်ပါ ဓာတ်ပုံကတော့ ၂၀၂၀ ခုနှစ်က ဇွန်လထဲက ရိုက်ထားတဲ့ screenshot ဓာတ်ပုံဖြစ်ပါတယ်။

“Bangladesh Military Affairs”အမည်နဲ့စာမျက်နှာရဲ့မူလရေးသားချက်မှာ သဘာဝအရင်းအမြစ်ပေါကြွယ်ဝတဲ့ ဘင်္ဂလားဒေ့ရှ်ကို ရခိုင်နဲ့ဆက်သွယ်နိုင်မယ်ဆိုရင် အာရှမှာ ဘင်္ဂလားဒေ့ရှ်ဟာ အင်အားကြီးနိုင်ငံဖြစ်လာနိုင်တယ်၊ ဒီပလိုမေစီကောင်းဖို့လိုကြောင်း၊နိုင်ငံကြီးတွေရဲ့ ထောက်ခံမှုလိုကြောင်းစသည်ဖြင့်ရေးသားထားတယ်လို့ နားလည်ရပါတယ်။

သုံးသပ်ချက်

ဘင်္ဂလားဒေ့ရှ် စစ်တပ်နဲ့ဆိုင်သလိုလို အမည်နာမယူပြီးဖန်းတီးထားတဲ့ “Bangladesh Military Affairs” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ရခိုင်နဲ့ ဘင်္ဂလားဒေ့ရှ်သာဆက်သွယ်နိုင်ရင် ဘင်္ဂလားဒေ့ရှ်အတွက် ပိုမိုအားကောင်းလာမယ်ဆိုတဲ့ ပုဂ္ဂလိက အမြင်ဆန်ဆန်ဖော်ပြချက်တစ်ခုသာဖြစ်တာတွေ့ရပါတယ်။

Avatar

Title:Fact Check: ရခိုင်ကို ဘင်္ဂလားဒေ့ရှ်သိမ်းပိုက်ဖို့ AA နဲ့ ဘင်္ဂလားဒေ့ရှ်စစ်တပ် ပူးပေါင်းကြံစည်နေတယ်ဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့သတင်းမှား

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *