
သထုံမှာ တပ်မတော်စစ်စခန်းတစ်ခုကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ရှော့တိုက်ဒုံးနဲ့ပစ်ခတ်မှုအဖြစ် People Media အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဓာတ်ပုံ ၃ ပုံနှင့်တကွရေးသားဖော်ပြထားရာမှာ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။
သို့သော်လည်း ရှော့တိုက်ဒုံးဓာတ်ပုံဟာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်းမရှိတာတွေ့ရပါတယ်။
“မွန်ပြည်နယ်၊သထုံမြို့နယ်ရှိ တပ်မတော် အခြေစိုက် စခန်းကို လက်နက်ကိုင် အဖွဲ့တစ်ခုက ယနေ့ နံနက် ၆ နာရီခန့်မှာ ရှော့ဒုံးဖြင့် ပစ်ခတ်လိုက်ပါတယ်။
အဆိုပါ ပစ်ခတ်မှုကြောင့် အဆောက်အဦးအချို့ ပျက်စီးသွားတယ်လို့ တပ်မတော် တာဝန်ရှိသူတစ်ဦးက PeopleMedia ကို ပြောသည်။
လက်ရှိအချိန်၌ တပ်မတော်က မပေါက်ကွဲသေးသည့် ရှော့ဒုံး တစ်လုံး သိမ်းဆည်းနိုင်ခဲ့ပါတယ်။”လို့လည်း “People Media”ဖေ့စ်ဘွတ်စာမျက်နှာကရေးသားထားပါတယ်။ ဒီနေရာမှာလည်း အလားတူရေးသားမျှဝေထား တာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အခြားသော သတင်းဌာနတွေမှာ အလားတူ သတင်းဖော်ပြချက်မျိုးမတွေ့ရပါဘူး။
အချက်အလက်စိစစ်ချက်
ပထမဆုံးပုံဖြစ်တဲ့ အိတ် ၂ အိတ်ပေါ်မှာ ဒုံးတစ်ခုတင်ထားတဲ့ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုပြီးရှာ ဖွေရာ မှာ ဒီဓာတ်ပုံကို ၂၀၁၆ ခုနှစ်တည်းက အင်တာနက်မှာ ပျံ့နှံ့နေခဲ့တာတွေ့ရပြီး မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်း မရှိပါဘူး။
“ရက်သတ္တပတ်ကုန်ရက်မှာ တာလီဘန်တွေက ကဘူးကိုရောက်နေတဲ့ ဂျွန်ကယ်ရီကို ပစ်မှတ်ထားခဲ့တယ်လို့ အစီရင်ခံဆို”လို့ ခေါင်းစဉ်တပ်ထားတဲ့ သတင်းမှာ ဒီဓာတ်ပုံကို အသုံးပြုထားအောက်ပါအတိုင်းတွေ့ရတယ်။ ကဘူး မြို့လယ်မှာရှိတဲ့ နိုင်ငံတကာစစ်စခန်းနားမှာ ဒုံကျဉ် ၂ စင်းထက်မနည်းကျရောက်ပေါက်ကွဲခဲ့ပြီး သေဆုံးမှုမရှိမရှိ မသိရသေးဆိုပြီးတော့ ၂၀၁၇ ခုနှစ်က ရိုက်တာသတင်းကို ကိုးကားဖော်ပြခဲ့တဲ့ ပါကစ္စတန်သတင်း ဝက်ဘ်ဆိုဒ် nation.com.pk မှာလည်း ဒီဓာတ်ပုံကို အသုံးပြုခဲ့ပါသေးတယ်။

မူရင်းလင်ခ့် – southfron.org | Archive link
သုံးသပ်ချက်
သထုံမှာ တပ်မတော်စစ်စခန်းတစ်ခုကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ရှော့တိုက်ဒုံးနဲ့ပစ်ခတ်မှုအဖြစ်ဖော်ပြနေတဲ့ ပုံဟာ ၂၀၁၆ ခုနှစ်ကတည်း အင်တာနက်မှာ မျှဝေနေတဲ့ပုံဖြစ်ပါတယ်။

Title:၂၀၁၇ ခုနှစ်ကအာဖဂန်နစ္စတန်ကဘူးမြို့က ရှော့တိုက်ဒုံးကို မြန်မာနိုင်ငံကအဖြစ်အပျက်သဖွယ်ဖော်ပြ
Fact Check By: Nayar MaungResult: Misleading