Fact Check: ကချင်ပြည်နယ် ဆော့လော်မြို့နယ်မှာတွေ့ရတဲ့ မျောက်မျက်နှာသဏ္ဌာန်နဲ့ ပန်းပွင့်လား-မဟုတ်ပါ

လူမှုရေး

ကချင်ပြည်နယ် ဆော့လော်မြို့နယ် အထက်ပိုင်းရွာတွေမှာ တွေ့ရတဲ့ မျောက်မျက်နှာသဏ္ဌာန်နဲ့ အမည်မသိ တောပန်း တမျိုးလို့ဆိုပြီး ဓာတ်ပုံတပုံ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။

အောက်ပါစာသားနဲ့စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။

“ကချင်ပြည်နယ် ဆော့လော်မြို့နယ် အထက်ပိုင်းရွာတွေမှာ တွေ့ရတဲ့ အမည်မသိ တောပန်း တစ်မျိုးဖြစ်ပါတယ်။

မျောက်မျက်နှာနဲ့ဆင်တော့

မျောက်ခေါင်းပန်း

မျောက်မျက်နှာပန်း

သူရဲပန်း

လို့အမည်တတ်ရကောင်းမလား။

ကဲ မိတ်ဆွေတို့ ပန်းအမည်ဘယ်လိုပေးကြမလဲ?

တစ်ခါမှမမြင်ဘူးလို့ကူးယူတင်ပေးလိုက်တာပါ။ ထူးဆန်းနေသလားလို့ပါ။”

C:\Users\User\Downloads\screenshot-www.facebook.com-2024.06.12-18_11_28.png

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ဓာတ်ပုံကို Google မှာ ပုံရှာနည်းအသုံးပြု ရှာဖွေရာမှာ ဉာဏ်တုနည်းပညာ(Artificial Intelligence)အသုံးပြုပြီး ဖန်တီးထားတဲ့ ဓာတ်ပုံတခုဖြစ်တာတွေ့ရပါတယ်။ “Sarah Clise”အမည်နဲ့ အင်စတာဂရမ်(Instagram) အသုံးပြုသူတဦးက ဒီဓာတ်ပုံကို ဧပြီ ၉ ရက်မှာ မျှဝေထားတာတွေ့ရတယ်။ မူလဖော်ပြချက်ကို ဒီလင့်ခ်မှာကြည့်ပါ။ (Archive link)

မူလဓာတ်ပုံဖြန့်ဝေသူက မူလအင်္ဂလိပ်ဘာသာနဲ့ ဖြန့်ဝေရာမှာ “မင်းအတွက် AI မျောက်သစ်ခွသစ်တစ်အုပ်… ဒါတွေကို မင်းနှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ ငါ ခရီးသွားနေလို့ ဒီပတ်မှာ တင်ဖို့ အချိန်အများကြီးမရှိဘူး”လို့ ရေးသားပြီး ဉာဏ်ရည်တုနည်းပညာအသုံးပြုဖန်တီးထားတဲ့ မျောက်မျက်နှာနဲ့ သစ်ခွပုံဆိုပြီး ဓာတ်ပုံ ၉ ပုံကို မျှဝေထားရာ မြန်မာဘာသာနဲ့အသုံးပြုသူတွေအကြား ဖြန့်ဝေလျာတဲ့ ကချင်ပြည်နယ် ဆော့လော်မြို့မှာ တွေ့ရတဲ့ ပန်းပွင့်ဆိုတဲ့ တပုံလည်းပါဝင်တယ်။ တွဲစပ်ဖော်ပြထားတဲ့ စကားလုံးတွေမှာလည်း AI ဓာတ်ပုံဆိုတာ ကို သိသာစေတဲ့ စကားလုံးတွေဖြစ်တဲ့ “#aiart #aiartcommunity #aiartwork #generativeart #fantasyart #digitalart #digitalportrait #artofinstagram #magicart #midjourney #midjourneyart #midjourneyai #midjourneyartwork #orchids”စတဲ့ စကားလုံးတွေကိုလည်း အသုံးပြုဖော်ပြထားတာတွေ့ရပါတယ်။

C:\Users\User\Downloads\screenshot-www.instagram.com-2024.06.12-18_30_44.png

သုံးသပ်ချက်

“Sarah Clise”အမည်နဲ့ အင်စတာဂရမ်အသုံးပြုသူတဦးက ဉာဏ်တုနည်းပညာ(Artificial Intelligence) အသုံးပြုပြီး ဖန်တီးထားတဲ့ ဓာတ်ပုံတပုံကို ပြန်လည်ဖြန့်ဝေနေခြင်းဖြစ်တယ်။ မြန်မာနိုင်ငံမှာ သစ်ခွမျိုးစပ်အသစ်တခုတွေ့တပ်ဆိုတဲ့ အထောက်အထားမရှိသလို ဒီဓာတ်ပုံထဲက ပန်းဟာ အပြင်မှာ တကယ်ရှိတယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။

Avatar

Title:Fact Check: ကချင်ပြည်နယ် ဆော့လော်မြို့နယ်မှာတွေ့ရတဲ့ မျောက်မျက်နှာသဏ္ဌာန်နဲ့ ပန်းပွင့်လား-မဟုတ်ပါ

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *