
UN အဖွဲ့က မြေပြင်သတင်းယူနေတဲ့ဆိုပြီး ကားပုံ ဓာတ်ပုံ ၃ ပုံနဲ့အတူ မျှဝေထားရာမှာ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေထားပါတယ်။
သို့သော်လည်း အင်တာနက်မှာ ပျံ့နှံ့ပြီးဖြစ်တဲ့ ဓာတ်ပုံကို ပြုပြင်ဖန်တီးမျှဝေနေတာဖြစ်ပါတယ်။
လူမှုကွန်ယက် အသုံးပြုသူတွေကို နားလည်မှုလွဲစေနိုင်ပြီး ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။
“UN အဖွဲ စမ်းချောင်းရောက်နေပါတယ် ပိုပြီးအင်အားပြကြပါ
Crd Mg Mg Tin Nyunt
ထူးထူးခြားခြား
UN ရုံးကားများ
တမြို့လုံးပတ်ပြီး
မှတ်တမ်း ယူနေပါပြီ
ဆက်တိုက်ဗျိူ့
အရေးတော်ပုံ
အောင်မြင်ရန်
လက်တကမ်း အလို
Fighting
ဘရန်ဆိုင်း
Thetdwe Aung
TZO
”လို့ ရေးသားထားတဲ့ပို့စ်ကို “Thi Ri”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မေ ၃ ရက်က မျှဝေထားရာမှာ ၅ နာရီအတွင်းမှာ ဒီပို့စ်ကို ပြန်လည်မျှဝေသူ ၁ ထောင် ၄ ရာရှိပါတယ်။ တူညီစွာရေးသားထားပြီး ပျံ့နှံမှုအား ကောင်းခဲ့တဲ့ပို့တွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ဓာတ်ပုံကို Google မှာ မှာပုံရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ UN တံဆိပ်နဲ့ကားပေါ်မှာ ဂြိုလ်တု စလောင်း ပုံတပ်ဆင်ထားတဲ့ ဓာတ်ပုံဟာ ဓာတ်ပုံပြုပြင်နည်းနဲ့ ပြုပြင်ပြီး မျှဝေထားတဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပြီး ဒီဓာတ်ပုံဟာ ၂၀၁၁ ခုနှစ်ကတည်း အင်တာနက်မှာပျံ့နှံ့ခဲ့ပြီး ဓာတ်ပုံဖြစ်ပါတယ်။
လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ flickr.com မှာ “Daniel Kliza”အမည်နဲ့ အသုံးပြုသူက “ကိုဆိုဗို၊ ပရစ်စတီနာမြို့ မှာတွေ့ရတဲ့ United Nations ကားတစ်စီး”လို့ရေးသားမျှဝေထားပါတယ်။ ဓာတ်ပုံရိုက်ခဲ့တဲ့ရက်စွဲကိုလည်း ၂၀၁၁ ခုနှစ်၊ ြသဂုတ် ၂၀ ရက်လို့ ဖော်ပြထားပါတယ်။

မူရင်းလင်ခ့် – Daniel Kliza | Archive link
မြန်မာနိုင်ငံမှာ တွေ့ရတဲ့ UN ကားအဖြစ် မျှဝေနေတဲ့ပုံ(ဘယ်)နဲ့ ကိုဆိုဗိုမှာ ၂၀၁၁ ခုနှစ်ကတွေ့ရတဲ့ကားကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်အရ စမ်းချောင်းမှာမြေပြင်ဆင်းပြီး သတင်းယူနေတဲ့ကားအဖြစ်ဖော်ပြနေတဲ့ ပုံဟာ ၂၀၁၁ ခုနှစ်က ကိုဆိုဗိုမှာ တွေ့ရတဲ့ ကုလသမဂ္ဂကားပုံကို ပြန်လည်ပြုပြင်ထားတဲ့ပုံဖြစ်တာတွေ့ရပါတယ်။

Title:၂၀၁၁ ခုနှစ်က ကိုဆိုဗိုမှာ တွေ့ရတဲ့ UN အမှတ်တံဆိပ်ကားကို ရန်ကုန်မှာ ဆန္ဒပြသတင်းရယူနေတဲ့ကားအဖြစ်ဖော်ပြနေ
Fact Check By: Nayar MaungResult: Misleading