
မြန်မာစစ်တပ်က လေယာဉ်နဲ့ပစ်ခတ်မှုဗွီဒီယိုဖိုင်ဆိုပြီးတော့ တောင်ကုန်းတစ်ခုကို ရဟတ်ယာဉ်နဲ့ ပစ်ခတ်နေတဲ့ ဗွီဒီယိုကို ဖေ့စ်ဘွတ်မှာ ကြိမ်ဖန်များစွာမျှဝေလျှက်ရှိပါတယ်။ ၅၉ စက္ကန့်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ တောင်ကုန်း တစ်ခုကို ရဟတ်ယာဉ်တစ်စီးပေါ်ကနေ လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတဲ့ မြင်ကွင်းပါဝင်ပါတယ်။
သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ RFA Burmese မှာလည်း ဒီဇင်ဘာ ၂၈ ရက်က အင်တာဗျူးတစ်ခုမှာ လေးကေ့ကော်က ဖြစ်စဉ်ဆိုပြီးတော့ ဒီဗွီဒီယိုရုပ်ကတ်ကိုအသုံးပြု ဖော်ပြခဲ့ တာတွေ့ရပါတယ်။
သို့သော် ဗွီဒီယိုဟာ ၂၀၁၉ ခုနှစ်ကတည်းက ပျံ့နှံ့လျက်ရှိတာတွေ့ရပြီး မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့အထောက် အထားမတွေ့ရပါဘူး။
“ဇော်မိုက်မိုက်ခက်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက“ယနေ့ လေးကေ့ကော် ဖြစ်သည်”လို့ ရေးသားထားပြီး ဒီဇင်ဘာ ၂၅ ရက်က အောက်ပါအတိုင်း မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
ထို့အတူ ဒီဗွီဒီယိုဟာ ချင်းပြည်နယ်မှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်မှုဗွီဒီယိုဆိုပြီးတော့လည်း စက်တင်ဘာလထဲမှာ ပျံ့နှံ့ခဲ့ပါသေးတယ်။
“ချင်းပြည်နယ် အင်တာနက်
ဖြတ်တောက်ပီး ဂျက်နဲ့ဗုံးကျဲတိုက်နေပါတယ်
edit. 21 နေ့က ဖိုင်ပါ”လို့ရေးသားပြီး “ပျူစောထီးတို့ရဲ့ သေမင်းတမံ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ စက်တင်ဘာ ၂၄ ရက်က မျှဝေထားရာမှာ ဒီဗွီဒီယိုကို ပြန်လည်မျှဝေမှုအကြိမ်အရေအတွက် ၁၆၀၀ ရှိပါတယ်။ ဒီနေရာ၊ ဒီနေရာ၊ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
မြန်မာစစ်တပ်ဟာ ပြည်တွင်းကတော်လှန်ရေးအဖွဲ့တွေကို လေယာဉ်၊ရဟတ်ယာဉ်နဲ့ တိုက်ခိုက်မှုအစဉ်အလာ ရှိခဲ့ပြီး မကြာသေးခင် ရက်ပိုင်း ကပဲ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသ လေ့ကေကော်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ပါ သေးတယ်။
သို့သော်လည်း ဒီဗွီဒီဟာ ၂၀၁၉ ခုနှစ် မေလ ၅ ရက်ကတည်းက အင်တာနက်မှာပျံ့နှံ့ခဲ့တဲ့ tiktok ဗွီဒီယို တစ်ခုကို ဖြစ်တာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ဗွီဒီယိုပါ စာသားဖြစ်တဲ့ @sabah.tatki ကို tiktok မှာရိုက် ရှာကြည့် မယ်ဆိုရင် Sabah.Tatki အမည်နဲ့ အသုံးပြုသူက ၂၀၁၉ ခုနှစ် မေ ၅ ရက်စွဲနဲ့ ဒီဗွီဒီယိုကို တင်ထားတာ တွေ့ရပါတယ်။

မူရင်းလင်ခ့် – Sabah.Tatki | Archive link
ဗွီဒီယိုပို့စ်တင်သူက ဘယ်နေရာဖြစ်တယ်ဆိုတာကို ဖော်ပြခြင်းမရှိသော်လည်း ၎င်းရဲ့ tiktok ကိုယ်ရေးအကျဉ်း ပါစာသားဟာ Kurdish ဘာသာစကားနဲ့ရေးသားထားတာတွေ့ရပြီး ဗွီဒီယိုအောက်က အစောဆုံးမှတ်ချက်တွေ မှာလည်း ဒီဘာသာစကားနဲ့ရေးသားထားတာတွေ့ရပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ဗွီဒီယိုဟာ ၂၀၁၉ ခုနှစ်ကတည်းက ပျံ့နှံ့လျှက်ရှိတဲ့ ဗွီဒီယိုဖိုင်ဟောင်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံကဆိုတဲ့ အထောက်အထားလည်းမတွေ့ရပါဘူး။

Title:ဒီရဟတ်ယာဉ်နဲ့ပစ်ခတ်မှုဗွီဒီယိုဟာ ၂၀၁၉ခုနှစ်ကတည်းက tiktok မှာ ပျံ့နှံ့လျက်ရှိပါတယ်
Fact Check By: Zun ZeeResult: Missing Context