Fact Check: ၂၀၁၉ခုနှစ်က မူးယစ်ဆေးဝါးမှုနဲ့ UWSA က ဖမ်းဆီးခံရသူ ၃ ဦးပုံကို လက်နက်ခိုးလို့ဖမ်းခံရတဲ့ PDF လို့သတင်းမှားဖြန့်ဝေ

Misleading နိုင်ငံရေး | Politics

မြက်ခင်းပြင်ပေါ်မှာ ပစ္စည်းအထုပ်တွေချထာပြီး လက်ထိပ်ခတ်ထားတဲ့ လူ ၃ ဦးကို လက်နက်ကိုင် ၄ ဦးက နောက်နေ သေနတ်နဲ့ချိန်ထားတဲ့ဟန် ဓာတ်ပုံပို့စ်တစ်ခုဟာ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)အဖွဲ့ဆီကနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( PDF )တွေကလက်နက်ခိုးယူလို့ အဖမ်းခံရမှုအဖြစ် ဖေ့စ်ဘွတ်အသုံးပြုသူ တွေအကြား ပျံ့နှံ့နေပါတယ်။

သို့သော် ဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်တွင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း UWSA ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအနီးမှာ ဖမ်းဆီးခံခဲ့ရတဲ့ မူးယစ်မှောင်ခိုမှုဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။

“UWSA ကနေ နွေးဦးတော်လှန်ရေးအတွက် စစ်ပစ္စည်းခိုးပြီးထွက်ပြေးတဲ့ PDF သုံးကောင်


#MinChitOo” စသည်ဖြင့် ရေးသားပြီး “သူရိယ”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကမျှဝေထားပါတယ်။ 

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – Fb linkArchive link

အချက်အလက်စိစစ်ကြည့်ရအောင်ပါ။

အချက်အလက်စိစစ်ချက်

Googleမှာ ပုံရှာနည်းကို အသုံးပြုပြီး ဓာတ်ပုံကိုရှာဖွေကြည့်ရာ၂၀၁၉ ခုနှစ် အောက်တိုဘာလကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။

ဒီသတင်းဓာတ်ပုံဟာ ထိုင်း-မြန်မာ နယ်စပ်မှာ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)အဖွဲ့ရဲ့ ဖမ်းဆီးခံခဲ့ရတဲ့ မူးယစ်မှောင်ခို ဂိုဏ်းအဖွဲ့ဝင်တွေပုံဖြစ်ပါတယ်။ 

ဒီဖြစ်စဉ်မှာ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်တွေလို့ ယူဆရသူ ရှစ်ဦးကို ပစ်သတ်ဖမ်းဆီးခဲ့ပြီးတော့ (၁၀) ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA က သတင်းထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၀ ရက်က လွတ်လပ်တဲ့အာရှအသံက ရေးသားတဲ့ သတင်းတစ်ပုဒ်မှာ ဓာတ်ပုံစာသားအဖြစ် အောက်ပါအတိုင်း ရေးသားထားပါတယ်။

 “မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်တွေကို ဝ တပ်ဖွဲ့ဝင်တွေ ၂ဝ၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က ဖမ်းဆီးမိခဲ့စဉ်”

အခြားသော သတင်းဌာနတစ်ခုဖြစ်တဲ့ Mizzima ရဲ့ဒီသတင်းမှာလည်းတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – RFA – BurmeseArchive link

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ UWSA အဖွဲ့က မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်တွေကို ၂ဝ၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ကဖမ်းဆီး ရမိပုံဖြစ်ပါတယ်။

Avatar

Title:Fact Check: ၂၀၁၉ခုနှစ်က မူးယစ်ဆေးဝါးမှုနဲ့ UWSA က ဖမ်းဆီးခံရသူ ၃ ဦးပုံကို လက်နက်ခိုးလို့ဖမ်းခံရတဲ့ PDF လို့သတင်းမှားဖြန့်ဝေ

Fact Check By: Zun Zee 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *