Fact Check: ကရင်နီမှာပေါက်တဲ့ မသာလက်ချောင်းမှိုတွေလား-မဟုတ်ပါ

False လူမှုရေး

ကရင်နီပြည်နယ်မှာ မြန်မာစစ်သားတွေ သေခဲ့တဲ့နေရာက မသာလက်ချောင်းမှိုတွေပေါက်နေတယ်ဆိုပြီး ဓာတ်ပုံ ၃ ပုံနဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ တကယ်တော့ ၂၀၁၉ ခုနှစ်ကတည်းက အင်တာနက်မှာပျံ့နှံ့လျက်ရှိတဲ့ နိုင်ငံခြားက ဓာတ်ပုံတွေဖြစ်ပါတယ်။

“မသာလက်‌ချောင်းမှို။ ဒါမျိုး စခတွေသေခဲ့တဲ့နေရာမှာပေါက်တာတဲ့။ ကရင်နီပြည်တနေရာမှာ။”လို့ ရေးသားပြီး “Pascal Khoo”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – FB linkArchive link  

ဒီပို့စ်ကို “ကရင်နီပြည် တစ်နေရာမှာ ပေါက်နေတဲ့ မှိုတဲ့ 😱 စခတွေ မကျွတ်လွတ်ကြဘူးထင်တယ် Credit~Pascal Khoo”လို့ရေးသားပြီး “Kanpetlet Time News”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကလည်း မျှဝေခဲ့ရာမှာ နောက်ထပ်မျှဝေမှုပေါင်း ၂၀၀ ကျော်ရှိပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

ပထမဆုံး ခြေချောင်းပုံသဏ္ဏာန်မှိုကို Google မှာပုံရှာနည်းအသုံးပြုပြီး ရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ ရပါတယ်။

ဒီပုံကို တွစ်တာပေါ်မှာ အိန္ဒိယသစ်တောဌာနအရာရှိ ဆူစန်တာနန္ဒ(Susanta Nanda)က မျှဝေခဲ့ပြီးနောက် ရေပန်းစားခဲ့တယ်လို့ ၂၀၂၀ ခုနှစ် ဇွန် ၁၅ ရက်က အိန္ဒိယအခြေစိုက် NDTV သတင်းမှာဖော်ပြပါတယ်။ ဓာတ်ပုံထဲကအရာဟာ သိပ္ပံအခေါ် Xylaria polymorpha၊ အရပ်အခေါ် Dead Man’s Fingers မှိုအမျိုး အစားဖြစ်ပြီး ဗြိတိန်၊ မြောက်အမေရိကနဲ့ ဉရောပမှာ အတွေ့ရအများတဲ့ မှိုအမျိုးအစားလည်းဖြစ်ပါတယ်။ အခုလူမှုကွန်ယက်ပို့စ်မှာပါသလို လူသေလောင်းကနေ မှိုပေါက်တဲ့ဖြစ်စဉ်မျိုးလည်းမဟုတ်ပါဘူး။

မူရင်းလင်ခ့် – NDTVArchive link  

လက်ချောင်းပုံသဏ္ဏာန်မှိုပုံကိုလည်း Alliance for the Chesapeake Bay အမည်နဲ့ ဝက်ဘ်ဆိုဒ်က ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၈ ရက်မှာမျှဝေထားတာတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – AllinaceforthebayArchive link  

နောက်ထပ်ဓာတ်ပုံတစ်ပုံဖြစ်တဲ့ လက်ချောင်းပုံသဏ္ဏာန်မှိုပုံကိုလည်း ဂျော့သွန်ဆင်(George Thompson) အမည်နဲ့တွစ်တာအသုံးပြုသူက ၂၀၁၉ ခုနှစ် အောက်တိုဘာ ၃၁ ရက်မှာ ဟောလိုဝင်း(Halloween)နေ့ အမှတ်တရအနေနဲ့ မျှဝေခဲ့တာတွေ့ရပါတယ်။

သုံးသပ်ချက်

ကရင်နီပြည်နယ်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းအပြီးမှသာ တိုက်ပွဲတွေ စတင်ဖြစ်ပေါ်လာတာပါ။ ကရင်နီပြည်နယ်မှာ မြန်မာစစ်တပ်က စစ်သားတွေ သေဆုံးခဲ့တဲ့နေရာမှာ ပေါက်နေတဲ့ မသာလက်ချောင်း သဏ္ဏာန်မှိုတွေအဖြစ် မျှဝေနေတဲ့ဓာတ်ပုံတွေဟာ မြန်မာနိုင်ငံစစ်အာဏာမသိမ်းခင်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရသလို ဓာတ်ပုံတွေဟာ မြန်မာနိုင်ငံ ကရင်နီပြည်နယ်ကမဟုတ်ပါ။ 

Avatar

Title:Fact Check: ကရင်နီမှာပေါက်တဲ့ မသာလက်ချောင်းမှိုတွေလား-မဟုတ်ပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *