
ဒေါက်တာဇော်ဝေစိုးနဲ့ဦးရည်မွန်တို့ကို မဲဆောက်ရဲစခန်းမှူးက အကြမ်းဖက်မှုနဲ့ ဖမ်းဝရမ်းထုတ်ထား တယ်ဆိုပြီးတော့ သတင်းစာဖြတ်ပိုင်းပုံဓာတ်ပုံနှင့်အတူ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျှက်ရှိပါတယ်။ ဦးရည်မွန်နဲ့ ဒေါက်တာဇော်ဝေစိုးတို့ဟာ မဲဆောက်ကနေ ရထားနဲ့ ထွက်ပြေးသွညးတယ်ဆိုလည်း ရေးသားထားပါတယ်။
တကယ်တော့ ဒီလိုသတင်းဟာ သတင်းစာတစ်ခုမှာဖော်ပြထားတဲ့ သတင်းစာဖြတ်ပိုင်းပုံစံလုပ်ပြီး သတင်းတု ဖြန့်ဝေနေခြင်းသာဖြစ်တာတွေ့ရပါတယ်။
ပျံ့နှံ့လျက်ရှိတဲ့ သတင်းစာဖြတ်ပိုင်းပုံဓာတ်ပုံပို့စ်ထဲမှာ“ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ရှောင်ပြေးနေတဲ့ မြန်မာနိုင်ငံမှ ဝရမ်းပြေး ဒေါက်တာဇော်ဝေစိုးနှင့် ဦးရည်မွန်တို့ နှစ်ဦးအား အောက်တိုဘာ ၂ ရက်နေ့က မြန်မာသံရုံး၏ သတိပေးစာ ပေးပို့မှုကို လက်ခံရရှိပြီးသည့်နောက် မဲဆောက်ရဲစခန်း စခန်းမှူး Pol Col Manas Sornprapan က ယနေ့မှာ ဝရမ်းထုတ်ပြီး ၎င်းတို့ ပုန်းအောင်နေရာ မဲဆောက်မြို့ Asian Highway လမ်းမပေါ်က Hop Inn ပါသည်။မြန်မာအစိုးရနှင့် ထိုင်းပြည်ထဲ ကမဲဆောက် သတင်းစာနှင့်အင်တာဗျူး Mae Sot တွင်ဖမ်းဆီးရန် ရှာဖွေရာ ရေး ဝန်ကြီးဌာနတို့၏ ပူပေါင်းဆောင် တစ်ခုတွင်လည်း ထည့်သွင်းပြောကြား ချင်းမိုင်မြို့သို့ မီးရထားဖြင့် ထွက်ပြေး ရွက်မှုဖြင့်တို့၎င်းတို့အား ဖမ်းနိုင်ရေး သွားခဲ့သည်။”စသည်ဖြင့် ရေးသားထားပြီး “Open Secrets”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
မဲဆောက်ရဲစခန်းမှူး Pol Col Manas Somprapan သည် ၂၀၁၈ ခုနှစ် အောက်တိုဘာလကတည်းက ဘန်ကောက် သို့ ရွှေ့ပြောင်းတာဝန်ချခံထားရသည်ကို မှတ်တမ်းများတွင်တွေ့ရတယ်လို့ မဇ္ဈိမ သတင်းမှားစိစစ်ရေး Misinformation Buster Program က အောက်တိုဘာ ၁၃ ရက်ကဖော်ပြထားပြီး ဒေါက်တာဇော်ဝေစိုးနဲ့ ဦးရည်မွန်တို့ဖမ်းဝရမ်းထုတ်မှုသတင်းဟာ သတင်းမှားဖြစ်တယ်လို့ ရေးသားထားပါတယ်။
မူရင်းလင်ခ့် – Mizzima | Archive link
ထို့အပြင် အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ Public Voice Television ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ အောက်တိုဘာ ၁၅ ရက်က ဒီသတင်းဟာ သတင်းမှားဖြစ်တယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။ အထူးသဖြင့် မဲဆောက်ကနေ ချင်းမိုင်ကိုသွားတဲ့ ရထားလမ်းမရှိတာကို ထောက်ပြထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Public Voice Television | Archive link
Fact Crescendo ကအနေနဲ့ အချက်အလက်ရှာဖွေကြည့်ရာမှာလည်း ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေ ချင်းမိုင်မြို့ကို တိုက်ရိုက်ရထားလမ်းမရှိတာတွေ့ရပါတယ်။ အဓိကကျတဲ့ စကားလုံးအချို့အသုံးပြုပြီး ရှာဖွေကြည့်ရာမှာလည်း ကိုးကားထားတဲ့ Mae Sot Post ဆိုတာလည်းမတွေ့ရသလို အဓိကကျတဲ့ မီဒီယာတွေမှာလည်း သတင်းဖော်ပြချက်မတွေ့ရပါဘူး။
သတင်းဟာ ဖြတ်ပိုင်းပုံစာတွေကို ဖတ်ရှူ့ကြည့်ရာမှာ မြန်မာစာနဲ့ရေးသားထားပေမဲ့ သဒ္ဒါအမှားမှားအယွင်းယွင်းနဲ့ နားလည်ဖို့ခက်ခဲတာတွေ့ရပါတယ်။ ဒီလိုသတင်းမျိုးကို မည်သည့်မြန်မာဘာသာနဲ့ရေးသားထုတ်ဝေတဲ့ စာစောင်မှ ရေးသားထုတ်ဝေဖို့မရှိတာလည်းတွေ့ရပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ဒေါက်တာဇော်ဝေစိုးနဲ့ဦးရည်မွန်တို့ကို ထိုင်းနိုင်ငံက အကြမ်းဖက်မှုနဲ့ ဖမ်းဝရမ်းထုတ်ထားတယ်ဆိုပြီးတော့ သတင်းစာဖြတ်ပိုင်းပုံဟာ သတင်းတုပြုလုပ်ဖန်တီးထားခြင်းဖြစ်ပါတယ်။

Title:Fact Check: ဒေါက်တာဇော်ဝေစိုးနဲ့ ဦးရည်မွန်ကို ထိုင်းကဖမ်းဝရမ်းထုတ်ထားသလား
Fact Check By: Nayar MaungResult: Misleading