Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို ပြန်မလွှတ်ရင် ဖမ်းထားတဲ့ စစ်ခေါင်းဆောင်ရဲ့ သားကို သတ်ပစ်မယ်လို့ ထိုင်းပြောတဲ့ သတင်းတု 

မြန်မာစစ်ခေါင်းဆောင်ရဲ့ သား အောင်ပြည့်စုံ ထိုင်းနိုင်ငံမှာ အဖမ်းခံထားရပြီး ၂၄ နာရီအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့နဲ့ မလွှတ်ရင် ဖမ်းထားတဲ့ သားဖြစ်သူကို သတ်ပစ်မယ်လို့ ထိုင်းဘက်က ပြောတယ်လို့ဆိုပြီး  ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ လုပ်ကြံရေးသားပြောဆိုချက်သာ ဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ကြည့်ရှု့မှုများပြားနေတဲ့ ယူကျူ့ ဗွီဒီယိုနဲ့ ဒီဗွီဒီယို ပါစာသားကောက်နုတ်ချက်ဖြစ်ပါ တယ်။  “ထိုင်းနိုင်ငံမှာ အောင်ပြည့်စုံ အဖမ်းခံရ (၂၄)နာရီအတွင်း အမေစုကို မလွတ်ပါက  အဖေကိုယ်စား သတ်ပစ်မည်ဟု ထိုင်းပြော” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီး ဖြစ်တဲ့ သတင်းတွေကို […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို သားဖြစ်သူကိုယ်တိုင် လာခေါ်ထုတ်သွားပြီဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို သားဖြစ်သူကိုယ်တိုင် လာခေါ်ထုတ်သွားပြီလို့ဆိုထားတဲ့ ဗွီဒီယိုတခု “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအား‌ကောင်းနေတာ တွေ့ရပါတယ်။ လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ဗွီဒီယိုကရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။   “သားဖြစ်သူကိုယ်တိုင်လာခေါ်ထုတ်လို့  အမေစု ပြည်ပနိုင်ငံကို ရောက်သွားပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြပြီးဖြစ်တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး ခေါင်းစဉ်တုတပ်ဖော်ပြတာ ဒါမှမဟုတ် လုပ်ကြံရေးသားပြောဆိုချက်တွေ ဖြန့်ဝေတာတွေလုပ်နေတဲ့ နေရာတခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  အခုလည်း သတင်းမှားဖြန့်ဝေနေတဲ့ ဗွီဒီယိုထဲမှာ သားဖြစ်သူ […]

Continue Reading

Fact Check: လူမျိုးတုန်းသတ်ဖြတ်မှု မြန်မာစစ်ခေါင်းဆောင်နဲ့အတူ AA ‌ခေါင်း‌ဆောင် ၂ ဦး UN က ဖမ်းဝရမ်းထုတ်တဲ့ သတင်းတု

လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ AA ‌ခေါင်း‌ဆောင် ၂ ဦး ကုလသမဂ္ဂ(UN)က ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေပါတယ်။ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။  ဇန်နဝါရီ ၂၆ ရက်မှာ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်က  ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  “AA ခေါင်းဆောင်(၂)ဦးနဲ့အတူမင်းအောင်လှိုင်ကို  UN ဖမ်းဝရမ်းထုတ်ပြီး ကမ္ဘာ့ရဲတပ်ဖွဲ့ကို စေလွှတ် လူမျိုးတုန်းသတ်လို့ အဖြစ်ဆိုးကြုံကြရပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားမှုတွေဖြန့်ဝေတာ၊ သတင်း မီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေ ကို […]

Continue Reading

Fact Check: တရုတ်နှစ်ကူးပွဲတက်တဲ့ စစ်ခေါင်းဆောင် ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ခံရလို့ သေဆုံးတဲ့ သတင်းတု

တရုတ်နှစ်သစ်ကူး အခမ်းအနားတက်ရောက်လာတဲ့ စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါအတွေကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရလို့ ဗိုလ်ချုပ်ကြီး ၁၅ ဦးနဲ့အတူ သေဆုံးသွားတယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းမှား ဖြန့်ချိနေခြင်းဖြစ်တယ်။  ဇန်နဝါရီ ၂၄ ရက်မှာ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်က  ဖြန့်ဝေခဲ့တဲ့ ဗွီဒီယို စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ ၆ နာရီအတွင်း ကြည့်ရှု့မှုပေါင်း ၁၇၀၀၀ ကျော်ရရှိထားတယ်။ “တရုတ်နှစ်သစ်ကူးအခမ်းအနားတက်ရောက်တဲ့ မအလ  သေပြီ ရန်ကုန်UGကြမ်းပြီ ရှော့တိုက်ဒုန်းနဲ့တိုက်ခိုက်ခံရလို့ မအလအပါအဝင် စစ်ဗိုလ်ချုပ်ကြီး(၁၅)ဦး ထိခိုက်သေဆုံး” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ […]

Continue Reading

Fact Check: စစ်တက္ကသိုလ်ကို ရှော့တိုက်ဒုံး ၁၀၀ နဲ့ တိုက်ခိုက်မှု ဗိုလ်လောင်း ၇၀၀ သေဆုံးဆိုတဲ့ ချဲ့ကားထားတဲ့ သတင်းမှား

မန္တလေးတိုင်း ပြင်ဦးလွင်က စစ်တက္ကသိုလ် ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀၀ နဲ့ တိုက်ခိုက်ခံရပြီး ဗိုလ်လောင်း ၇၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဆိုလိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။  ဇန်နဝါရီ ၁၄ ရက်က ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုစခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  “မန္တလေး ပြင်ဦးလွင်က စစ်တက္ကသိုလ် (၁၀၇ မမ) ရှော့တိုက်ဒုံး (၁၀၀)လုံးနဲ့ တိုက်ခိုက်ခံရ ဗိုလ်လောင်း (၇၀၀)ကျော် ပွဲချင်းပြီးသေဆုံး” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်တော့မည်၊ ပြန်လွှတ်လိုက်ပြီဆိုတဲ့ သတင်းတုများ ဆက်တိုက်ဖြန့်ဝေနေ

ယခုရက်ပိုင်းအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်တော့မည်၊ ပြန်လွှတ်လိုက်ပြီဆိုတဲ့ သတင်းတုတွေ ဆက်တိုက်ဖြန့်ဝေနေပြီး ပျံ့နှံ့မှုလည်း အားကောင်းနေတာတွေ့ရပါတယ်။  ဒီဇင်ဘာ ၃၁ ရက်မှာ စတင်ပျံ့နှံ့ခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဖေ့စ်ဘွတ်ပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။ လွတ်လပ်ရေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ပြီဆိုတဲ့ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  “နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အနေနဲ့ လူထုခေါင်းဆောင် ဒေါ်စုကို လွတ်ပေးပြီဟု အမိန့်စာနဲ့အတူ မအလ ထုတ်ပြန်ကြေညာပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒီလို ဗွီဒီယိုတွေကို ဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေဟာ သတင်းမီဒီယာတွေက သတင်းတွေကို ကူးယူ‌‌ဖော်ပြပြီး သတင်းခေါင်းစဉ်တု တပ်ဖြန့်ချိလေ့ရှိတဲ့ ချန်နယ်တွေဖြစ်တာတွေ့ရပါတယ်။ […]

Continue Reading

Fact Check: စစ်မှုထမ်းဥပဒေ တရားဝင်ရုတ်သိမ်းလိုက်ပြီဆိုတဲ့ သတင်းတု

စစ်မှုထမ်းဥပဒေကို တရားဝင်ရုတ်သိမ်းလိုက်ကြောင်း ကြေညာပြီလို့ ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်မှာ ပျံ့နှံ့နေတာဟာ သတင်းတု ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။  ဒီဇင်ဘာ ၂၅ ရက်က စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသား ကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုအကြိမ်အရေအတွက် ၂ ဒသမ ၂ သိန်းရရှိထားတယ်။  “လူငယ်တွေပြေးစရာမလိုတော့ဘူး စစ်မှုထမ်းဥပဒေကို တရားဝင်ရုတ်သိမ်းလိုက်ပြီ စစ်ရုံးပြီလို့ဝန်ခံ/ အမြန်နား‌ထောင်ပေးကြပါ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိတာ ဒါမှမဟုတ် လုပ်ကြံပြောဆိုချက်တွေနဲ့ ရောနှောဖြန့်ချိနေတဲ့ နေရာတခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo […]

Continue Reading

Fact Check: လွှတ်ပေးဖို့ AA ရာဇသံပေးပြီးနောက် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည် ကို ပြန်လွှတ်ပေးဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အာရက္ခတပ်တော်(AA)က ရာဇသံပေးလိုက်ပြီးနောက် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  Also read – Fact Check: ၃ ရက်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ AA ရာဇသံပေးတဲ့ သတင်းတု ဒီဇင်ဘာ ၁၀ ရက်မှာ စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။  “UNထက် အစွမ်းထက်တဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဒေါ်စုကိုလွှတ်ပေးပါက ရခိုင်တိုက်ပွဲရပ်ပေးမယ်လိုပြောပြီး (၆)နာရီအကြာ ဒေါ်စုကို စစ်တပ်ကလွှတ်ပေးပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အခု ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကတ်ထဲမှာ […]

Continue Reading

Fact Check: ဆိုင်ကလုန်းထက် ၃ ဆပိုပြင်းကာ မြို့ ပေါင်း ၉၃ မြို့ကို ဖြတ်သန်း တိုက်ခိုက်ပြီး လူပေါင်း ၉ သန်း သေနိုင်တဲ့ မိုးလေဝသ သတင်းမှား

ဆိုင်ကလုန်းထက် ၃ ဆပိုပြင်းကာ မြို့ ပေါင်း ၉၃ မြို့ကို ဖြတ်သန်းတိုက်ခိုက်ပြီး လူပေါင်း ၉ သန်း သေနိုင်တဲ့ မိုးလေဝသ သတင်းမှားပို့စ်တခု နိုဝင်ဘာ ၁၈ ရက်က ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ဆိုက်ကလုန်းမုန်တိုင်းထက်(၃)ဆပိုပြင်းမည် လူပေါင်း(၉)သန်းသေနိုင်တယ်တဲ့ အခုကြေညာတဲ့မြို့ (၉၃)ခု ချက်ချင်းရှောင်ကြပါ ၁၈/၁၉(၂)ရက်အတွင်းဝင်မည် ပညာရှင် ဦးဝင်းနိုင် အထူးသတိပေးကြေညာပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တု ဒါမှမဟုတ် သတင်းခေါင်းစဉ်လွဲတပ် ဗွီဒီယိုတွေ ဖြန့်ချိနေတဲ့ နေရာတခုဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar […]

Continue Reading

Fact Check: ရန်ကုန်ဝန်ကြီးချုပ်နဲ့အဖွဲ့ ဆူးလေလမ်းမှာ ရဟတ်ယာဉ်ကျသေဆုံးတဲ့ သတင်းတု 

ရန်ကုန်ဝန်ကြီးချုပ်နဲ့အဖွဲ့ ဆူးလေဘုရားလမ်းမှာ ရဟတ်ယာဉ်ကျသေဆုံးမှုဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါ တယ်။ သတင်းတုတခုဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသား ကောက်နုတ် ချက်ဖြစ်တယ်။  “မြို့လယ်ကောင်မှာ အသေဆိုးနဲ့သေပြီ၊ရုပ်သံ ဝဋ်လည်ပြီ ရန်ကုန်ဝန်ကြီးချုပ်နဲ့အဖွဲ့ Mi-27 ရဟတ်ယာဉ်ပြုတ်ကျလို့ ဆူးလေလမ်းမပေါ်မှာ ပွဲချင်းပြီးသေဆုံး” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “ရန်ကုန်ဝန်ကြီးချုပ်နဲ့အဖွဲ့ ဆူးလေဘုရားလမ်းမှာ ရဟတ်ယာဉ်ကျသေဆုံးမှု”ဆိုတဲ့ အကြောင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ သတင်းဖော်ပြချက် မတွေ့ရပါဘူး။ တကယ်တမ်းမှာ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းတု ဗွီဒီယိုတွေ ဖြန့်ချိနေတဲ့ နေရာတခုဖြစ်တာတွေ့ရပါတယ်။ တကယ်တမ်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ရခိုင်ပြည်နယ် အမ်းမြို့နယ်ဘက်က ပြန်လာတဲ့ စစ်တပ်ရဟတ်ယာဉ် ငဖဲမြို့နယ်ဘက်မှာ […]

Continue Reading